Untitled design (5)
[Zawgyi]
– – – – – – – – – – – – – – – – –
– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –
[Unicode]
ဆိုင်ကယ်စီးရာတွင် ဦးထုတ်ဆောင်းသင့်တဲ့ အချက် (၅) ချက်
– – – – – – – – – – – – – – – – –
ကျွန်တော်တို့လူငယ်များသည် ဆိုင်ကယ်စီးရာတွင် ဆံကေသာအလှကို ကြွားဝါစေချင်တဲ့ဆန္ဒဖြင့် ဦးထုတ်ကို ဆောင်းလေ့မရှိပါ။ ဆိုင်ကယ်စီးဦးထုတ်ဆောင်းသောသူသည် ယာဉ်မတော်တဆမှုတွင် ဦးခေါင်းထိခိုက်မှုအတွက် ၈၅ရာခိုင်နှုန်းလျော့ချနိုင်ပါသည်။ ထို့ကြောင့် ဆိုင်ကယ်စီးဦးထုတ်ဆောင်းသင့်တဲ့အချက် (၅) ချက်ကို ဖော်ပြပါမည်။
၁။ ဦးခေါင်းထိခိုက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။
ယာဉ်မတော်တဆမှုများတွင် အများစုမှာ ဦးခေါင်းထိခိုက်ပြီး သေဆုံးကြပါသည်။ ဆိုင်ကယ်စီးဦးထုတ်ဆောင်းထားခြင်းသည် ဦးခေါင်းကို ကာကွယ်ပေးပြီး သေဆုံးမှုကို ၃၇ရာခိုင်နှုန်းအထိ လျော့ချနိုင်ပါသည်။
၂။ မျက်နှာကို သဲမှုန့်၊ဖုန်မှုန့်ဒဏ်မှ ကာကွယ်ပေးတယ်။
ဆိုင်ကယ်စီးဦးထုတ်တွင် ပါဝင်သော ရှေ့မှန်သည် လေထုထဲမှ သဲမှုန့်၊ဖုန်မှုန့်များကို ကာကွယ်ပေးပါသည်။ ထို့ကြောင့် မျက်လုံးစပ်ခြင်း၊ကျိန်းခြင်း၊အသားအရေပျက်စီးခြင်းများကို ကာကွယ်ပေးနိုင်ပါသည်။
၃။ ရာသီဥတုဒဏ်ကို ကာကွယ်နိုင်တယ်။
လက်ရှိရာသီဥတုသည် ဆိုးရွားနေလင့်ကစား ဆိုင်ကယ်ဦးထုတ်ဆောင်းပြီး ခရီးသွားလျင် မိမိသည် အကာအကွယ်ရရှိထားသည့်အတွက် အန္တရာယ်အတွက် စိုးရိမ်စရာမလိုတော့ပါ။ မိုးလေအန္တရာယ်မှလည်း အပြည့်အဝကာကွယ်နိုင်ပါသည်။
၄။ တာဝန်ယူစိတ်အပြည့်ရှိသူများဖြစ်တယ်။
ဆိုင်ကယ်စီးလျင် ဦးထုတ်ဆောင်းရမည်ဆိုသည်မှာ နိုင်ငံ၏ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းတစ်ခုဖြစ်သည့်အတွက် မိမိကိုယ်တိုင်စည်းကမ်းလိုက်နာပြီး နိုင်ငံကြီးသားပီသသူများဖြစ်သင့်ပါသည်။ ဆိုင်ကယ်စီးဦးထုတ်ကို ဆောင်းလိုက်တိုင်း မိမိကိုယ်တိုင်တာဝန်ယူစိတ်အပြည့်ဖြစ်လာပါလားဟု ဂုဏ်ယူသင့်ပါသည်။
၅။ မိမိကိုယ်ကို တန်ဖိုးထားသူများဖြစ်တယ်။
၁သိန်းကျော်တန်စမတ်ဖုန်းလေး ကိုင်ရင်တောင် ထိခိုက်မှုကာကွယ်ရန် ဖုန်းကာဗာဆိုတာ လူတိုင်းတပ်ကြတာပဲ ဖြစ်ပါတယ်။ မိမိခေါင်းသည် ၁သိန်းကျော်မက တန်ကြေးရှိသည်မှာ သေချာသောကြောင့် ဆိုင်ကယ်စီးတိုင်း ဦးထုတ်ဆောင်းသင့်ပါကြောင်း တိုက်တွန်းလိုက်ပါသည်။
Ads.com.mm အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်မှာ သင့်ဝယ်လိုတဲ့ မော်တော်ကား၊ဆိုင်ကယ်နှင့်ယာဉ်မျိုးစုံကိုhttps://www.ads.com.mm/vehicles လင့်ခ်အတိုင်း ဝင်ရောက်ရောင်းဝယ်နိုင်ပါတယ်။
Advertisements
Author: Jasmine
Digital Marketer, Blogger
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s