“လူၾကားထဲမွာ ရဲရဲဝံ့ဝံ့စကားေျပာနည္း”

Untitled design (4).png

 

[Zawgyi]

“လူၾကားထဲမွာ ရဲရဲဝံ့ဝံ့စကားေျပာနည္း”

—————-

လုပ္ငန္းခြင္ဝင္ေနၾကသူေတြပဲျဖစ္ျဖစ္ ေက်ာင္းသားေက်ာင္းသူေတြပဲျဖစ္ျဖစ္ Prsentation လုပ္ရမယ္၊

အစည္းအေဝးမွာ စကားေျပာရမယ္ေဟ့ လို႔ဆိုရင္ “မလုပ္ခ်င္ဘူး၊ မလုပ္ရဲဘူး၊ တျခားလူကိုလုပ္ခိုင္းမယ္” စတဲ့

စကားသံေတြထြက္လာေနၾကပါပဲ။ လူၾကားထဲမွာ စကားေျပာဖို႔ဆိုတာ ထင္းေခြမႀကံဳ ေရခပ္ေတာ့ႀကံဳရမွာပါပဲ။

ေရွာင္ပုန္းတိုင္းလည္းမေကာင္းပါဘူး။ ကိုယ္ကဘယ္ေလာက္ပဲေတာ္ေတာ္ ကိုယ္တင္ျပခ်င္တဲ့အခ်က္အလက္က

ဘယ္ေလာက္ပဲျပည့္စံုပါေစ၊ သင့္ရဲ႕တင္ဆက္ပံု၊ စကားေျပာပံုမေကာင္းရင္ နားေထာင္သူအေနနဲ႔ သင္ေျပာခ်င္တာကို နားလည္ဖို႔ ခက္ခဲပါလိမ့္မယ္။ မျဖစ္မေနလုပ္ရၿပီဆိုရင္လည္း အထစ္ထစ္အေငါ့ေငါ့နဲ႔

တြန္႕ဆုတ္ဆုတ္ျဖစ္ေနတတ္ပါတယ္။ ဒီလိုေတြမျဖစ္ရေအာင္ နည္းလမ္းေလးေတြကို မ်ွေဝေပးလိုက္ပါတယ္ေနာ္။

 

(၁) စကားကို ခ်က္ခ်င္းစမေျပာပါနဲ႕။ အသက္ကို ျပင္းျပင္းရွဴၿပီး ျပန္ထုတ္ပါ။ ထို႔ေနာက္ ပရိတ္သတ္ေတြကို

အရင္ေဝ့ၾကည့္ၿပီးမွ စကားစေျပာပါ။

 

(၂) ပရိတ္သတ္တစ္ေယာက္ခ်င္းစီနဲ႕ မ်က္လံုးခ်င္းဆံုပါေစ။ စကားေျပာေနတဲ့အခ်ိန္မွာ ၾကမ္းျပင္ေပၚၾကည့္ေနတာမ်ိဳး၊ နံရံကိုၾကည့္ေနတာမ်ိဳးမလုပ္ပါနဲ႔။ ပရိတ္သတ္တစ္ေယာက္ခ်င္းစီရဲ႕ မ်က္လံုးအဓိပၸာယ္ကို ဖတ္ပါ။

 

(၃) စကားေျပာတဲ့အခါမွာ ျဖည္းျဖည္းနဲ႔ မွန္မွန္ေျပာေပးပါ။ သင္အရမ္းစိတ္လႈပ္ရွားလို႔ စကားေျပာျမန္လာၿပီလို႔

ခံစားလာရတဲ့အခါမွာ ခဏရပ္ၿပီး အသက္ျပင္းျပင္းရွဴလိုက္ပါ။

 

(၄) သင္စကားေျပာေနစဥ္မွာ သင့္ကို သေဘာက်ပံုမေပၚတဲ့ ပရိတ္သတ္အခ်ိဳ႕လည္း ရွိေနနိုင္ပါတယ္။

 

သူတို႔ကိုအာရံုမစိုက္ဘဲနဲ႕ သင္ေျပာတာကို ေသခ်ာနားေထာင္ေနတဲ့ ပရိတ္သတ္ေတြအေပၚကို အာရံုထားပါ။

