ခ်စ္. . . . ေမာင္အုိသြားတဲ့အခါ

Untitled design (2)

 

 

[Zawgyi]

ခ်စ္. . . . ေမာင္အုိသြားတဲ့အခါ
– – – – – – – – – – – – – – – – – –

ခ်စ္. . . ေမာင္ အုိသြားတဲ့အခါ

ဒီအဖုိးႀကီးက “အုိစာလုိက္တာ” လုိ႔ မေျပာပါနဲ႔။ ေမာင့္ရဲ႕ႏုပ်ိဳျခင္းေတြဟာ ခ်စ္နဲ႔သားသမီးေတြ မေတာင့္မတ၊မပူမပင္ေနႏုိင္ေအာင္ စီးပြားရွာရင္း စေတးလုိက္ရတာမုိ႔ပါ။

ခ်စ္. . . ေမာင္ အုိသြားတဲ့အခါ

အလုပ္ျပန္ခ်ိန္မွာ ထမင္းခူးေကြ်းရတာ မျငိဳျငင္ပါနဲ႔။ ညားခါစက အတူတူ ငပိရည္နဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ထမင္းလက္ဆုံစားခဲ့တာေလးကုိ သတိရေပးပါ။

ခ်စ္. . . ေမာင္ အုိသြားတဲ့အခါ

ညအခါမွာ ေခ်ာင္းတဟြတ္ဟြတ္ဆုိးလုိ႔ အိပ္ေရးပ်တ္တာ မၿငိဳျငင္ပါနဲ႔။ညားခါစ ေဆာင္းညေအးေအးမွာ ျခံဳေစာင္တစ္ထည္တည္းနဲ႔အတူတူ ေဆာင္းညေတြကုိ ျဖတ္သန္းခဲ့တာ သတိရေပးပါ။

ခ်စ္. . . ေမာင္ အုိသြားတဲ့အခါ

သားသမီးေတြေရွ႕မွာ ”အဖုိးႀကီးက ေလ” လုိ႔ ေမာင့္ကုိ နာမ္စားမသုံးပါနဲ႔။ညားခါစကလုိ ”ေမာင္က ေလ” လုိ႔ နာမ္စားသုံးေပးပါ။

ခ်စ္. . . ေမာင္ အုိသြားတဲ့အခါ

ေမာင္ မက်န္းမာတုိင္း “ေဆးခန္းျပမယ္” လုိ႔မေျပာပါနဲ႔။ညားခါစက လုိ ေမာင့္နဖူးေလးစမ္းၿပီး ကြမ္းရြက္ျပဳတ္ရည္ တုိက္ခဲ့တာကုိ သတိရေပးပါ။

ခ်စ္. . . ေမာင္ အုိသြားတဲ့အခါ

အရင္ကလုိ ပုိက္ဆံေတြမရွာႏုိင္ေတာ့လုိ႔ မျငိဳျငင္လုိက္ပါနဲ႔။ ေမာင္ ငယ္ရြယ္တုန္းက စုေဆာင္းခဲ့လုိ႔ အခုလုိလူတန္းေစ့ေနႏုိင္တာကုိ သတိရေပးပါ။

သူငယ္ခ်င္းတုိ႔ေရ အခုလုိခံစားခ်က္ျခင္းတုိက္ဆုိင္မယ့္ စာအုပ္ေလးမ်ားကုိ ဝယ္ယူလိုရင္ေတာ့ ဝါသနာႏွင့္အားကစားပစၥည္းမ်ားက႑မွာ https://www.ads.com.mm/music-movies-books လင့္ခ္အတုိင္းရွာေဖြႏုိင္ပါတယ္။

– – – – – – – – – – – – – – – – – – – – – – – – – – – – – — – – – – — — –

[Unicode]

ချစ်. . . . မောင်အိုသွားတဲ့အခါ
– – – – – – – – – – – – – – – – – –

ချစ်. . . မောင် အိုသွားတဲ့အခါ

ဒီအဖိုးကြီးက “အိုစာလိုက်တာ” လို့ မပြောပါနဲ့။ မောင့်ရဲ့နုပျိုခြင်းတွေဟာ ချစ်နဲ့သားသမီးတွေ မတောင့်မတ၊မပူမပင်နေနိုင်အောင် စီးပွားရှာရင်း စတေးလိုက်ရတာမို့ပါ။

ချစ်. . . မောင် အိုသွားတဲ့အခါ

အလုပ်ပြန်ချိန်မှာ ထမင်းခူးကျွေးရတာ မငြိုငြင်ပါနဲ့။ ညားခါစက အတူတူ ငပိရည်နဲ့ ပျော်ပျော်ရွှင်ရွှင် ထမင်းလက်ဆုံစားခဲ့တာလေးကို သတိရပေးပါ။

ချစ်. . . မောင် အိုသွားတဲ့အခါ

ညအခါမှာ ချောင်းတဟွတ်ဟွတ်ဆိုးလို့ အိပ်ရေးပျတ်တာ မငြိုငြင်ပါနဲ့။ညားခါစ ဆောင်းညအေးအေးမှာ ခြုံစောင်တစ်ထည်တည်းနဲ့အတူတူ ဆောင်းညတွေကို ဖြတ်သန်းခဲ့တာ သတိရပေးပါ။

ချစ်. . . မောင် အိုသွားတဲ့အခါ

သားသမီးတွေရှေ့မှာ ”အဖိုးကြီးက လေ” လို့ မောင့်ကို နာမ်စားမသုံးပါနဲ့။ညားခါစကလို ”မောင်က လေ” လို့ နာမ်စားသုံးပေးပါ။

ချစ်. . . မောင် အိုသွားတဲ့အခါ

မောင် မကျန်းမာတိုင်း “ဆေးခန်းပြမယ်” လို့မပြောပါနဲ့။ညားခါစက လို မောင့်နဖူးလေးစမ်းပြီး ကွမ်းရွက်ပြုတ်ရည် တိုက်ခဲ့တာကို သတိရပေးပါ။

ချစ်. . . မောင် အိုသွားတဲ့အခါ

အရင်ကလို ပိုက်ဆံတွေမရှာနိုင်တော့လို့ မငြိုငြင်လိုက်ပါနဲ့။ မောင် ငယ်ရွယ်တုန်းက စုဆောင်းခဲ့လို့ အခုလိုလူတန်းစေ့နေနိုင်တာကို သတိရပေးပါ။

သူငယ်ချင်းတို့ရေ အခုလိုခံစားချက်ခြင်းတိုက်ဆိုင်မယ့် စာအုပ်လေးများကို ဝယ်ယူလိုရင်တော့ ဝါသနာနှင့်အားကစားပစ္စည်းများကဏ္ဍမှာ https://www.ads.com.mm/music-movies-books လင့်ခ်အတိုင်းရှာဖွေနိုင်ပါတယ်။

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s