“ဆိုးဆိုးဝါးဝါး လုပ္ေဖာ္ကိုင္ဖက္မ်ား”

Untitled design (3)

[Zawgyi]

“ဆိုးဆိုးဝါးဝါး လုပ္ေဖာ္ကိုင္ဖက္မ်ား”

– – – – – – – – – – – – – – – – – – – – – –

ေက်ာင္းေတြၿပီးလို႔ လုပ္ငန္းခြင္ အသီးသီးဝင္ၾကတဲ့အခါ လုပ္ငန္းခြင္အခက္အခဲေတြက တစ္ခ်ိန္ခ်ိန္မွာ မျဖစ္မေနၾကံဳေတြ႕ရမယ့္ ျပႆနာတစ္ခုပါပဲ။ ဒီလိုအခက္အခဲေတြကို ေအာင္ေအာင္ျမင္ျမင္ေက်ာ္လႊားနိုင္ဖို႔ နည္းလမ္းေလးေတြကို မ်ွေဝေပးခ်င္ပါတယ္။

ထြက္ေျပးမဲ့အစား ရင္ဆိုင္လိုက္ပါ။ ဘာလုိ႔လဲဆုိေတာ့ လုပ္ေဖာ္ကိုင္ဖက္ေတြဟာ သင့္ရဲ႕ သူငယ္ခ်င္းေတြမဟုတ္တဲ့အတြက္ေၾကာင့္ ေရြးခ်ယ္ေပါင္းသင္းလို႔မရသလို၊ မိသားစုလည္းမဟုတ္တာေၾကာင့္ ဘယ္သူမွားတယ္မွန္တယ္ဆိုတာ ၾကားဝင္ဆံုးျဖတ္ေပးမယ့္သူ မရွိလို႔ပါပဲ။ လုပ္ငန္းခြင္တစ္ခုမွာ အေျခခံအားျဖင့္ လုပ္ေဖာ္ကုိင္ဖက္(၅)မ်ိဳးရွိပါတယ္။ ဒီလိုလူမ်ိဳးေတြထဲက တစ္ေယာက္မဟုတ္တစ္ေယာက္နဲ႔ေတာ့ လုပ္ငန္းခြင္မွာ ၾကံဳေတြ႕မွာပါ။

(၁) သတင္းဆိုးသယ္ေဆာင္သူ

ဒီလိုလူမ်ိဳးေတြဟာ အရာရာကို အဆိုးဘက္ကပဲေတြးတတ္ပါတယ္။ အဆုိးျမင္တတ္သူမ်ားဟာ အလုပ္ခြင္ကို အဆိပ္ရွိေသာ ပတ္ဝန္းက်င္တစ္ခုအျဖစ္ ဖန္တီးၾကသူမ်ားျဖစ္ၾကပါတယ္။ သင့္ရဲ႕ စိတ္ပိုင္းဆုိင္ရာ၊ ခံစားခ်က္ပိုင္းဆုိင္ရာ၊ ရုပ္ပိုင္းဆိုင္ရာသုခအေပၚမွာ ဆိုးက်ိဳးျဖစ္ေစပါတယ္။

သူေျပာတာေတြကို တိတ္တိတ္ေလး နားေထာင္ေပးလိုက္တာပဲျဖစ္ျဖစ္၊ မရွင္းတဲ့ေနရာကုိ ရွင္းေအာင္ေမးတာျဖစ္ျဖစ္လုပ္ပါ။ သူ႔စကားေၾကာကေန ေရွာင္ထြက္ဖုိ႔ကေတာ့ “ဖုန္းေခၚစရာေလးရွိေနလို႔ (သို႔) ဒီေန႔လည္ အစည္းအေဝးအတြက္ ျပင္ဆင္စရာေလးရွိေနလို႔” စသျဖင့္ စကားေရွာင္ထြက္လို႔ရပါတယ္။