 

(၅) စကားေျပာတဲ့အခါမွာ လက္ဟန္ေျခဟန္ကို မပိုမလို အသံုးခ်ပါ။

 

(၆) ကိုယ့္ကိုယ္ကိုယံုႀကည္မႈအျပည့္ရွိပါ။ ဒီလိုယံုႀကည္မႈအျပည့္ရွိဖို႔ ႀကိဳတင္ျပင္ဆင္မႈနွင့္ ႀကိဳတင္ေလ့က်င့္မႈရွိဖို႔လည္း အေရးႀကီးပါတယ္။ ယံုႀကည္မႈလြန္ကဲတာမ်ိဳးေတာ့ မျဖစ္ပါေစနဲ႕။

 

(၇) ပရိတ္သတ္ေတြကို အနည္းဆံုး မက္ေဆ့ခ်္တစ္ခုေတာ့ ေပးဖို႕လိုအပ္ပါတယ္။

 

(၈) ပရိတ္သတ္ေတြကို မပ်င္းေအာင္ ၾကားျဖတ္ေမးခြန္းတိုေလးေတြ ေမးေပးပါ။

 

(၉) သင္စကားေျပာတာဆံုးတဲ့အခါမွာ သင္ေျပာခဲ့တဲ့အဓိကအခ်က္ေတြကို အက်ဥ္းခ်ဳပ္ျပန္ေျပာပါ။

 

(၁၀) သင္စကားေျပာတာၿပီးသြားတဲ့အခါမွာ ပရိတ္သတ္ေတြကို ေက်းဇူးတင္စကားေျပာဖို႔ မေမ့ပါနဲ႕။

 

ဒီနည္းလမ္းေလးေတြကို အသံုးခ်ၿပီး တစ္ခ်ိန္ခ်ိန္မွာရင္ဆုိင္ရမယ့္တူတူ လာမည့္ေဘးသာ

ေျပးေတြ႕လိုက္ၾကပါေတာ့ေနာ္။

လက္ရွိအလုပ္မွာ အဆင္မေျပလို႔ အလုပ္သစ္ေျပာင္းခ်င္သူမ်ားအတြက္ Ads.com.mm အခမဲ့ေၾကာ္ျငာဝက္ဆိုက္မွာ https://www.ads.com.mm/job-offers လင့္ခ္အတိုင္း အလုပ္ေလွ်ာက္ထားနိုင္ပါတယ္။

– – – – – – – – – – – – – – – – – – – – – – – – – – –

 

[Unicode]

“လူကြားထဲမှာ ရဲရဲဝံ့ဝံ့စကားပြောနည်း”

—————

 

လုပ်ငန်းခွင်ဝင်နေကြသူတွေပဲဖြစ်ဖြစ် ကျောင်းသားကျောင်းသူတွေပဲဖြစ်ဖြစ် Prsentation လုပ်ရမယ်၊ အစည်းအဝေးမှာ စကားပြောရမယ်ဟေ့ လို့ဆိုရင် “မလုပ်ချင်ဘူး၊ မလုပ်ရဲဘူး၊ တခြားလူကိုလုပ်ခိုင်းမယ်” စတဲ့ စကားသံတွေထွက်လာနေကြပါပဲ။ လူကြားထဲမှာ စကားပြောဖို့ဆိုတာ ထင်းခွေမကြုံ ရေခပ်တော့ကြုံရမှာပါပဲ။ ရှောင်ပုန်းတိုင်းလည်းမကောင်းပါဘူး။ ကိုယ်ကဘယ်လောက်ပဲတော်တော် ကိုယ်တင်ပြချင်တဲ့အချက်အလက်က ဘယ်လောက်ပဲပြည့်စုံပါစေ၊ သင့်ရဲ့တင်ဆက်ပုံ၊ စကားပြောပုံမကောင်းရင် နားထောင်သူအနေနဲ့ သင်ပြောချင်တာကို နားလည်ဖို့ ခက်ခဲပါလိမ့်မယ်။ မဖြစ်မနေလုပ်ရပြီဆိုရင်လည်း အထစ်ထစ်အငေါ့ငေါ့နဲ့ တွန့်ဆုတ်ဆုတ်ဖြစ်နေတတ်ပါတယ်။ ဒီလိုတွေမဖြစ်ရအောင် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

