Untitled design (9)
[Zawgyi]
– – – – – – – – – – – –
တည်ဆောက်ကြတယ်။
မမေ့ပါနဲ့။
ဝန်ခံကြဖို့လိုပါတယ်။
– – – – – – – – – – – – – – – –
[Unicode]
“ရင်ခုန်သံတွေ အမြဲလတ်ဆတ်နေစေဖို့”
– – – – – – – – – – – –
အိမ်ထောင်ရှင်အများစုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာက အိမ်ထောင်သက်ကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် ပိုဝေးလာတယ်လို့ခံစားလာရတယ်။ တစ်ယောက်နဲ့တစ်ယောက် အချိန်တွေမပေးနိုင်တော့ဘူး။ နားလည်မှုပေးဖို့ဆိုတာ ဝေးလို့။ ဟိုအရင် သမီးရည်းစားဘဝတုန်းကလို ကြင်ကြင်နာနာယုယုယယနေဖို့ဝေး အိမ်မှုကိစ္စ၊ သားသမီးအရေး၊ စားဝတ်နေရေးအတွက် လုံးပန်းနေရတာနဲ့ တစ်ယောက်ကိုတစ်ယောက် အချိန်မပေးဖြစ်ကြတော့ဘူး။ ဒါကြောင့် အိမ်ထောင်ရေး ပျော်ရွှင်သာယာချင်ရင်တော့ အသေးအမွှားလို့ထင်တဲ့ ကိစ္စလေးတွေကစပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
(၁) မနက်ခင်းနိုးထတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် မနက်ခင်းနှုတ်ဆက်စကားပြောဖို့ မမေ့ပါနဲ့။
(၂) တစ်နေ့တစ်ကြိမ် အနမ်းပေးဖို့လည်း မမေ့ပါနဲ့။ အနမ်းပေးခြင်းဟာ နှစ်ယောက်ကြား ချစ်ခြင်းမေတ္တာကို ပိုလို့တိုးပွားစေပါတယ်။
(၃) ချစ်သူရည်းစားဘဝကအတိုင်းပဲ တစ်ယောက်နဲ့တစ်ယောက် အကြင်နာမပျက်ကြဘူး။ အသက်တွေဘယ်လောက်ကြီးလာလာ အခေါ်ဝေါ်ကတော့ မပြောင်းလဲသွားကြဘူး။
(၄) တစ်ယောက်နဲ့တစ်ယောက် မတူတာတွေကို အတင်းလိုက်ညှိမယ့်အစား မတူညီမှုတွေကို လေးစားကြတယ်။
(၅) လက်တွေ့ဆန်ကြတယ်။ လူမှုကွန်ယက်တွေမှာ အချစ်တွေကို ဖော်ပြနေမယ့်အစား လက်တွေ့မှာ အချစ်ကို တည်ဆောက်ကြတယ်။
(၆) နှစ်ဖက်အမျိုးတွေနဲ့ ဘယ်လောက်အဆင်ပြေပြေ နှစ်ယောက်တစ်ကမ္ဘာဆောက်နေကြတယ်။
(၇) အိမ်ထောင်ဖက်ရဲ့ မကောင်းချက်တွေကို ထပ်ခါတလဲလဲ စဉ်းစားမယ့်အစား သူ့ရဲ့ ကောင်းချက်တွေအပေါ်မှာ ချီးကျူးဂုဏ်ပြုဖို့ ဝန်မလေးကြပါနဲ့။
(၈) တစ်ယောက်နဲ့တစ်ယောက် စိတ်ကုန်လာပြီလို့ စတင်ခံစားလာရမယ်ဆိုရင် ဟိုအရင်က ပျော်ရွှင်ဖွယ်အတိတ်တွေကို ပြန်လည်တူးဆွပေးဖို့ မမေ့ပါနဲ့။
(၉) အိမ်ထောင်ဖက်ရဲ့ ရင်ဖွင့်စကားတွေကို ဂရုတစိုက် နားထောင်ပေးပြီး သူအားငယ်တဲ့အခါတိုင်း အားပေးဖို့ကိုလည်း မမေ့ပါနဲ့။
(၁၀) သားသမီးတွေရလာပေမယ့်လည်း သမီးရည်းစားဘဝတုန်းကလိုပဲ အချိန်ပေးပြီး ကြင်ကြင်နာနာချိန်းတွေ့ပါ။ ဘယ်လောက်ပဲအလုပ်များများ ထမင်းစားချိန်၊ အားတဲ့အချိန်တွေမှာ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့ မမေ့ပါနဲ့။
(၁၁) ခင်ပွန်းတာဝန် ဇနီးတာဝန် ခွဲခြားနေမယ့်အစား အားတဲ့သူလုပ်ပါ။
(၁၂) တစ်ယောက်ကိုတစ်ယောက် ယုံကြည်နားလည်ခွင့်လွှတ်ကြမယ်။ အမှားလုပ်ထားမိပြီဆိုရင် အမှန်အတိုင်း ဝန်ခံကြဖို့လိုပါတယ်။
ဒီနည်းလမ်းလေးတွေဟာ အသေးအဖွဲ့လေးတွေပါ အရေးမကြီးဘူးထင်ရပေမယ့်လည်း အိမ်ထောင်ရေးမှာ တကယ်တမ်းကျတော့ အခြေခံအုတ်မြစ်တွေပါပဲ။ အခြေခံအုတ်မြစ်ခိုင်မှာ အနာဂါတ်ခရီးသာယာဖြောင့်ဖြူးနိုင်မှာဖြစ်ပါတယ်။ အိမ်ထောင်ရှင်များအားလုံး အချစ်တွေ အမြဲလတ်ဆတ်ပြီး အိမ်ထောင်ရေး သာယာဖြောင့်ဖြူးကြပါစေ။
တစ်အိုးတစ်အိမ်ထူထောင်လိုသော အိမ်ထောင်ရှင်တို့အတွက် Ads.com.mm အခမဲ့ကြော်ငြာဝက်ဆိုက်ဒ်မှာ အိမ်ခြံမြေများကို
အောက်ပါလင့်ခ်အတိုင်း https://www.ads.com.mm/real-estate သွားရောက်လေ့လာဝယ်ယူနိုင်ပါတယ်ရှင့်။
Advertisements
Author: Jasmine
Digital Marketer, Blogger
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s