ရုပ္ရွင္ခ်စ္သူမ်ားအတြက္

Untitled design (2).png

 

 

 

[Zawgyi]

ဒီေန႕က ေသာၾကာေန႔ဆိုေတာ့ ပိတ္ရက္မွာ ရုပ္ရွင္သြားၾကည့္ၾကမယ့္

ပရိတ္သတ္ေတြအတြက္ Independence Day Resurgence ဇာတ္ကားေလးနဲ႔

မိတ္ဆက္ေပးပါရေစ။

Independence Day ဇာတ္ကားရဲ႕ ေနာက္ဆက္တြဲျဖစ္တဲ့ Independence Day Resurgence

ဇာတ္ကားမွာေတာ့ သာမန္စိတ္ကူးစိတ္သန္းနဲ႔ လိုက္လို႔မမွီနိုင္တဲ့ ထူးျခားဆန္းျပားတဲ့ ျပကြက္ေတြနဲ႔အတူ

ၿဂိဳလ္သားေတြနဲ႔ လူသားေတြအၾကား ျဖစ္ပ်က္သမွ်ကုိ ကြက္ကြက္ကြင္းကြင္း တင္ဆက္ျပသထားတာမလို႔

ပရိတ္သတ္ေတြ အႀကိဳက္ေတြ႕ေစမယ့္ ဇာတ္ကား တစ္ကားလည္းျဖစ္ပါတယ္။

ၿဂိဳလ္သားေတြဟာ လူသားကမၻာကိုတိုက္ခိုက္ၿပီး ရႈံးနိမ့္ခဲ့တာေၾကာင့္ အခဲမေက်ဘဲ ျဖစ္ခဲ့ပါတယ္။

ေနာက္တစ္ႀကိမ္မွာေတာ့ ၿဂိဳလ္သားေတြဟာ နည္းပညာအသစ္ေတြနဲ႔အတူ ေခတ္မီလြန္းတဲ့

လက္နက္ကိရိယာေတြနဲ႔ အင္အားေတြကို စုစည္းၿပီး လူသားကမၻာကို တုိက္ခိုက္လာၾကျပန္ပါေတာ့တယ္။

လူသားေတြအတြက္ေတာ့ ရွိသမွ်အင္အားအကုန္စုစည္းၿပီး ျပန္လည္ခုခံခဲ့ၾကေပမယ့္

ၿဂိဳလ္သားေတြရဲ႕ ေခတ္မီလက္နက္နဲ႔ ေမွ်ာ္လင့္မထားတဲ့အင္အားကို မေက်ာ္လႊားနုိင္ခဲ့ပါဘူး။

ဒါေၾကာင့္ လူသားေတြရဲ႕ ကံႀကမၼာက ပင္ကိုယ္အရည္အခ်င္းထူးခၽြန္ၿပီး ရဲစြမ္းသတၱိရွိတဲ့

အမ်ိဳးသားအမ်ိဳးသမီးအခ်ိဳ႕ေပၚမွာသာ မူတည္ေနကာ လူသားမ်ိဳးႏြယ္တစ္ခုလံုး ပ်က္သုဥ္းေပ်ာက္ဆံုးမယ့္

ေဘးအႏၱရာယ္ကေန အျပင္းအထန္ႀကိဳးစားရင္ဆိုင္ ကာကြယ္ရပံုကို စိတ္ကူးယဥ္ ရိုက္ကူးတင္ျပထားတဲ့

သိပၸံအက္ရွင္ဇာတ္ကားတစ္ကားျဖစ္ပါတယ္။

ဒီဇာတ္ကားကို Roland Emmerich က ရိုက္ကူးတင္ဆက္ေပးထားၿပီး

Liam Hemsworth

Jeff Goldblum

Bill Pullman

Judd Hirsch

Maika Monro နွင့္

Joey King တို႔က ပါဝင္သရုပ္ေဆာင္ထားၾကပါတယ္။

 

ဒီဇာတ္ကားေလးကို ၇.၈.၂၀၁၆ (ေသာၾကာေန႔)  မွစတင္ကာ

 

#မဂၤလာ(၂) ဒဂံုစင္တာ(၂) ေျမနီကုန္း (ဆသရ- ၀၉၇၃၂၅၄၀၉၁၊ ၀၉၇၃၂၅၄၀၉၂)

#ေနျပည္ေတာ္ (Cineplex) (ဆသရ – ၂၅၁၂၇၇၊ ၂၅၁၂၈၈)

#Toy Royal စိန္ေဂဟာပါရမီ (ဆသရ – ၀၉၄၂၀၁၈၆၂၉၁၊ ၀၉၄၂၀၁၈၆၂၉၂)

#Mingalar Sanpya Cineplex (ဆသရ – ၀၉၂၆၀၈၈၇၀၃၅၊ ၀၉၂၆၀၈၈၇၀၃၆)

#Mingalar Tun Thiri Cineplex (ဆသရ – ၀၉၇၉၉၁၁၈၃၇၅၁၊ ၀၉၇၉၉၁၁၈၃၇၅၂၊ ၀၉၇၉၉၁၁၈၃၇၅၁၃)

