ကမၻာ့အျမင့္ဆုံး ျမင္းခုံတံတား (ဂုတ္ထိပ္တံတား)

Untitled design

[Zawgyi]

ကမၻာ့အျမင့္ဆုံး ျမင္းခုံတံတား (ဂုတ္ထိပ္တံတား)

– – – – – – – – – – – – – – – – – – – – – – – – – –
ျမစ္ခ်ာင္းမ်ားသည္ တစ္ခါတစ္ရံတြင္ တစ္ေနရာ၌ ငုပ္လွ်ိဳးကြယ္ေပ်ာက္သြားၿပီး အျခားတစ္ေနရာ၌ ျပန္လည္ ထြက္ေပၚလာ၍ စီးဆင္းတတ္ၾကသည္။ ရွမ္းျပည္နယ္ (ေျမာက္ပုိင္း) ေက်ာက္မဲၿမိဳ႕နယ္ တြင္လည္း “နမ္းပေဆး” ျမစ္သည္ ထုိသုိ႔ ေျမႀကီးအတြင္း ငုပ္လွ်ိဳးကြယ္ေပ်ာက္ သြားၿပီးမွျမစ္ေၾကာင္း ျပန္လည္ျဖစ္ေပၚစီးဆင္းေသာေနရာကို “ငုပ္ထိပ္”ဟု ေခၚဆုိရာမွကာလၾကာျမင့္ေသာအခါ “ဂုတ္ထိပ္” ဟု လူသိမ်ားေခၚေဝၚလာၾကသည္။

ထုိဂုတ္ထိပ္အနီးတြင္ သစ္ပင္ခ်ဳံႏြယ္မ်ား ထူထပ္မ်ားျပားစြာ ေပါက္ေရာက္လ်က္ရွိၿပီး အလြန္ မတ္ေစာက္ေသာ လွ်ိဳႀကီးမ်ားလည္း ရွိေပသည္။ အဂၤလိပ္တုိ႔ ေဖာက္လုပ္ခဲ့ေသာ မီးရထားလမ္းမ်ားထဲတြင္ မႏၲေလး-လား႐ႈိး လမ္းေပၚရွိ ဂုတ္ထိပ္ တံတားႀကီးကုိလည္း ခက္ခက္ခဲခဲ ေဖာက္လုပ္ခဲ့ရျပန္သည္။ တံတားႀကီး တည္ေဆာက္ရန္ လုိအပ္ေသာ ပစၥည္းမ်ားကုိ အေမရိကန္ႏုိင္ငံ နယူးေယာက္ၿမိဳ႕ မွ သေဘၤာႀကီးမ်ားျဖင့္ သယ္ယူခဲ့ၾကရသည္။

ဂုတ္ထိပ္ တံတားႀကီးသည္ အျခားတံတားမ်ားနည္းတူ ျမစ္ေခ်ာင္းမ်ားကုိ ေက်ာ္ျဖတ္ ေဖာက္လုပ္ေသာ တံတား မဟုတ္ဘဲ အလြန္ မတ္ေစာက္ေသာ လွ်ိဳႀကီး ႏွစ္ခုကုိ ဆက္သြယ္ ေဖာက္လုပ္ ထားျခင္းပင္ ၿဖစ္သည္။ ဂုတ္ထိပ္ တံတားႀကီး သည္ ေပ ၂၂၆ဝ ရွည္လ်ားၿပီး ေပ ၁၁ဝဝ ျမင့္ေသာေၾကာင့္ ကမၻာ့အျမင့္ဆံုး ျမင္းခုံတံတား (The World Largest Trestle) အျဖစ္ သတ္မွတ္ျခင္း ခံခဲ့ရသည္။ တံတားႀကီး တည္ေဆာက္ရာတြင္ သံ ႏွင့္ သံမဏိ တန္ခ်ိန္ေပါင္း ၄၃၁၁ တန္ရွိၿပီး၊ အသံုးျပဳခဲ့ရသည့္ သံမႈိေပါင္းမွာ အေရအတြက္အားလံုး ၁၀ သိန္း ရွိခဲ့သည္။

တံတားႀကီး သည္ ေနာင္ခ်ိဳ ဘူတာႏွင့္ ၇ မုိင္အကြာတြင္ တည္ရွိၿပီး ေနာင္ခ်ိဳၿမိဳ႕နယ္ ႏွင့္ ေက်ာက္မဲၿမိဳ႕နယ္ တုိ႔၏ နယ္နိမိတ္ သတ္မွတ္ထားရာလည္း ၿဖစ္သည္။ တံတားေပၚတြင္ မီးရထား တစ္မ်ိဳးသာလွ်င္ သြားလာ ႏုိင္သည္။

ကမၻာေက်ာ္ ဂုတ္ထိပ္တံတားႀကီးကုိ ၁၉၀၃ ခုႏွစ္တြင္ ေဆာက္လုပ္ၿပီးစီးခဲ့ရာ ယခုအခါ ႏွစ္ေပါင္း (၁၁ဝ) ေက်ာ္ရွိၿပီ ျဖစ္သည္။ တံတားႀကီးသုိ႔ ၿပင္ဦးလြင္ ႏွင့္ မႏၲေလးၿမိဳ႕တုိ႔မွ မီးရထားျဖင့္ျဖစ္ေစ၊ ကားလမ္းမွ ျဖစ္ေစ ေန႔ခ်င္းျပန္ သြားေရာက္ ေလ့လာလည္ပတ္ႏုိင္မည္ျဖစ္သည္။

