Untitled design (1)
[Zawgyi]
 – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – 
အသီးဖျော်ရည် 
မှို
ရေချိုတူနာငါး
ဟင်းသီးဟင်းရွက်များ
ကြက်ဥ
အဆီနည်းကြက်သား
[Unicode]
“Six Pack ဖြစ်ချင်တဲ့ ကိုကိုမမများအတွက် ဆောင်ရန်ရှောင်ရန် အစားအစာများ”
– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –
လေ့ကျင့်ခန်း လုပ်လိုက်ရုံနဲ့ Six Packs ထွက်ဖို့ဆိုတာ သိပ်တော့မလွယ်ကူပေမဲ့ စားတဲ့အစားအစာ မှန်ကန်ဖို့ကလည်း အရေးကြီးပါတယ်။ Six Pack ဖြစ်ချင်တဲ့ ကိုကိုမမများအတွက် ဆောင်ရန်ရှောင်ရန် အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်။
အသီးဖျော်ရည်
အသီးဖျော်ရည်မှာ အာဟာရဓာတ်တွေ မြင့်မားစွာပါဝင်ပြီး သဘာဝသစ်သီးဖျော်ရည်တွေဟာ တက်ကြွမှုနဲ့ ခွန်အားတွေအတွက် အကောင်းဆုံး အစားအစာ  ဖြည့်စွက်မှုတစ်ခု ဖြစ်ပါတယ်။
မှို
မှိုဟာ Six Packs ရဖို့ကြိုးစားနေတဲ့သူတွေအတွက် မျက်လှည့်ဆန်ဆန် အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဗီတာမင်ဓာတ်မြင့်မားစွာ ပါဝင်ပြီး ဗိုက်ပြည့်တယ်ဆိုတဲ့ ခံစားချက်ကိုပေးနိုင်တဲ့ အစားအစာတွေထဲက တစ်ခုပါ။
ရေချိုတူနာငါး
ပရိုတိန်းဓာတ်မြင့်မားစွာပါဝင်ပြီး၊ အဆီဓာတ်နည်းတဲ့ တူနာငါးဟာ Six Pack လိုချင်တဲ့ ကိုကိုမမတွေ စားကိုစားသင့်တဲ့ အစားအစာပါပဲ။
ဟင်းသီးဟင်းရွက်များ
မကြာခဏဆိုသလို ဟင်းသီးဟင်းရွက် များများစားပေးသင့်ပါတယ်။
ကြက်ဥ
ကြက်ဥမှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဓာတ်ဟာ ပရိုတိန်းဓာတ်ပါဝင်တဲ့ တခြားအစားအစာတွေ၊ သောက်စရာတွေထက် ကြွက်သားတွေတောင့်အောင်လုပ်တဲ့နေရာမှာ ပိုပြီး အကျိုးရှိပါတယ်။
အဆီနည်းကြက်သား
ကြွက်သားကြီးစေတဲ့ ပရိုတိန်းဓာတ်မြင့်မားစွာ ပါဝင်တဲ့ အဆီနည်းကြက်သားရင်ဖုံဟာ အကောင်းဆုံးအစားအစာတစ်ခုပါပဲ။
အစားမစားခင် ရေသောက်ပါ
ရေများများသောက်ခြင်းဟာ အမှန်တကယ်ကို ဝိတ်ချတဲ့နေရာမှာ အထောက်အကူူပြုပါတယ်။ အစားမစားခင် ရေမသောက်တဲ့သူတွေထက်စာရင် ရေသောက်တဲ့သူတွေက ဝိတ်ပိုကျကြောင်း ၂၀၁၅ခုနှစ် လေ့လာမှုတစ်ရပ်က ဆိုပါတယ်။
ရှောင်ကြဉ်ရမည့်အစားအစာများ
အရက်၊ ပေါင်မုန့်ဖြူ၊ ထမင်းဖြူ၊ ဒိန်ခဲ၊ ထောပတ်၊ ချောကလက်၊ ရေခဲမုန့်၊ သကြားလုံး၊ အာလူးကြော်၊ အကြော်၊ ကြွတ်ကြွတ်ရွရွမုန့်များ၊ ဆော်ဒါအအေးများ၊ အသင့်စားအစားအစာများ၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်စတဲ့အစားအစာများ၊ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ အချိုရည်ဘူးများနှင့် အဆင်သင့် ထုပ်ပိုးထားသော အစားအစာများကို ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။
ရယ်ဒီမိတ်အစားအစာတွေ စားတာထက်စာရင် ကိုယ်ကိုယ်တိုင်ချက်ပြုတ်စားတဲ့ အစားသောက်မျိုးကို ပိုရွေးချယ်စားသုံးသင့်ပါတယ်။ အငန်အရမ်းစားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
အားကစားဝါဿနာပါတဲ့ ကိုကိုမောင်မောင်များအတွက် Ads.com.mm အခမဲ့ကြော်ငြာဝက်ဆိုက်ဒ်မှာ အောက်ပါလင့်ခ်အတိုင်း https://www.ads.com.mm/sports-fitness-outdoors သွားရောက်လေ့လာဝယ်ယူနိုင်ပါတယ်။
Advertisements
Author: Jasmine
Digital Marketer, Blogger
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s