အရက္သမားမ်ား၏ အမူအက်င့္မ်ား
Drink Blog.png
[Zawgyi]
အရက္သမားမ်ား၏ အမူအက်င့္မ်ား
– – – – – – – – – – – – – – – – – – –
၃။ မက်ဆေ့မှားပို့ခြင်း
၎။ ငိုခြင်း
၆။ စကားသွက်လာခြင်း
– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –  – — – – – – –
[Unicode]
အရက်သမားများ၏ အမူအကျင့်များ
– – – – – – – – – – – – – – – – – – –
အရက်သမား အမှားတစ်ထောင်ဆိုသည့်အတိုင်း အရက်သောက်လာလျင် မှားယွင်းတက်သောအကြောင်းအရာများကို ဗဟုသုတဖြစ်ဖွယ်ဖော်ပြလိုက်ပါတယ်။
၁။ နှစ်ပင်လိမ်၊ သုံးပင်လိမ်ဖြစ်ခြင်း
ပုံမှန်အားဖြင့် ဘီယာသောက်ရင်ပဲဖြစ်ဖြစ်၊အရက်သောက်နေရင်ပဲဖြစ်ဖြစ် အမျိုးအစားတစ်ခုတည်းကိုပဲ သောက်သင့်ပါတယ်။ မှားယွင်းပြီး နှစ်ပင်လိမ်၊သုံးပင်လိမ်ဖြစ်လျင် ဥသြဆွဲကာ အန်ပါလိမ့်မည်။
၂။ အနီးဆုံးလူကို နမ်းခြင်း
စကားပြောရင်း၊ အရက်သောက်နေရင်းနှင့်ပင် အနီးဆုံးလူကို အချစ်လွန်ပြီး သူငယ်ချင်းကို ဖက်နမ်းတက်ကြပါတယ်။ မူးလာရင် နမ်းတက်တဲ့သူငယ်ချင်းလည်း အများကြီး တွေ့ဖူးပါတယ်။
၃။ မက်ဆေ့မှားပို့ခြင်း
မူးနေချိန်မှာဆို ရည်းစားဆီပို့တဲ့မက်ဆေ့က အဖေဆီကို ရောက်တာလည်း ဖြစ်နိုင်ပါတယ်။ “ချစ်တယ် အာဘွားပေးမယ်” လို့ မူးနေချိန်မှာ ပို့လိုက်တဲ့မက်ဆေ့က ရည်းစားဆီမရောက်ဘဲ ကိုယ့်အဖေဆီရောက်သွားရင်တော့ ဖခင်ခမျာ ငါ့သားခြောက်နေပြီလို့ တွေးရင်း ရင်ကျိုးရမှာပဲ။
၄။ ငိုခြင်း
ပုံမှန်အချိန်မှာ မေ့ပျောက်ထားသော ဝမ်းနည်းစရာခံစားချက်များဟာ မူးလာပြီဆိုလျင် ပေါ်လာတက်ပါတယ်။ ထိုအချိန်ကျမှ ဝမ်းနည်းစရာတွေ တွေးမိပြီး ငိုတော့ သူငယ်ချင်းတွေ အမူးပြေကုန်တာပေါ့။
၅။ ကိုယ်ကြည့်မရတဲ့သူတောင် အရက်ဝိုင်းမှာဆို မိတ်ဆွေဖွဲ့ခြင်း
အရက်သမားတွေဟာ ပုံမှန်အားဖြင့် သိပ်ကြည့်မရဖြစ်နေတက်တဲ့ သူငယ်ချင်းကိုတောင် အရက်ဝိုင်းမှာ ငယ်ပေါင်းကြီးဖော်ပမာ ဆက်ဆံတာတွေ့ဖူးမှာပါ။
၆။ စကားသွက်လာခြင်း
အရက်လေး နည်းနည်းဝင်လာပြီဆို အာသွက်လျှာသွက်ဖြစ်ကာ Rapping ရွတ်နေပါတော့တယ်။ မိမိရင်ထဲမှာ ရှိတဲ့အကြောင်းအရာများကို ရင်ဖွင့်တက်ကြပါတယ်။ အဲဒါကြောင့်ပဲ “ထန်းရေမူး ကျွဲခိုးပေါ်” လို့ စကားပုံရှိလာခြင်းဖြစ်ပါတယ်။
၇။ မြူးကြွကာ သီချင်းဆိုတက်ခြင်း
အရည်လေး နည်းနည်းဝင်ပြီဆို အာပေါင်းအာရင်း သန်သန်၊ အဆောင်ရှေ့၊လမ်းထိပ်၊ KTV များကို သွားရောက်ကာ သီချင်းဆိုကြပါတယ်။ မူးလာလျင် ပြုလုပ်တက်သော လူတွေရဲ့အမူအကျင့်များကို ဖော်ပြထားပါတယ်။ သူငယ်ချင်းတို့ရေ . . . လိုသေးတဲ့အချက်များရှိလျင်လည်း ထပ်ဖြည့်ပေးဦးနော်။
ကဲ . . . . အခုလို အစားအသောက်များကို စိတ်ဝင်စားတဲ့ Ads.com.mm ပရိသတ်ကြီးအတွက် အစားအသောက်များကို https://www.ads.com.mm/agriculture-food လင့်ခ်အတိုင်း ရှာဖွေနိုင်ပါတယ်။
Advertisements
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s