(၂) စကားကူးသန္းေရာင္းဝယ္လုပ္သူ

အဖြဲ႕အစည္းနဲ႔လုပ္ရတဲ့ေနရာေတြမွာ ေကာလဟာလေတြက ဘယ္ေတာ့မွ ရပ္တန္႔မသြားမယ့္ အရာေတြပါပဲ။ မန္ေနဂ်ာအလုပ္ျပဳတ္သြားျပီတို႔၊ ဘယ္သူနဲ႕ဘယ္သူက ၾကိဳက္ေနတာတို႕၊ ဘယ္သူကေတာ့ အဆူခံရတာတို႔၊ ဘယ္သူကေတာ့ျဖင့္ ရာထူးတိုးေတာ့မွာတို႔၊ အလုပ္ျဖဳတ္ခံရေတာ့မွာတို႔ အစရွိတဲ့သတင္းေတြကေတာ့ သူတို႔အတြက္ ေျပာစရာအေကာင္းဆံုး ေခါင္းစဥ္ေတြပါပဲ။

ဒီလိုလူမ်ိဳးအတြက္က်ေတာ့ သူတို႔ အတင္းေျပာဖို႔ႀကိဳးစားတဲ့အခါမွာ စကားဝိုင္းထဲ ေမ်ာမပါသြားပါေစနဲ႔။ ဥပမာ သူတို႔က “နင္သိၿပီးျပီလား ဟိုတစ္ေယာက္ အလုပ္သစ္ရွာေနတယ္ဆိုတာေလ၊ သူေဌး သူ႕ကိုဘာလုပ္မယ္ထင္လဲ” အဲ့အခါမွာ သင္ျပန္ေျဖသင့္တာက “အဲ့တာက သူ႔ကိစၥေလ ကုိယ့္ကိစၥမွမဟုတ္တာ။ သူေဌးနဲ႔ သူနဲ႔ ရွင္းရမယ့္ကိစၥေလ” စသျဖင့္ေျပာသင့္ပါတယ္။ အဲ့ေနာက္ စကားဝိုင္းထဲက ယဥ္ေက်းစြာနဲ႔ ျပန္ထြက္လာလိုက္ပါ။

(၃) စီကာပတ္ကံုးေျပာတတ္သူမ်ား

ဒီလိုလူမ်ိဳးေတြက်ေတာ့့ သူတို႔ေျပာခ်င္တဲ့အေၾကာင္းအရာကုိ လိုရင္းမေရာက္ပဲ တစ္သီတစ္တန္းၾကီး စီကာပတ္ကံုးေျပာတတ္တာေၾကာင့္ တစ္ခါတစ္ေလ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ အခ်ိန္နဲ႔ အားအင္ေတြကုိပါ ကုန္ခမ္းေစပါတယ္။

သူ ဇာတ္လမ္းစဖို႔ ဟန္စျပင္တာနဲ႔ သူ႔ရဲ႕ အာေပါင္အာရင္းသန္သန္ေျပာတာေတြကို လ်စ္လ်ဴရႈထားလိုက္ျပီး သင္လုပ္စရာရွိတာေတြကို ဆက္လုပ္ေနလိုက္ပါ။ “မင္းေျပာေနတာေတြကို ငါစိတ္မဝင္စားဘူး” ဆုိတဲ့ သေဘာကို သူသိသြားပါလိမ့္မယ္။

ၿပီးေတာ့ အမွန္အတိုင္း ပြင့္ပြင့္လင္းလင္းတံု႔ျပန္ခ်က္မ်ိဳးေတြ ေပးသင့္ပါတယ္။ သူ႔ရဲ႕ စုိးရိမ္ပူပန္မႈေတြကို နားလည္ေၾကာင္း၊ ဒီအခက္အခဲေတြကို သူေျဖရွင္းနိုင္မွာပါဆိုတဲ့အေၾကာင္း စသျဖင့္ ေျပာျပသင့္ပါတယ္။

ဥပမာအားျဖင့္ “ငါနင့္အခက္အခဲေတြကို နားလည္ပါတယ္။ နင္အလုပ္ေတြတာဝန္ယူရတာမ်ားေနရင္ မန္ေနဂ်ာကိုေျပာၾကည့္ၾကည့္ေပါ့။” ဒီလိုေျပာတဲ့အခါမွာလည္း တည္တည္ၿငိမ္ၿငိမ္ဟန္ပန္မ်ိဳးနဲ႔ ေျပာသင့္ပါတယ္။

