Blog House.png
[Zawgyi]
– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –
၁။ ဈေးနှုန်း
၂။ တည်နေရာ
၃။ အရွယ်အစား
၅။ မြင်ကွင်း
၆။ ယာယီလား၊ ထာဝစဉ်လား
– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – —
[Unicode]
အိမ်အသစ်တစ်လုံးဝယ်မည်ဆိုလျင် လေ့လာသင့်သောအရာများ
– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –
လူတိုင်းသည် မိမိတို့နေအိမ်ရာ ဂေဟာအသိုက်အမြုံလေးကို သန့်ရှင်းစွာ နေထိုင်လိုကြသည်။ အိမ်၊တိုက်ခန်း အသစ်ဝယ်မည်ဆိုလျင် သိသင့်သိထိုက်သော အချက်အလက်များကို ဖော်ပြပါမည်။
၁။ ဈေးနှုန်း
မိမိတို့ ဝယ်ယူလိုသော ဂေဟာလေး၏ ဈေးနှုန်းကို ကြိုတင်မှန်းဆထားရမည်။ အိမ်၏ ဈေးနှုန်းသည် ကာလပေါက်ဈေးနှင့် နှိုင်းယှဉ်လျင် ထိုက်တန်ပါသည်လား၊ မိမိပြန်ရောင်းလျင်လည်း အမြတ်အစွန်းရနိုင်သည်လား ကြိုတင်မှန်းဆထားရမည်။
၂။ တည်နေရာ
မိမိသည် မိသားစုရှိမည်ဆိုလျင် ကလေးများအတွက် ကျောင်းနှင့်လည်း နီးပါသလား၊သွားရေးလာရေး လွယ်ကူစေရန် ကားမှတ်တိုင်နှင့်လည်း နီးပါသလား၊ ကျန်းမာရေးအတွက် ဆေးရုံဆေးခန်းနှင့်လည်း နီးပါသလားဟု အမျိုးမျိုးကြိုတင်တွေးတောထားသင့်ပါသည်။
၃။ အရွယ်အစား
မိမိ၏ မိသားစုသည် လူဦးရေများမည်ဆိုလျင် အိမ်၏အကျယ်အဝန်းသည် မိသားစုဝင်အားလုံးအတွက် နေသာထိုင်သာရှိအောင် ကြိုတင်တွေးထားသင့်သည်။ အိမ်၏ဧရိယာသည် မည်မျှရှိမည်၊ ခြံ၏ဧရိယာသည် မည်မျှရှိမည်ကို ကြိုတင်သိရှိထားရမည်။
၄။ ဧရိယာတိုးချဲ့နိုင်ခြင်း
ဝယ်ယူလိုသော အိမ်၏ ဧရိယာသည် မိမိတို့လိုအပ်လာလျင် ထပ်မံချဲ့ထွင်လာနိုင်သလဲဆိုတာကို ကြိုတင်လေ့လာထားသင့်ပါတယ်။
၅။ မြင်ကွင်း
မိမိတို့ဝယ်ယူလိုသော နေအိမ်ပတ်ဝန်းကျင်သည် မိမိတို့မိသားစုနှင့် သဟဇာတဖြစ်ပါမည်လား ကြိုတင်သိရှိထားသင့်ပါသည်။ မိမိသည် ဘာသာရေးသမားဖြစ်မည်ဆိုလျင် သားသတ်ရုံနှင့်နီးသော အိမ်ခြံမြေကို ဝယ်ယူလိုက်လျင် တစ်သတ်လုံး အဆင်ပြေမည်မဟုတ်ပါ။ မိမိတို့သည် လေကောင်းလေသန့်ရရှိနိုင်သော မြင်ကွင်းမျိုး ပိုင်ဆိုင်ထားလျင် ပိုမိုကောင်းမွန်ပေသည်။
၆။ ယာယီလား၊ ထာဝစဉ်လား
မိမိတို့သည် ဝယ်ယူလိုသော နေအိမ်ကို ယာယီအတွက်လား၊အမြဲနေထိုင်ဖို့အတွက်လား ကြိုတင်ဆုံးဖြတ်ထားသင့်ပါသည်။ အမြဲနေထိုင်ဖို့အတွက်ဆိုလျင် ကျယ်ဝန်းသောဧရိယာ၊ လေကောင်းလေသန့်ရသော မြင်ကွင်းမျိုး ပိုင်ဆိုင်ထားလျင် ပိုမိုအဆင်ပြေမည်ဟု ဆိုချင်ပါသည်။
အိမ်ခြံမြေဝယ်ယူလိုသော Ads.com.mm ပရိသတ်ကြီးအတွက် မိမိတို့ဝယ်ယူလိုသော အိမ်ခြံမြေများကို https://www.ads.com.mm/real-estate လင့်ခ်အတိုင်း ရှာဖွေနိုင်ပါတယ်။
Advertisements
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s