ငွက္ေပ်ာသီးစားျခင္း၏ အက်ိဳးေက်းဇူးမ်ား

 

Untitled design (1)

[Zawgyi]

ငွက္ေပ်ာသီးစားျခင္း၏ အက်ိဳးေက်းဇူးမ်ား
– – – – — – – – – – – – – – – – – – – – – –

ငွက္ေပ်ာသီးကုိ ေန႔စဥ္စားသုံးျခင္းသည္ က်န္းမာေရးကုိ ေကာင္းမြန္ေစရုံသာမက အသားအေရကိုလည္း လွပေစပါသည္။ ငွက္ေပ်ာသီးစားသုံးျခင္းျဖင့္ ရရွိႏုိင္ေသာ အက်ိဳးေက်းဇူးမ်ားကုိ ေဖာ္ျပေပးလုိက္ပါတယ္။

၁။ ကုိယ္အေလးခ်ိန္ ေလ်ာ့က်ေစတယ္။

အဝလြန္ေနသူမ်ားအတြက္ ငွက္ေပ်ာသီးဟာ အေကာင္းဆုံးပိန္ေဆးပါ။ ငွက္ေပ်ာသီးသည္ အစားအစာမ်ားကုိ အစာအိမ္ထဲသုိ႔ ၾကာရွည္ေစရန္ ထိန္းသိမ္းထားေလ့ရွိၿပီး ဗုိက္ျပည့္သည္ဟု ထင္မွတ္ေစပါသည္။ ထုိ႔ေၾကာင့္ အဝလြန္သူမ်ားအတြက္ ငွက္ေပ်ာသီးတစ္လုံးကုိ ေန႔လည္စာမစားခင္တြင္ ပုံမွန္စားသုံးေပးျခင္းျဖင့္ ကုိယ္အေလးခ်ိန္ကုိ ေလ်ာ့က်ေစပါတယ္။

၂။ ဝမ္းမွန္ေစတယ္။

ငွက္ေပ်ာသီးတစ္လုံးတြင္ အမ်ွင္ဓာတ္ ၂.၅ဂရမ္ပါဝင္ၿပီး တစ္ဝက္ခန္႔မွာ အစာအိမ္မွာ မေပ်ာ္ဝင္ႏုိင္ေသာေၾကာင့္ အူမႀကီးမွတစ္ဆင့္ အညစ္အေၾကးမ်ားအျဖစ္ သယ္ေဆာင္ကာ ဝမ္းသြားေစပါတယ္။ ထုိ႔ေၾကာင္ ငွက္ေပ်ာသီးစားသုံးျခင္းသည္ ကြ်န္ေတာ္တုိ႔ေန႔စဥ္လုိအပ္ေသာ အမ်ွင္ဓာတ္ ၁ဝရာခုိင္ႏွဳန္းကုိ ေထာက္ပံ့ေပးႏုိင္ေသာေၾကာင့္ က်န္းမာေရးကုိ လြန္စြာအေထာက္အကူျပဳေစတယ္လုိ႔ ဆုိႏုိင္ပါတယ္။

၃။ ႏွလုံးလည္ပတ္မွဳကုိ ေကာင္းမြန္ေစပါတယ္။

ငွက္ေပ်ာသီးတြင္ ပါဝင္ေသာ ပုိတက္ဆီယမ္ဓာတ္သည္ ခႏၶာကုိယ္မွတစ္ဆင့္ ေသြးစီးေၾကာင္းထဲသုိ႔ လွည့္ပတ္ၿပီး ဆဲလ္အေျမွးပါးထဲရွိ ေငြ႕ရည္မ်ားထဲတြင္ ေပ်ာ္ဝင္ေစပါတယ္။ ထုိ႔ေၾကာင့္ ေသြးလွည့္ပတ္မွဳစနစ္ကုိ ပုိမုိျမန္ဆန္ေစၿပီး ႏွလုံးအားေကာင္းေစပါတယ္။

၄။ မ်က္လုံးအားေကာင္းေစပါတယ္။

ငွက္ေပ်ာသီးတြင္ ပါဝင္ေသာ ဗီတာမင္ေအ (သက္ေစာင့္ဓာတ္) သည္ မ်က္လုံးအားေကာင္းေစရန္အတြက္ အဓိကကူညီေပးပါသည္။ ဗီတာမင္ေအသည္ မ်က္စိအေျမွးပါးမ်ားကုိ ေထာက္ပံ့ေပးၿပီး အလင္းသည္ မ်က္ၾကည္လႊာသုိ႕ ဝင္ေရာက္ရာတြင္ အေကာင္းဆုံးေထာက္ပံ့ေပးပါတယ္။ ထုိ႔ေၾကာင့္ မ်က္လုံးအားနည္းသူမ်ားအတြက္လည္း ငွက္ေပ်ာသီးကုိ ပုံမွန္စားသုံးသင့္ပါတယ္။

၅။ ကင္ဆာေရာဂါကုိ ကာကြယ္တယ္။

တစ္ႏွစ္လ်င္ ငွက္ေပ်ာသီး၇၅ထက္ပုိစားေသာ အမ်ိဳးသမီးမ်ားသည္ ေက်ာက္ကပ္ကင္ဆာျဖစ္တန္စြမ္း ၄ဝရာခုိင္ႏွဳန္း ေလ်ာ့နည္းေစပါတယ္လုိ႔ ဆြီဒင္ႏုိင္ငံရဲ႕ေလ့လာမွဳတစ္ရပ္အရ သိရသည္။ တစ္ပတ္လ်င္ ငွက္ေပ်ာသီး ၄လုံးမွ၆လုံး စားသုံးသူသည္ ေက်ာက္ကပ္ကင္ဆာျဖစ္တန္စြမ္း ၅ဝရာခိုင္ႏွဳန္းေလ်ာ့က်ေစပါတယ္လုိ႔ ဆုိပါတယ္။