(၄) အျပစ္ေျပာဖုိ႔ေခ်ာင္းေနသူ

ဒီလိုလူမ်ိဳးမွာ သင္နဲ႔ပက္သက္ၿပီး အေကာင္းေျပာစရာတစ္ခုမွမရွိပါဘူး။ မ်ားေသာအားျဖင့္ စိတ္ကမရွည္၊ ခင္မင္ဖို႔မေကာင္း၊ ေလးစားဖုိ႔မေကာင္း၊ အလြန္အျပစ္အနာအဆာရွာတတ္သူျဖစ္ပါတယ္။ ဒီလိုလူမ်ိဳးက်ေတာ့ တည့္တည့္ပဲေျပာသင့္ပါတယ္။ ဥပမာအားျဖင့္ “ငါနင္ေျပာတာကို ၿပီးေအာင္လုပ္ေပးနိုင္ပါတယ္။ ဒါေပမဲ့ နင္စကားေျပာတဲ့ေလသံကို ငါမၾကိဳက္ဘူး” အစရွိသျဖင့္ ေျပာလို႔ရပါတယ္။

သင့္ဘက္က မိမိကိုယ္ကိုယ္ ယံုၾကည္မႈအျပည့္နဲ႔ မာန္ပါပါအမူအရာမ်ိဳးဟာ ေကာင္းေသာေျပာင္းလဲမႈေတြကို ရရွိေစနိုင္ပါတယ္။ သို႔ေသာ္ သူက ဆက္တိုက္အျပစ္ရွာေနဦးမယ္ဆိုရင္ေတာ့ အၾကီးအကဲတစ္ဦးထံကို တင္ျပသင့္ပါတယ္။ ဒီလိုလူမ်ိဳးေတြေၾကာင့္ သင္စိတ္ဓာတ္က်ရတဲ့အျဖစ္မ်ိဳး၊ ကိုယ့္ကိုယ္ကို ညံ့သလိုခံစားရတဲ့အျဖစ္မ်ိဳး မျဖစ္ပါေစနဲ႔။ သင့္ဘက္က မွန္ေနတယ္ဆိုရင္ ရာထူးၾကီးသည္ျဖစ္ေစ ငယ္သည္ျဖစ္ေစ တစ္ေယာက္နဲ႔တစ္ေယာက္ ေလးစားမႈထားသင့္ပါတယ္။

(၅) အလုပ္မရွိအလုပ္ရွာသူ

တကယ္ေတာ့ ဒီလိုလူမ်ိဳးက တကယ့္ကို အလုပ္သမားေကာင္းတစ္ေယာက္ပါ။ အလြန္ေစ့စပ္လြန္း၊ အလုပ္နဲ႔ပက္သက္ရင္ ေလးစားစရာေကာင္းတဲ့ ခံယူခ်က္ေတြရွိသူတစ္ေယာက္ပါ။ ဒါေပမဲ့ အရမ္းအေသးစိတ္လြန္းတာေၾကာင့္ တစ္ခါတစ္ရံ လုပ္ေဖာ္ကုိင္ဖက္ျဖစ္ျဖစ္၊ လက္ေအာက္ငယ္သားျဖစ္ျဖစ္ စိတ္ညစ္ရပါတယ္။ အလုပ္ကုိ ရုးသြပ္သူျဖစ္တဲ့အတြက္ အလုပ္ခ်ိန္ကုန္သြားတာေတာင္သိမွာ မဟုတ္ပါဘူး။ သူ႔အတြက္က ျပႆနာမရွိေပမဲ့ အလုပ္သမားအမ်ားစုကေတာ့ အလုပ္ခ်ိန္ျပည့္တာနဲ႔ ျပန္ဖုိ႔တာစူေနသူေတြပါ။ ဒါေၾကာင့္ လုပ္ငန္းခြင္မွာ သူတို႔ကလည္း စိတ္အေနွာင့္ယွက္ျဖစ္စရာတစ္ခု ျဖစ္ေနတတ္ပါတယ္။