အထက္ပါရံုႀကီးမ်ားတြင္ ျပသေနၿပီျဖစ္ပါတယ္။

 

Ads.com.mm ပရိတ္သတ္ႀကီး ေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့ ပိတ္ရက္ေလး ပိုင္ဆိုင္ၾကပါေစရွင့္။

#SellAndBuyEverything #Adscommm #TGIF

– – – – – – – – – – – – – – – – – – – – – – – –  –

[Unicode]

 

ဒီနေ့က သောကြာနေ့ဆိုတော့ ပိတ်ရက်မှာ ရုပ်ရှင်သွားကြည့်ကြမယ့်

ပရိတ်သတ်တွေအတွက် Independence Day Resurgence ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။

Independence Day ဇာတ်ကားရဲ့ နောက်ဆက်တွဲဖြစ်တဲ့ Independence Day Resurgence ဇာတ်ကားမှာတော့ သာမန်စိတ်ကူးစိတ်သန်းနဲ့ လိုက်လို့မမှီနိုင်တဲ့ ထူးခြားဆန်းပြားတဲ့ ပြကွက်တွေနဲ့အတူ ဂြိုလ်သားတွေနဲ့ လူသားတွေအကြား ဖြစ်ပျက်သမျှကို ကွက်ကွက်ကွင်းကွင်း တင်ဆက်ပြသထားတာမလို့ ပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်ကား တစ်ကားလည်းဖြစ်ပါတယ်။ ဂြိုလ်သားတွေဟာ လူသားကမ္ဘာကိုတိုက်ခိုက်ပြီး ရှုံးနိမ့်ခဲ့တာကြောင့် အခဲမကျေဘဲ ဖြစ်ခဲ့ပါတယ်။ နောက်တစ်ကြိမ်မှာတော့ ဂြိုလ်သားတွေဟာ နည်းပညာအသစ်တွေနဲ့အတူ ခေတ်မီလွန်းတဲ့ လက်နက်ကိရိယာတွေနဲ့ အင်အားတွေကို စုစည်းပြီး လူသားကမ္ဘာကို တိုက်ခိုက်လာကြပြန်ပါတော့တယ်။ လူသားတွေအတွက်တော့ ရှိသမျှအင်အားအကုန်စုစည်းပြီး ပြန်လည်ခုခံခဲ့ကြပေမယ့် ဂြိုလ်သားတွေရဲ့ ခေတ်မီလက်နက်နဲ့ မျှော်လင့်မထားတဲ့အင်အားကို မကျော်လွှားနိုင်ခဲ့ပါဘူး။ ဒါကြောင့် လူသားတွေရဲ့ ကံကြမ္မာက ပင်ကိုယ်အရည်အချင်းထူးချွန်ပြီး ရဲစွမ်းသတ္တိရှိတဲ့ အမျိုးသားအမျိုးသမီးအချို့ပေါ်မှာသာ မူတည်နေကာ လူသားမျိုးနွယ်တစ်ခုလုံး ပျက်သုဉ်းပျောက်ဆုံးမယ့် ဘေးအန္တရာယ်ကနေ အပြင်းအထန်ကြိုးစားရင်ဆိုင် ကာကွယ်ရပုံကို စိတ်ကူးယဉ် ရိုက်ကူးတင်ပြထားတဲ့ သိပ္ပံအက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားကို Roland Emmerich က ရိုက်ကူးတင်ဆက်ပေးထားပြီး Liam Hemsworth

Jeff Goldblum

Bill Pullman

Judd Hirsch

Maika Monro နှင့်

Joey King တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဒီဇာတ်ကားလေးကို ၇.၈.၂၀၁၆ (သောကြာနေ့)  မှစတင်ကာ

မင်္ဂလာ(၂) ဒဂုံစင်တာ(၂) မြေနီကုန်း (ဆသရ- ၀၉၇၃၂၅၄၀၉၁၊ ၀၉၇၃၂၅၄၀၉၂)

နေပြည်တော် (Cineplex) (ဆသရ – ၂၅၁၂၇၇၊ ၂၅၁၂၈၈)

Toy Royal စိန်ဂေဟာပါရမီ (ဆသရ – ၀၉၄၂၀၁၈၆၂၉၁၊ ၀၉၄၂၀၁၈၆၂၉၂)

Mingalar Sanpya Cineplex (ဆသရ – ၀၉၂၆၀၈၈၇၀၃၅၊ ၀၉၂၆၀၈၈၇၀၃၆)

Mingalar Tun Thiri Cineplex (ဆသရ – ၀၉၇၉၉၁၁၈၃၇၅၁၊ ၀၉၇၉၉၁၁၈၃၇၅၂၊ ၀၉၇၉၉၁၁၈၃၇၅၁၃)

အထက်ပါရုံကြီးများတွင် ပြသနေပြီဖြစ်ပါတယ်။

 

Ads.com.mm ပရိတ်သတ်ကြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ ပိတ်ရက်လေး ပိုင်ဆိုင်ကြပါစေရှင့်။

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s