ကဲ . . . က်န္းမာေရးလုိက္စားလုိေသာ Ads.com.mm ပရိသတ္ႀကီးအတြက္ က်န္းမာေရးႏွင့္အလွအပပစၥည္းမ်ားကုိ https://www.ads.com.mm/health–beauty-my လင့္ခ္အတုိင္း ဝယ္ယူႏုိင္ပါတယ္။

– – – – – – – – – – – – – – – – – – — – – – – – – – – – – – – – – – – –

[Unicode]

ငှက်ပျောသီးစားခြင်း၏ အကျိုးကျေးဇူးများ
– – – – — – – – – – – – – – – – – – – – – –

ငှက်ပျောသီးကို နေ့စဉ်စားသုံးခြင်းသည် ကျန်းမာရေးကို ကောင်းမွန်စေရုံသာမက အသားအရေကိုလည်း လှပစေပါသည်။ ငှက်ပျောသီးစားသုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ်အလေးချိန် လျော့ကျစေတယ်။

အဝလွန်နေသူများအတွက် ငှက်ပျောသီးဟာ အကောင်းဆုံးပိန်ဆေးပါ။ ငှက်ပျောသီးသည် အစားအစာများကို အစာအိမ်ထဲသို့ ကြာရှည်စေရန် ထိန်းသိမ်းထားလေ့ရှိပြီး ဗိုက်ပြည့်သည်ဟု ထင်မှတ်စေပါသည်။ ထို့ကြောင့် အဝလွန်သူများအတွက် ငှက်ပျောသီးတစ်လုံးကို နေ့လည်စာမစားခင်တွင် ပုံမှန်စားသုံးပေးခြင်းဖြင့် ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။

၂။ ဝမ်းမှန်စေတယ်။

ငှက်ပျောသီးတစ်လုံးတွင် အမျှင်ဓာတ် ၂.၅ဂရမ်ပါဝင်ပြီး တစ်ဝက်ခန့်မှာ အစာအိမ်မှာ မပျော်ဝင်နိုင်သောကြောင့် အူမကြီးမှတစ်ဆင့် အညစ်အကြေးများအဖြစ် သယ်ဆောင်ကာ ဝမ်းသွားစေပါတယ်။ ထို့ကြောင် ငှက်ပျောသီးစားသုံးခြင်းသည် ကျွန်တော်တို့နေ့စဉ်လိုအပ်သော အမျှင်ဓာတ် ၁ဝရာခိုင်နှုန်းကို ထောက်ပံ့ပေးနိုင်သောကြောင့် ကျန်းမာရေးကို လွန်စွာအထောက်အကူပြုစေတယ်လို့ ဆိုနိုင်ပါတယ်။

၃။ နှလုံးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

ငှက်ပျောသီးတွင် ပါဝင်သော ပိုတက်ဆီယမ်ဓာတ်သည် ခန္ဓာကိုယ်မှတစ်ဆင့် သွေးစီးကြောင်းထဲသို့ လှည့်ပတ်ပြီး ဆဲလ်အမြှေးပါးထဲရှိ ငွေ့ရည်များထဲတွင် ပျော်ဝင်စေပါတယ်။ ထို့ကြောင့် သွေးလှည့်ပတ်မှုစနစ်ကို ပိုမိုမြန်ဆန်စေပြီး နှလုံးအားကောင်းစေပါတယ်။

၄။ မျက်လုံးအားကောင်းစေပါတယ်။

ငှက်ပျောသီးတွင် ပါဝင်သော ဗီတာမင်အေ (သက်စောင့်ဓာတ်) သည် မျက်လုံးအားကောင်းစေရန်အတွက် အဓိကကူညီပေးပါသည်။ ဗီတာမင်အေသည် မျက်စိအမြှေးပါးများကို ထောက်ပံ့ပေးပြီး အလင်းသည် မျက်ကြည်လွှာသို့ ဝင်ရောက်ရာတွင် အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ ထို့ကြောင့် မျက်လုံးအားနည်းသူများအတွက်လည်း ငှက်ပျောသီးကို ပုံမှန်စားသုံးသင့်ပါတယ်။

၅။ ကင်ဆာရောဂါကို ကာကွယ်တယ်။

တစ်နှစ်လျင် ငှက်ပျောသီး၇၅ထက်ပိုစားသော အမျိုးသမီးများသည် ကျောက်ကပ်ကင်ဆာဖြစ်တန်စွမ်း ၄ဝရာခိုင်နှုန်း လျော့နည်းစေပါတယ်လို့ ဆွီဒင်နိုင်ငံရဲ့လေ့လာမှုတစ်ရပ်အရ သိရသည်။ တစ်ပတ်လျင် ငှက်ပျောသီး ၄လုံးမှ၆လုံး စားသုံးသူသည် ကျောက်ကပ်ကင်ဆာဖြစ်တန်စွမ်း ၅ဝရာခိုင်နှုန်းလျော့ကျစေပါတယ်လို့ ဆိုပါတယ်။

ကဲ . . . ကျန်းမာရေးလိုက်စားလိုသော Ads.com.mm ပရိသတ်ကြီးအတွက် ကျန်းမာရေးနှင့်အလှအပပစ္စည်းများကို https://www.ads.com.mm/health–beauty-my လင့်ခ်အတိုင်း ဝယ်ယူနိုင်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s