ေဖ့ေမတၱာစြမ္း အံ့မခန္း

blg

 

 

[Zawgyi]

ေဖ့ေမတၱာစြမ္း အံ့မခန္း
– – – – – – – – – –

ဖခင္တုိ႔မွာ ဇနီးသည္၏ ကုိယ္ဝန္ရေနၿပီလုိ႔ စကားသံကုိ ၾကားလုိက္ရသည္ႏွင့္ ဝမ္းသာပီတိ ဂြမ္းဆီထိကာ ဂုိးသြင္းဘုရင္ ေရႊဖိနပ္ဆုရွင္သဖြယ္ လက္ခေမာင္းခတ္ေအာင္ပြဲခံကာ “ငါလူျဖစ္ၿပီကြ” လုိ႔ ေၾကြးေၾကာ္ခဲ့ရဖူးပါတယ္။ မျမင္ရေသးတဲ့ ကုိယ့္ရင္ေသြးေလးအတြက္ အခ်စ္သဒၶါယုိ ေမတၱာပုိခဲ့ရၿပီး နဖူးကေခြ်း ေျခမက်ေအာင္ အလုပ္ေတြ ပင္ပင္ပန္းပန္း ႀကိဳးစားရခဲ့ပါတယ္။

အူဝဲ အူဝဲ ငုိသံေလး ၾကားရခ်ိန္မွာလည္း အရူးဘုံေပ်ာက္သဖြယ္ ေျခလက္ဂဏာမၿငိမ္ဘဲ ေတာင္ေျမာက္ဟုိဒီေလ်ွာက္လွမ္းေနရျပန္တယ္။ မယားမေဟသီ အဖြားမခက္ေစဖုိ႔ ရြတ္ဖတ္ရသည္က အဂၤုလိမာလသုတၱန္တဲ့ေလ။
အူဝဲသံၿဗဲ ငုိသံဝဲကုိ ဖခင္နားဝၾကားရေသာ္လည္း သားသားေလးလား၊ မီးမီးေလးလား၊ ကုိယ္လက္အဂၤါျပည့္စုံပါလား သားသားေလးဆုိ ဆရာဝန္လား၊အင္ဂ်င္နီယာလား၊ မီးမီးေလးဆုိ ဆရာမႀကီးလား သံသရာေရး ေနာင္တြင္ေအးဖို႔ သာသနာ့ဇာနည္ ဘာမထီလား
လားေပါင္းမ်ားစြာ ရွိခဲ့ပါတယ္။

ဘယ္ခေရာင္းလမ္း
ဘယ္ေလာက္ၾကမ္းၾကမ္း နဖူးကေခ်ြး ေျခမက်ေစ ဖခင္ရည္မွန္း ပင္ပန္းပုံမ်ား
ေဖေဖသမုဒယ ပိတုဖခင္
ေက်းဇူးရွင္ရယ္ ေမးလိုက္ခ်င္သည္ ဖခင္ႏွဳတ္
ဖ်ား ဟစ္ေၾကြးစကားကို လူျဖစ္သြားတာလား
လူညစ္သြားတာလား မသဲကြဲေတာ့ေပ။

အို ခ်စ္မိတ္ေဆြ
မယုံရင္ေလ ပုံျပင္မမွတ္ႏွင့္
ရာဇျဂိဳဟ္ျပည္ ျပည္ႀကီးအရွင္ ဗိမၺိသာရ
သိပါစ ေလ ဖသတ္သမား အဓိပၸါယ္ရသည့္
အဇာတသတ္ ဖြားလို႔သတ္ဟု ပုေရာဟိတ္
ပုဏၰား ေဟာညႊန္ႀကားလည္း အားလားက်ားလား အေလးမထား ေမြးဖြားခဲ႔ေပ။
အဇာတသတ္ ငယ္စဥ္အခါ ကေလးမွာျဖင့္
လက္ျငိဳးထိပ္တြင္ တစ္ကြ်န္းခူနာႀကီး ကိုက္ငို
ညည္းေတာ့ အာခံတြင္းငုံ ျပည္စုပ္မ်ိဳၿပီး
ေခ်ာ့သိပ္ပုံမ်ား ဘယ္ပန္းခ်ီရယ္ ေရးမမွီတယ္မို႔
ဖခင္ေမတၲာ အံ႔ေလာက္စရာကို ကဗ်ာမပီ
စာမညီျဖင့္ က်ဴးရင့္ဖြဲ႔သီ ေရးလိုက္ခ်င္သည္
အဲဒါေဖ့ေမတၱာစြမ္း အ့ံမခန္း

ျမန္မာႏုိင္ငံရဲ႕နံပါတ္ (၁) အခမဲ့ေၾကာ္ျငာဝက္ဘ္ဆုိက္ Ads.com.mm မွာ သင့္အိမ္မွာအသုံးမျပဳေတာ့တဲ့ပစၥည္းမ်ားကုိ https://www.ads.com.mm/posts/new လင့္ခ္အတုိင္း အခမဲ့ေၾကာ္ျငာတင္ေရာင္းခ်လုိ႔ရပါတယ္။

