သုံးစြဲတာလား၊ ျဖဳန္းတီးတာလား

Untitled design (1)

 

 

[Zawgyi]

သုံးစြဲတာလား၊ ျဖဳန္းတီးတာလား
– – – – – – – – – – – – – –

၁ဝသိန္းတန္ Michael Kors အိတ္တစ္လုံးကုိင္ေနၿပီး အိတ္ထဲမွာ ပုိက္ဆံမပါရင္ အဓိပၸာယ္မရွိပါဘူး။

၁ေသာင္းတန္အိတ္တစ္လုံးကုိ ဝယ္ၿပီး အိတ္ထဲမွာ ၉သိန္း၉ေသာင္းထည့္ထားတာက ပုိအဓိပၸာယ္မရွိဘူးလား။ အဲလုိပါပဲ iPhone 6s Plus တစ္လုံးကုိ ၁ဝသိန္းေက်ာ္ေပးၿပီး ဖုန္းေဘလ္ထည့္စရာ မရွိရင္လည္း အဆင္မေျပေသးပါဘူး။ ကုိယ့္အတြက္

ဖုန္းေျပာလုိ႔လည္း အဆင္ေျပ၊အင္တာနက္သုံးလုိ႔လည္း ေကာင္းမည့္ ၁သိန္းေက်ာ္တန္ ဟန္းစက္ေလးကုိင္ၿပီး

ပုိတဲ့ ၉သိန္းေလာက္ကုိ စုေဆာင္းထားတာ ပုိေကာင္းပါတယ္။

Shopping ဆုိတဲ့စကားလုံးဟာ မိန္းကေလးေတြအတြက္ နားထဲမွာ နားဝင္ပီယံျဖစ္ေစပါတယ္။

Shopping ထြက္ရတာ မိန္းကေလးေတြ သေဘာက်ရတဲ့အဓိကအခ်က္က ကုိယ္လည္းအမ်ားသူငွာလုိ ဝတ္ႏုိင္စားႏုိင္တယ္လုိ႔

ထုတ္ၾကြားခ်င္လုိ႔ပဲျဖစ္ပါတယ္။ မိမိအတြက္တကယ္လုိအပ္လုိ႔ ဝယ္တာမ်ိဳးထက္ Social Media ေပၚတက္ၿပီး

ၾကြားခ်င္တဲ့စိတ္မ်ိဳးေတြ ကိန္းေအာင္းေနတက္ပါေသးတယ္။ တကယ္ေတာ့ ပစၥည္းတစ္ခုကုိ မဝယ္ခင္ ဒီပစၥည္းက

ေစ်းဘယ္ေလာက္လဲ၊ ငါအတြက္တကယ္လုိအပ္တာလား၊ငါ့အတြက္ ဘယ္ေလာက္ၾကာၾကာအသုံးဝင္မွာလဲ၊

ဒီပစၥည္းဝယ္ဖုိ႔ သုံးလုိက္ရတဲ့ပုိက္ဆံေတြကုိ ငါဘယ္ေလာက္ၾကာၾကာရွာရမွာလဲ ဆုိတာေတြပဲျဖစ္ပါတယ္။ ထုိ႔အျပင္ လူေတြက Travelling ကုိလည္း

စိတ္ဝင္စားၾကပါတယ္။ ဘယ္ေနရာက ျမစ္ေခ်ာင္း၊အင္းအုိင္၊ေတာင္နံရံေတြက ရွဴ႕ခင္းလွတယ္၊ ပင္လယ္ကမ္းေျခက

အရမ္းလွတယ္ဆုိၿပီး သတင္းၾကားလုိက္ရင္ ေျခဖေနာင့္ကေလး ေျမွာက္ကာေျမွာက္ကာႏွင့္ အူးယားၾကပါေသးတယ္။ ကုိယ္တကယ္စဥ္းစားရမွာက ကုန္ၾကမယ့္ပုိက္ဆံေတြ ျပန္ရဖုိ႔ ကုိယ္ဘယ္ေလာက္ၾကာေအာင္ ျပန္ရွာရမလဲဆုိတာပဲ

