Untitled design (1)
[Zawgyi]
– – – – – – – – – – – – – –
၁။နေရောင်ခြည်
၂။လေ
၃။မိသားစုသံယောဇဉ်
၎။ကျန်းမာရေး
၅။ချစ်ခြင်းမေတ္တာ
၆။ပန်းတိုင်
အခမဲ့တွေဖြစ်ပါတယ်။
– – – – – – – – – – – – – – – – – – – – – – – –
[Unicode]
တန်ဖိုးမဖြတ်နိုင်သော အခမဲ့များ
– – – – – – – – –
လောကမှာ အခမဲ့ရနေတာတွေက တန်ဖိုးအရှိဆုံးပါ။ အခမဲ့လို့ဆိုထားတာက တန်ဖိုးမရှိလို့မဟုတ်ဘဲ တန်ဖိုးမဖြတ်နိုင်သောကြောင့်ဖြစ်ပါတယ်။ အခမဲ့ရရှိနေတဲ့ တန်ဖိုးမဖြတ်နိုင်သော အရာ (၆) မျိုးကို ဖော်ပြလိုက်ပါတယ်။
၁။နေရောင်ခြည်
သတ္တဝါအားလုံး နေရောင်ခြည်မရှိဘဲ အသက်မရှင်နိုင်ကြပါဘူး။ ကျွန်တော်တို့သုံးစွဲခဲ့တဲ့ နေရောင်ခြည်အတွက် ငွေကြေးတစ်ပြားတစ်ချပ်မှ ပေးစရာမလိုခဲ့ဘူး။
၂။လေ
အသက်ရှင်နေသူတိုင်း လေကိုရှူရှိူက်ကြရတယ်။ ဟိုးရှေးရှေးတုန်းကနေ ယနေ့အထိ ကိုယ်ရှူသွင်းလိုက်တဲ့ လေအတွက် တစ်ဦးတစ်ယောက်ကမှ ငွေပေးချေတာမရှိခဲ့ပါဘူး။ လူတိုင်း လေတွေကို လွတ်လွတ်လပ်လပ် ရှူနိုင်ကြပါတယ်။
၃။မိသားစုသံယောဇဉ်
ကလေးဘဝကအစ မိဘတွေရဲ့ချစ်ခင်ယုယမှုကို လူတိုင်းခံကြရတယ်။ဘယ်မိဘတွေကမှ ကိုယ့်သားသမီးကို “ငါ့ကို ငွေပေးမှ ချစ်မယ်” လို့ ပြောခဲ့မယ်မထင်ဘူး။ မိဘရဲ့ ချစ်ခြင်းမေတ္တာတွေက သားသမီးတွေကြီးလာလည်း ပျောက်ပျက်လျော့ရဲသွားတာမျိုး မရှိသလို အိုမင်းသွားလည်း ပျက်စီးပျောက်ကွယ်သွားတာမျိုး မရှိဘူး။ သူတို့အသက်ရှင်နေသမျှ ကာလပတ်လုံး သူတို့မေတ္တာတွေဟာ သားသမီးအပေါ် လွှမ်းခြုံနေမှာဖြစ်တယ်။
၄။ကျန်းမာရေး
အာရောဂျံ ပရမံ လာဘံဆိုတဲ့အတိုင်း ကျန်းမာရေး လာဘ်ကြီးဟာ အခမဲ့ရနေတာပါ။ ကျန်းမာခြင်းရဲ့တန်ဖိုးကို မကျန်းမာမှ သင်သိပါလိမ့်မယ်။
၅။ချစ်ခြင်းမေတ္တာ
ပြင်းပြတဲ့ ခံစားချက်၊ တားဆီးလို့မရတဲ့ စွဲလမ်းမှု၊ အနှိုင်းမဲ့ တန်ဖိုးထားမြတ်နိုးမှု၊ ဘဝရဲ့အနက်ရှိုင်းဆုံးနေရာက ယုံကြည်ကိုးစားသူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို တန်ဖိုးဖြတ်ဝယ်ယူလို့ မရနိုင်ပါဘူး။
၆။ပန်းတိုင်
ရွှေဇွန်းကိုက်မွေးလာခဲ့သူဖြစ်ဖြစ်၊ လမ်းပေါ်လေလွင့်နေသူဖြစ်ဖြစ် ကိုယ့်အတွက် ငွေကြေးကုန်ကျစရာ မလိုဘဲ ပန်းတိုင်တွေထားခွင့်ရှိကြတယ်။ အဲဒီပန်းတိုင်က ကြီးမားမြင့်မြတ်နိုင်သလို ရိုးရိုးသာမန်လည်းဖြစ်နိုင်ပါ တယ်။နောက်ပြီး ယုံကြည်မှု၊ မျှော်လင့်ချက်၊ စိတ်ကူးအိပ်မက်. . စတာတွေလည်း ငွေကြေးပေးစရာမလိုတဲ့ အခမဲ့တွေဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့နံပါတ် (၁) အခမဲ့ကြော်ငြာဝက်ဘ်ဆိုက် Ads.com.mm မှာလည်း သင့်အိမ်မှာ အသုံးမလိုတော့တဲ့ကုန်ပစ္စည်းများကို https://www.ads.com.mm/posts/new လင့်ခ်အတိုင်း အခမဲ့ကြော်ငြာတင်လို့ရပါတယ်။
Advertisements
Author: Jasmine
Digital Marketer, Blogger
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s