 

(၁) စကားကို ချက်ချင်းစမပြောပါနဲ့။ အသက်ကို ပြင်းပြင်းရှူပြီး ပြန်ထုတ်ပါ။ ထို့နောက် ပရိတ်သတ်တွေကို အရင်ဝေ့ကြည့်ပြီးမှ စကားစပြောပါ။

 

(၂) ပရိတ်သတ်တစ်ယောက်ချင်းစီနဲ့ မျက်လုံးချင်းဆုံပါစေ။ စကားပြောနေတဲ့အချိန်မှာ ကြမ်းပြင်ပေါ်ကြည့်နေတာမျိုး၊ နံရံကိုကြည့်နေတာမျိုးမလုပ်ပါနဲ့။ ပရိတ်သတ်တစ်ယောက်ချင်းစီရဲ့ မျက်လုံးအဓိပ္ပာယ်ကို ဖတ်ပါ။

 

(၃) စကားပြောတဲ့အခါမှာ ဖြည်းဖြည်းနဲ့ မှန်မှန်ပြောပေးပါ။ သင်အရမ်းစိတ်လှုပ်ရှားလို့ စကားပြောမြန်လာပြီလို့ ခံစားလာရတဲ့အခါမှာ ခဏရပ်ပြီး အသက်ပြင်းပြင်းရှူလိုက်ပါ။

 

(၄) သင်စကားပြောနေစဉ်မှာ သင့်ကို သဘောကျပုံမပေါ်တဲ့ ပရိတ်သတ်အချို့လည်း ရှိနေနိုင်ပါတယ်။ သူတို့ကို အာရုံမစိုက်ဘဲနဲ့ သင်ပြောတာကို သေချာနားထောင်နေတဲ့ ပရိတ်သတ်တွေအပေါ်ကို အာရုံထားပါ။

 

(၅) စကားပြောတဲ့အခါမှာ လက်ဟန်ခြေဟန်ကို မပိုမလို အသုံးချပါ။

 

(၆) ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိပါ။ ဒီလိုယုံကြည်မှုအပြည့်ရှိဖို့ ကြိုတင်ပြင်ဆင်မှုနှင့် ကြိုတင်လေ့ကျင့်မှုရှိဖို့လည်း အရေးကြီးပါတယ်။ ယုံကြည်မှုလွန်ကဲတာမျိုးတော့ မဖြစ်ပါစေနဲ့။

 

(၇) ပရိတ်သတ်တွေကို အနည်းဆုံး မက်ဆေ့ချ်တစ်ခုတော့ ပေးဖို့လိုအပ်ပါတယ်။

 

(၈) ပရိတ်သတ်တွေကို မပျင်းအောင် ကြားဖြတ်မေးခွန်းတိုလေးတွေ မေးပေးပါ။

 

(၉) သင်စကားပြောတာဆုံးတဲ့အခါမှာ သင်ပြောခဲ့တဲ့အဓိကအချက်တွေကို အကျဉ်းချုပ်ပြန်ပြောပါ။

 

(၁၀) သင်စကားပြောတာပြီးသွားတဲ့အခါမှာ ပရိတ်သတ်တွေကို ကျေးဇူးတင်စကားပြောဖို့ မမေ့ပါနဲ့။

 

ဒီနည်းလမ်းလေးတွေကို အသုံးချပြီး တစ်ချိန်ချိန်မှာရင်ဆိုင်ရမယ့်တူတူ လာမည့်ဘေးသာ ပြေးတွေ့လိုက်ကြပါတော့နော်။

လက်ရှိအလုပ်မှာ အဆင်မပြေလို့ အလုပ်သစ်ပြောင်းချင်သူများအတွက် Ads.com.mm အခမဲ့ကြော်ငြာဝက်ဆိုက်မှာ https://www.ads.com.mm/job-offers လင့်ခ်အတိုင်း အလုပ်လျှောက်ထားနိုင်ပါတယ်။

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s