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

[Unicode]

ဖေ့မေတ္တာစွမ်း အံ့မခန်း
– – – – – – – – – – – –
ဖခင်တို့မှာ ဇနီးသည်၏ ကိုယ်ဝန်ရနေပြီလို့ စကားသံကို ကြားလိုက်ရသည်နှင့် ဝမ်းသာပီတိ ဂွမ်းဆီထိကာ ဂိုးသွင်းဘုရင် ရွှေဖိနပ်ဆုရှင်သဖွယ် လက်ခမောင်းခတ်အောင်ပွဲခံကာ “ငါလူဖြစ်ပြီကွ” လို့ ကြွေးကြော်ခဲ့ရဖူးပါတယ်။ မမြင်ရသေးတဲ့ ကိုယ့်ရင်သွေးလေးအတွက် အချစ်သဒ္ဓါယို မေတ္တာပိုခဲ့ရပြီး နဖူးကချွေး ခြေမကျအောင် အလုပ်တွေ ပင်ပင်ပန်းပန်း ကြိုးစားရခဲ့ပါတယ်။

အူဝဲ အူဝဲ ငိုသံလေး ကြားရချိန်မှာလည်း အရူးဘုံပျောက်သဖွယ် ခြေလက်ဂဏာမငြိမ်ဘဲ တောင်မြောက်ဟိုဒီလျှောက်လှမ်းနေရပြန်တယ်။ မယားမဟေသီ အဖွားမခက်စေဖို့ ရွတ်ဖတ်ရသည်က အင်္ဂုလိမာလသုတ္တန်တဲ့လေ။
အူဝဲသံဗြဲ ငိုသံဝဲကို ဖခင်နားဝကြားရသော်လည်း သားသားလေးလား၊ မီးမီးလေးလား၊ ကိုယ်လက်အင်္ဂါပြည့်စုံပါလား သားသားလေးဆို ဆရာဝန်လား၊အင်ဂျင်နီယာလား၊ မီးမီးလေးဆို ဆရာမကြီးလား သံသရာရေး နောင်တွင်အေးဖို့ သာသနာ့ဇာနည် ဘာမထီလား
လားပေါင်းများစွာ ရှိခဲ့ပါတယ်။
ဘယ်ခရောင်းလမ်း
ဘယ်လောက်ကြမ်းကြမ်း နဖူးကချွေး ခြေမကျစေ ဖခင်ရည်မှန်း ပင်ပန်းပုံများ
ဖေဖေသမုဒယ ပိတုဖခင်
ကျေးဇူးရှင်ရယ် မေးလိုက်ချင်သည် ဖခင်နှုတ်
ဖျား ဟစ်ကြွေးစကားကို လူဖြစ်သွားတာလား
လူညစ်သွားတာလား မသဲကွဲတော့ပေ။

အို ချစ်မိတ်ဆွေ
မယုံရင်လေ ပုံပြင်မမှတ်နှင့်
ရာဇဂြိုဟ်ပြည် ပြည်ကြီးအရှင် ဗိမ္ဗိသာရ
သိပါစ လေ ဖသတ်သမား အဓိပ္ပါယ်ရသည့်
အဇာတသတ် ဖွားလို့သတ်ဟု ပုရောဟိတ်
ပုဏ္ဏား ဟောညွှန်ကြားလည်း အားလားကျားလား အလေးမထား မွေးဖွားခဲ့ပေ။
အဇာတသတ် ငယ်စဉ်အခါ ကလေးမှာဖြင့်
လက်ငြိုးထိပ်တွင် တစ်ကျွန်းခူနာကြီး ကိုက်ငို
ညည်းတော့ အာခံတွင်းငုံ ပြည်စုပ်မျိုပြီး
ချော့သိပ်ပုံများ ဘယ်ပန်းချီရယ် ရေးမမှီတယ်မို့
ဖခင်မေတ္တာ အံ့လောက်စရာကို ကဗျာမပီ
စာမညီဖြင့် ကျူးရင့်ဖွဲ့သီ ရေးလိုက်ချင်သည်
အဲဒါဖေ့မေတ္တာစွမ်း အံ့မခန်း

မြန်မာနိုင်ငံရဲ့နံပါတ် (၁) အခမဲ့ကြော်ငြာဝက်ဘ်ဆိုက် Ads.com.mm မှာ သင့်အိမ်မှာအသုံးမပြုတော့တဲ့ပစ္စည်းများကို https://www.ads.com.mm/posts/new လင့်ခ်အတိုင်း အခမဲ့ကြော်ငြာတင်ရောင်းချလို့ရပါတယ်။

 

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s