သူနဲ႔ကိုယ္နဲ႔ၾကားမွာ နားလည္မႈရွိပါေစ။ အလုပ္ခ်ိန္မွာဆိုရင္ သင္ဟာ တာဝန္ကိုအေကာင္းဆံုးထမ္းေဆာင္နုိင္ျပီး အလုပ္ခ်ိန္ျပည့္လ်ွင္လည္း ျပန္မည္ျဖစ္ေၾကာင္း သူတို႔သိပါေစ။

လက္ရွိအလုပ္မွာ အဆင္မေျပလို႔ အလုပ္သစ္ေျပာင္းခ်င္သူမ်ားအတြက္ Ads.com.mm အခမဲ့ေၾကာ္ျငာဝက္ဆိုက္မွာ https://www.ads.com.mm/hlaing-my/job-offers လင့္ခ္အတိုင္း အလုပ္ေလွ်ာက္ထားနိုင္ပါတယ္။

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

[Unicode]

“ဆိုးဆိုးဝါးဝါး လုပ်ဖော်ကိုင်ဖက်များ”

– – – – – – – – – – – – – – – – – – – – – –

ကျောင်းတွေပြီးလို့ လုပ်ငန်းခွင် အသီးသီးဝင်ကြတဲ့အခါ လုပ်ငန်းခွင်အခက်အခဲတွေက တစ်ချိန်ချိန်မှာ မဖြစ်မနေကြုံတွေ့ရမယ့် ပြဿနာတစ်ခုပါပဲ။ ဒီလိုအခက်အခဲတွေကို အောင်အောင်မြင်မြင်ကျော်လွှားနိုင်ဖို့ နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

ထွက်ပြေးမဲ့အစား ရင်ဆိုင်လိုက်ပါ။ ဘာလို့လဲဆိုတော့ လုပ်ဖော်ကိုင်ဖက်တွေဟာ သင့်ရဲ့ သူငယ်ချင်းတွေမဟုတ်တဲ့အတွက်ကြောင့် ရွေးချယ်ပေါင်းသင်းလို့မရသလို၊ မိသားစုလည်းမဟုတ်တာကြောင့် ဘယ်သူမှားတယ်မှန်တယ်ဆိုတာ ကြားဝင်ဆုံးဖြတ်ပေးမယ့်သူ မရှိလို့ပါပဲ။ လုပ်ငန်းခွင်တစ်ခုမှာ အခြေခံအားဖြင့် လုပ်ဖော်ကိုင်ဖက်(၅)မျိုးရှိပါတယ်။ ဒီလိုလူမျိုးတွေထဲက တစ်ယောက်မဟုတ်တစ်ယောက်နဲ့တော့ လုပ်ငန်းခွင်မှာ ကြုံတွေ့မှာပါ။

(၁) သတင်းဆိုးသယ်ဆောင်သူ

ဒီလိုလူမျိုးတွေဟာ အရာရာကို အဆိုးဘက်ကပဲတွေးတတ်ပါတယ်။ အဆိုးမြင်တတ်သူများဟာ အလုပ်ခွင်ကို အဆိပ်ရှိသော ပတ်ဝန်းကျင်တစ်ခုအဖြစ် ဖန်တီးကြသူများဖြစ်ကြပါတယ်။ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာသုခအပေါ်မှာ ဆိုးကျိုးဖြစ်စေပါတယ်။

သူပြောတာတွေကို တိတ်တိတ်လေး နားထောင်ပေးလိုက်တာပဲဖြစ်ဖြစ်၊ မရှင်းတဲ့နေရာကို ရှင်းအောင်မေးတာဖြစ်ဖြစ်လုပ်ပါ။ သူ့စကားကြောကနေ ရှောင်ထွက်ဖို့ကတော့ “ဖုန်းခေါ်စရာလေးရှိနေလို့ (သို့) ဒီနေ့လည် အစည်းအဝေးအတွက် ပြင်ဆင်စရာလေးရှိနေလို့” စသဖြင့် စကားရှောင်ထွက်လို့ရပါတယ်။