ျဖစ္ပါတယ္။

တစ္လမွာ လစာ ၂သိန္းရၿပီး ၅ေသာင္းသာစုမိတဲ့ဝန္ထမ္းတစ္ေယာက္က ခရီးတစ္ခုကုိသြားလုိက္ရလုိ႔၊ပစၥည္းတစ္ခုကုိ ဝယ္လုိက္ရလုိ႔ ၅သိန္းကုန္တယ္ဆုိပါစုိ႔။ ကုန္သြားတဲ့ ၅သိန္းျပန္ရဖုိ႔ ၁ဝလ အလုပ္လုပ္ရတယ္ဆုိတာ မေမ့သင့္ပါဘူး။ နံမည္ေက်ာ္စကားပုံတစ္ခုကုိပဲ ကုိးကားခ်င္ပါတယ္။ “လူမုိက္ေတြက ပုိက္ဆံကုိျဖဳန္းတီးၾကတယ္၊ သာမန္လူေတြက

ပုိက္ဆံကုိ စုေဆာင္းၾကတယ္၊ ပညာရွိေတြက ပုိက္ဆံကုိ ရင္းႏွီးျမွဳပ္ႏွံၾကတယ္” ဆုိတာပါပဲ။ မိမိကုိယ္တုိင္

ပညာရွင္မျဖစ္ရင္ေနပါေစ၊ တုိးတက္လာတဲ့ ေခတ္ႀကီးထဲမွာ ေခတ္ေရစီးေၾကာင္းအတုိင္း ေမ်ာပါသြားၿပီး

အေၾကြးလည္ပင္းမေရာက္ဖုိ႔ပဲ အေရးႀကီးတာပါလုိ႔ ဆုိခ်င္ပါတယ္။

Ads.com.mm ပရိသတ္ႀကီးေရ အပုိဝင္ေငြရခ်င္လုိ႔ သင့္အိမ္မွာ အသုံးမလုိေတာ့တဲ့ပစၥည္းအေဟာင္းမ်ားကုိ https://www.ads.com.mm/posts/new လင့္ခ္အတုိင္း အခမဲ့ေၾကာ္ျငာတင္ေရာင္းခ်လုိ႔ရပါတယ္။

 

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

 

[Unicode]

သုံးစွဲတာလား၊ ဖြုန်းတီးတာလား
– – – – – – – – – – – – – –

၁ဝသိန်းတန် Michael Kors အိတ်တစ်လုံးကိုင်နေပြီး အိတ်ထဲမှာ ပိုက်ဆံမပါရင် အဓိပ္ပာယ်မရှိပါဘူး။ ၁သောင်းတန်အိတ်တစ်လုံးကို ဝယ်ပြီး အိတ်ထဲမှာ ၉သိန်း၉သောင်းထည့်ထားတာက ပိုအဓိပ္ပာယ်မရှိဘူးလား။ အဲလိုပါပဲ iPhone 6s Plus တစ်လုံးကို ၁ဝသိန်းကျော်ပေးပြီး ဖုန်းဘေလ်ထည့်စရာ မရှိရင်လည်း အဆင်မပြေသေးပါဘူး။ ကိုယ့်အတွက် ဖုန်းပြောလို့လည်း အဆင်ပြေ၊အင်တာနက်သုံးလို့လည်း ကောင်းမည့် ၁သိန်းကျော်တန် ဟန်းစက်လေးကိုင်ပြီး ပိုတဲ့ ၉သိန်းလောက်ကို စုဆောင်းထားတာ ပိုကောင်းပါတယ်။