အခုလုိ သမုိင္းဝင္ခရီးသြားေနရာမ်ားအား သြားေရာက္လည္ပတ္လုိရင္ေတာ့ ခရီးသြားလက္မွတ္မ်ားကုိ ဝါသနာႏွင့္အားကစားပစၥည္းမ်ားက႑မွာ https://www.ads.com.mm/travel-events-tickets လင့္ခ္အတုိင္း ရွာေဖြႏုိင္ပါတယ္။

– – – – –  – – – – – –  – – – – – – –  – – – – – – – –  – – – – – – – – – –

[Unicode]

ကမ္ဘာ့အမြင့်ဆုံး မြင်းခုံတံတား (ဂုတ်ထိပ်တံတား)

– – – – – – – – – – – – – – – – – – – – – – – – – –

မြစ်ချာင်းများသည် တစ်ခါတစ်ရံတွင် တစ်နေရာ၌ ငုပ်လျှိုးကွယ်ပျောက်သွားပြီး အခြားတစ်နေရာ၌ ပြန်လည် ထွက်ပေါ်လာ၍ စီးဆင်းတတ်ကြသည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် တွင်လည်း “နမ်းပဆေး” မြစ်သည် ထိုသို့ မြေကြီးအတွင်း ငုပ်လျှိုးကွယ်ပျောက် သွားပြီးမှမြစ်ကြောင်း ပြန်လည်ဖြစ်ပေါ်စီးဆင်းသောနေရာကို “ငုပ်ထိပ်”ဟု ခေါ်ဆိုရာမှကာလကြာမြင့်သောအခါ “ဂုတ်ထိပ်” ဟု လူသိများခေါ်ဝေါ်လာကြသည်။

ထိုဂုတ်ထိပ်အနီးတွင် သစ်ပင်ချုံနွယ်များ ထူထပ်များပြားစွာ ပေါက်ရောက်လျက်ရှိပြီး အလွန် မတ်စောက်သော လျှိုကြီးများလည်း ရှိပေသည်။ အင်္ဂလိပ်တို့ ဖောက်လုပ်ခဲ့သော မီးရထားလမ်းများထဲတွင် မန္တလေး-လားရှိုး လမ်းပေါ်ရှိ ဂုတ်ထိပ် တံတားကြီးကိုလည်း ခက်ခက်ခဲခဲ ဖောက်လုပ်ခဲ့ရပြန်သည်။ တံတားကြီး တည်ဆောက်ရန် လိုအပ်သော ပစ္စည်းများကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ မှ သငေ်္ဘာကြီးများဖြင့် သယ်ယူခဲ့ကြရသည်။

ဂုတ်ထိပ် တံတားကြီးသည် အခြားတံတားများနည်းတူ မြစ်ချောင်းများကို ကျော်ဖြတ် ဖောက်လုပ်သော တံတား မဟုတ်ဘဲ အလွန် မတ်စောက်သော လျှိုကြီး နှစ်ခုကို ဆက်သွယ် ဖောက်လုပ် ထားခြင်းပင် ဖြစ်သည်။ ဂုတ်ထိပ် တံတားကြီး သည် ပေ ၂၂၆ဝ ရှည်လျားပြီး ပေ ၁၁ဝဝ မြင့်သောကြောင့် ကမ္ဘာ့အမြင့်ဆုံး မြင်းခုံတံတား (The World Largest Trestle) အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ တံတားကြီး တည်ဆောက်ရာတွင် သံ နှင့် သံမဏိ တန်ချိန်ပေါင်း ၄၃၁၁ တန်ရှိပြီး၊ အသုံးပြုခဲ့ရသည့် သံမှိုပေါင်းမှာ အရေအတွက်အားလုံး ၁၀ သိန်း ရှိခဲ့သည်။

တံတားကြီး သည် နောင်ချို ဘူတာနှင့် ၇ မိုင်အကွာတွင် တည်ရှိပြီး နောင်ချိုမြို့နယ် နှင့် ကျောက်မဲမြို့နယ် တို့၏ နယ်နိမိတ် သတ်မှတ်ထားရာလည်း ဖြစ်သည်။ တံတားပေါ်တွင် မီးရထား တစ်မျိုးသာလျှင် သွားလာ နိုင်သည်။

ကမ္ဘာကျော် ဂုတ်ထိပ်တံတားကြီးကို ၁၉၀၃ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ရာ ယခုအခါ နှစ်ပေါင်း (၁၁ဝ) ကျော်ရှိပြီ ဖြစ်သည်။ တံတားကြီးသို့ ပြင်ဦးလွင် နှင့် မန္တလေးမြို့တို့မှ မီးရထားဖြင့်ဖြစ်စေ၊ ကားလမ်းမှ ဖြစ်စေ နေ့ချင်းပြန် သွားရောက် လေ့လာလည်ပတ်နိုင်မည်ဖြစ်သည်။

အခုလို သမိုင်းဝင်ခရီးသွားနေရာများအား သွားရောက်လည်ပတ်လိုရင်တော့ ခရီးသွားလက်မှတ်များကို ဝါသနာနှင့်အားကစားပစ္စည်းများကဏ္ဍမှာ https://www.ads.com.mm/travel-events-tickets လင့်ခ်အတိုင်း ရှာဖွေနိုင်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s