(၂) စကားကူးသန်းရောင်းဝယ်လုပ်သူ

အဖွဲ့အစည်းနဲ့လုပ်ရတဲ့နေရာတွေမှာ ကောလဟာလတွေက ဘယ်တော့မှ ရပ်တန့်မသွားမယ့် အရာတွေပါပဲ။ မန်နေဂျာအလုပ်ပြုတ်သွားပြီတို့၊ ဘယ်သူနဲ့ဘယ်သူက ကြိုက်နေတာတို့၊ ဘယ်သူကတော့ အဆူခံရတာတို့၊ ဘယ်သူကတော့ဖြင့် ရာထူးတိုးတော့မှာတို့၊ အလုပ်ဖြုတ်ခံရတော့မှာတို့ အစရှိတဲ့သတင်းတွေကတော့ သူတို့အတွက် ပြောစရာအကောင်းဆုံး ခေါင်းစဉ်တွေပါပဲ။

ဒီလိုလူမျိုးအတွက်ကျတော့ သူတို့ အတင်းပြောဖို့ကြိုးစားတဲ့အခါမှာ စကားဝိုင်းထဲ မျောမပါသွားပါစေနဲ့။ ဥပမာ သူတို့က “နင်သိပြီးပြီလား ဟိုတစ်ယောက် အလုပ်သစ်ရှာနေတယ်ဆိုတာလေ၊ သူဌေး သူ့ကိုဘာလုပ်မယ်ထင်လဲ” အဲ့အခါမှာ သင်ပြန်ဖြေသင့်တာက “အဲ့တာက သူ့ကိစ္စလေ ကိုယ့်ကိစ္စမှမဟုတ်တာ။ သူဌေးနဲ့ သူနဲ့ ရှင်းရမယ့်ကိစ္စလေ” စသဖြင့်ပြောသင့်ပါတယ်။ အဲ့နောက် စကားဝိုင်းထဲက ယဉ်ကျေးစွာနဲ့ ပြန်ထွက်လာလိုက်ပါ။

(၃) စီကာပတ်ကုံးပြောတတ်သူများ

ဒီလိုလူမျိုးတွေကျတော့ သူတို့ပြောချင်တဲ့အကြောင်းအရာကို လိုရင်းမရောက်ပဲ တစ်သီတစ်တန်းကြီး စီကာပတ်ကုံးပြောတတ်တာကြောင့် တစ်ခါတစ်လေ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အချိန်နဲ့ အားအင်တွေကိုပါ ကုန်ခမ်းစေပါတယ်။

သူ ဇာတ်လမ်းစဖို့ ဟန်စပြင်တာနဲ့ သူ့ရဲ့ အာပေါင်အာရင်းသန်သန်ပြောတာတွေကို လျစ်လျူရှုထားလိုက်ပြီး သင်လုပ်စရာရှိတာတွေကို ဆက်လုပ်နေလိုက်ပါ။ “မင်းပြောနေတာတွေကို ငါစိတ်မဝင်စားဘူး” ဆိုတဲ့ သဘောကို သူသိသွားပါလိမ့်မယ်။

ပြီးတော့ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်းတုံ့ပြန်ချက်မျိုးတွေ ပေးသင့်ပါတယ်။ သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေကို နားလည်ကြောင်း၊ ဒီအခက်အခဲတွေကို သူဖြေရှင်းနိုင်မှာပါဆိုတဲ့အကြောင်း စသဖြင့် ပြောပြသင့်ပါတယ်။

ဥပမာအားဖြင့် “ငါနင့်အခက်အခဲတွေကို နားလည်ပါတယ်။ နင်အလုပ်တွေတာဝန်ယူရတာများနေရင် မန်နေဂျာကိုပြောကြည့်ကြည့်ပေါ့။” ဒီလိုပြောတဲ့အခါမှာလည်း တည်တည်ငြိမ်ငြိမ်ဟန်ပန်မျိုးနဲ့ ပြောသင့်ပါတယ်။