Shopping ဆိုတဲ့စကားလုံးဟာ မိန်းကလေးတွေအတွက် နားထဲမှာ နားဝင်ပီယံဖြစ်စေပါတယ်။ Shopping ထွက်ရတာ မိန်းကလေးတွေ သဘောကျရတဲ့အဓိကအချက်က ကိုယ်လည်းအများသူငှာလို ဝတ်နိုင်စားနိုင်တယ်လို့ ထုတ်ကြွားချင်လို့ပဲဖြစ်ပါတယ်။ မိမိအတွက်တကယ်လိုအပ်လို့ ဝယ်တာမျိုးထက် Social Media ပေါ်တက်ပြီး ကြွားချင်တဲ့စိတ်မျိုးတွေ ကိန်းအောင်းနေတက်ပါသေးတယ်။ တကယ်တော့ ပစ္စည်းတစ်ခုကို မဝယ်ခင် ဒီပစ္စည်းက ဈေးဘယ်လောက်လဲ၊ ငါအတွက်တကယ်လိုအပ်တာလား၊ငါ့အတွက် ဘယ်လောက်ကြာကြာအသုံးဝင်မှာလဲ၊ဒီပစ္စည်းဝယ်ဖို့ သုံးလိုက်ရတဲ့ပိုက်ဆံတွေကို ငါဘယ်လောက်ကြာကြာရှာရမှာလဲ ဆိုတာတွေပဲဖြစ်ပါတယ်။ ထို့အပြင် လူတွေက Travelling ကိုလည်း စိတ်ဝင်စားကြပါတယ်။ ဘယ်နေရာက မြစ်ချောင်း၊အင်းအိုင်၊တောင်နံရံတွေက ရှူ့ခင်းလှတယ်၊ ပင်လယ်ကမ်းခြေက အရမ်းလှတယ်ဆိုပြီး သတင်းကြားလိုက်ရင် ခြေဖနောင့်ကလေး မြှောက်ကာမြှောက်ကာနှင့် အူးယားကြပါသေးတယ်။ ကိုယ်တကယ်စဉ်းစားရမှာက ကုန်ကြမယ့်ပိုက်ဆံတွေ ပြန်ရဖို့ ကိုယ်ဘယ်လောက်ကြာအောင် ပြန်ရှာရမလဲဆိုတာပဲ ဖြစ်ပါတယ်။

တစ်လမှာ လစာ ၂သိန်းရပြီး ၅သောင်းသာစုမိတဲ့ဝန်ထမ်းတစ်ယောက်က ခရီးတစ်ခုကိုသွားလိုက်ရလို့၊ပစ္စည်းတစ်ခုကို ဝယ်လိုက်ရလို့ ၅သိန်းကုန်တယ်ဆိုပါစို့။ ကုန်သွားတဲ့ ၅သိန်းပြန်ရဖို့ ၁ဝလ အလုပ်လုပ်ရတယ်ဆိုတာ မမေ့သင့်ပါဘူး။ နံမည်ကျော်စကားပုံတစ်ခုကိုပဲ ကိုးကားချင်ပါတယ်။ “လူမိုက်တွေက ပိုက်ဆံကိုဖြုန်းတီးကြတယ်၊ သာမန်လူတွေက ပိုက်ဆံကို စုဆောင်းကြတယ်၊ ပညာရှိတွေက ပိုက်ဆံကို ရင်းနှီးမြှုပ်နှံကြတယ်” ဆိုတာပါပဲ။ မိမိကိုယ်တိုင် ပညာရှင်မဖြစ်ရင်နေပါစေ၊ တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ ခေတ်ရေစီးကြောင်းအတိုင်း မျောပါသွားပြီး အကြွေးလည်ပင်းမရောက်ဖို့ပဲ အရေးကြီးတာပါလို့ ဆိုချင်ပါတယ်။

Ads.com.mm ပရိသတ်ကြီးရေ အပိုဝင်ငွေရချင်လို့ သင့်အိမ်မှာ အသုံးမလိုတော့တဲ့ပစ္စည်းအဟောင်းများကို https://www.ads.com.mm/posts/new လင့်ခ်အတိုင်း အခမဲ့ကြော်ငြာတင်ရောင်းချလို့ရပါတယ်။

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s