(၄) အပြစ်ပြောဖို့ချောင်းနေသူ

ဒီလိုလူမျိုးမှာ သင်နဲ့ပက်သက်ပြီး အကောင်းပြောစရာတစ်ခုမှမရှိပါဘူး။ များသောအားဖြင့် စိတ်ကမရှည်၊ ခင်မင်ဖို့မကောင်း၊ လေးစားဖို့မကောင်း၊ အလွန်အပြစ်အနာအဆာရှာတတ်သူဖြစ်ပါတယ်။ ဒီလိုလူမျိုးကျတော့ တည့်တည့်ပဲပြောသင့်ပါတယ်။ ဥပမာအားဖြင့် “ငါနင်ပြောတာကို ပြီးအောင်လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ နင်စကားပြောတဲ့လေသံကို ငါမကြိုက်ဘူး” အစရှိသဖြင့် ပြောလို့ရပါတယ်။

သင့်ဘက်က မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ မာန်ပါပါအမူအရာမျိုးဟာ ကောင်းသောပြောင်းလဲမှုတွေကို ရရှိစေနိုင်ပါတယ်။ သို့သော် သူက ဆက်တိုက်အပြစ်ရှာနေဦးမယ်ဆိုရင်တော့ အကြီးအကဲတစ်ဦးထံကို တင်ပြသင့်ပါတယ်။ ဒီလိုလူမျိုးတွေကြောင့် သင်စိတ်ဓာတ်ကျရတဲ့အဖြစ်မျိုး၊ ကိုယ့်ကိုယ်ကို ညံ့သလိုခံစားရတဲ့အဖြစ်မျိုး မဖြစ်ပါစေနဲ့။ သင့်ဘက်က မှန်နေတယ်ဆိုရင် ရာထူးကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုထားသင့်ပါတယ်။

(၅) အလုပ်မရှိအလုပ်ရှာသူ

တကယ်တော့ ဒီလိုလူမျိုးက တကယ့်ကို အလုပ်သမားကောင်းတစ်ယောက်ပါ။ အလွန်စေ့စပ်လွန်း၊ အလုပ်နဲ့ပက်သက်ရင် လေးစားစရာကောင်းတဲ့ ခံယူချက်တွေရှိသူတစ်ယောက်ပါ။ ဒါပေမဲ့ အရမ်းအသေးစိတ်လွန်းတာကြောင့် တစ်ခါတစ်ရံ လုပ်ဖော်ကိုင်ဖက်ဖြစ်ဖြစ်၊ လက်အောက်ငယ်သားဖြစ်ဖြစ် စိတ်ညစ်ရပါတယ်။ အလုပ်ကို ရုးသွပ်သူဖြစ်တဲ့အတွက် အလုပ်ချိန်ကုန်သွားတာတောင်သိမှာ မဟုတ်ပါဘူး။ သူ့အတွက်က ပြဿနာမရှိပေမဲ့ အလုပ်သမားအများစုကတော့ အလုပ်ချိန်ပြည့်တာနဲ့ ပြန်ဖို့တာစူနေသူတွေပါ။ ဒါကြောင့် လုပ်ငန်းခွင်မှာ သူတို့ကလည်း စိတ်အနှောင့်ယှက်ဖြစ်စရာတစ်ခု ဖြစ်နေတတ်ပါတယ်။

သူနဲ့ကိုယ်နဲ့ကြားမှာ နားလည်မှုရှိပါစေ။ အလုပ်ချိန်မှာဆိုရင် သင်ဟာ တာဝန်ကိုအကောင်းဆုံးထမ်းဆောင်နိုင်ပြီး အလုပ်ချိန်ပြည့်လျှင်လည်း ပြန်မည်ဖြစ်ကြောင်း သူတို့သိပါစေ။

လက်ရှိအလုပ်မှာ အဆင်မပြေလို့ အလုပ်သစ်ပြောင်းချင်သူများအတွက် Ads.com.mm အခမဲ့ကြော်ငြာဝက်ဆိုက်မှာ https://www.ads.com.mm/hlaing-my/job-offers လင့်ခ်အတိုင်း အလုပ်လျှောက်ထားနိုင်ပါတယ်။

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s