မိသားစုေန႔ (Family Day) ဆုေတာင္း

Untitled design (1).png

[Zawgyi]

မိသားစုေန႔ (Family Day) ဆုေတာင္း

– – – – – – – – — – – – – – – – – – – – –

 

“မိုးရြာရင္ မုိးေရခ်ိဳးမယ္

ေမေမလာရင္ ႏုိ႔စုိ႔မယ္

ေဖေဖလာရင္ အုန္းသီးခြဲစားမယ္”

 

ဒီသီခ်င္းေလး ၾကားမိရင္ ကေလးဘဝကုိ လူတုိင္းတမ္းတမိၾကမွာပါ။ အပူအပင္ ကင္းမဲ့တဲ့ကေလးဘဝမွာ ဘာကုိမွမေတြးေတာဘဲ စားခ်ိန္စား၊ကစားခ်ိန္ ကစား ေနလာၾကပါတယ္။ မုိးေရထဲ သူငယ္ခ်င္းမ်ားႏွင့္ ေဘာလုံးကစားခဲ့တာကုိလည္း ျပန္လည္သတိရမိမွာပါ။ ကေလးဘဝမွာ မိဘရင္ခြင္ ခုိလွံဳၿပီး ေအးခ်မ္းတဲ့အေငြ႕အသက္ကုိ ခံစားၾကခဲ့ပါတယ္။ အေမ့ကုိ မုန္႔ဖုိး လက္ျဖန္႔ေတာင္း၊ အေဖ့ကုိ ႏြဲ႕ဆုိးဆုိးၿပီး ကေလးဘဝကုိ ကုန္ဆုံးၾကရပါတယ္။ အရြယ္ေတြ ေရာက္လာၾကေတာ့ ပညာေရးအတြက္၊စီးပြားေရးအတြက္ မိဘရင္ခြင္ေမြးရပ္ေျမမွ ခြဲခြာၿပီး နယ္ေျမသစ္ကုိ ေျပာင္းလဲေနထုိင္ၾကရပါတယ္။

ထုိအခ်ိန္ေရာက္လာမွ မိသားစုကုိ လြမ္းဆြတ္တမ္းတစိတ္ေတြျပည့္ေနတုန္းမွာ “ၿမိဳ႕ႀကီးျပႀကီး မနီးတဲ့ေတာရပ္ရြာတြင္၊ ေတာရပ္ဌာေနမွ အဲဒီကအစ လူျဖစ္ရတဲ့ကုိယ့္ဘဝ အေျခတြင္ ကုိယ့္အသက္အရြယ္ ငါးႏွစ္ေက်ာ္ဆယ္ႏွစ္အတြင္း အေဖာ္ေတြမ်ားႏွင့္ ကစားခဲ့ၾကေပ်ာ္ေပ်ာ္ရႊင္ မေမ့ႏုိင္ဘူး အစဥ္ကုိယ့္ဇာတိေျမ ေတာရပ္ရြာကုိပင္” ဆုိတဲ့ စႏၵယားထြန္းညႊန္႔ရဲ႕ “ကုိယ့္ရပ္ဌာေန” သီခ်င္းကုိ နားေထာင္လုိက္ရတုိင္း မိသားစုကုိ လြမ္းဆြတ္စိတ္၊ ဇာတိေျမကုိ လြမ္းဆြတ္စိတ္ေတြေၾကာင့္ မ်က္ရည္မဆည္ႏုိင္ျဖစ္ၾကရပါတယ္။

“ေပ်ာ္ရာမွာ မေနရ၊ ေတာ္ရာမွာ ေနရ” ဆုိတဲ့စကားအတုိင္း ေမြးရပ္ေျမမွာ အေနေပ်ာ္ေပမယ့္လည္း ေရၾကည္ရာျမက္ႏုရာသုိ႔ ေရႊ႕ေျပာင္းေနထုိင္ၾကရပါတယ္။ ဒီေန႔ ေမလ ၁၅ရက္ေန႔ မိသားစုေန႔ (Family Day) မွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကြဲကြာေနတဲ့မိသားစုမ်ား ျပန္လည္ေပါင္းစည္းၿပီး ကာယစိတၱႏွစ္ျဖာေသာသုခႏွင့္ ျပည့္စုံၾကပါေစလုိ႔ Ads.com.mm မိသားစုမွ ေတာင္းဆုေခြ်လုိက္ရပါတယ္။

#SellAndBuyEverything #Adscommm #HappyFamilyDay

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

[Unicode]

မိသားစုနေ့ (Family Day) ဆုတောင်း

– – – – – – – – — – – – – – – – – – – – –

 

“မိုးရွာရင် မိုးရေချိုးမယ်

မေမေလာရင် နို့စို့မယ်

ဖေဖေလာရင် အုန်းသီးခွဲစားမယ်”

 

ဒီသီချင်းလေး ကြားမိရင် ကလေးဘဝကို လူတိုင်းတမ်းတမိကြမှာပါ။ အပူအပင် ကင်းမဲ့တဲ့ကလေးဘဝမှာ ဘာကိုမှမတွေးတောဘဲ စားချိန်စား၊ကစားချိန် ကစား နေလာကြပါတယ်။ မိုးရေထဲ သူငယ်ချင်းများနှင့် ဘောလုံးကစားခဲ့တာကိုလည်း ပြန်လည်သတိရမိမှာပါ။ ကလေးဘဝမှာ မိဘရင်ခွင် ခိုလှုံပြီး အေးချမ်းတဲ့အငွေ့အသက်ကို ခံစားကြခဲ့ပါတယ်။ အမေ့ကို မုန့်ဖိုး လက်ဖြန့်တောင်း၊ အဖေ့ကို နွဲ့ဆိုးဆိုးပြီး ကလေးဘဝကို ကုန်ဆုံးကြရပါတယ်။ အရွယ်တွေ ရောက်လာကြတော့ ပညာရေးအတွက်၊စီးပွားရေးအတွက် မိဘရင်ခွင်မွေးရပ်မြေမှ ခွဲခွာပြီး နယ်မြေသစ်ကို ပြောင်းလဲနေထိုင်ကြရပါတယ်။

ထိုအချိန်ရောက်လာမှ မိသားစုကို လွမ်းဆွတ်တမ်းတစိတ်တွေပြည့်နေတုန်းမှာ “မြို့ကြီးပြကြီး မနီးတဲ့တောရပ်ရွာတွင်၊ တောရပ်ဌာနေမှ အဲဒီကအစ လူဖြစ်ရတဲ့ကိုယ့်ဘဝ အခြေတွင် ကိုယ့်အသက်အရွယ် ငါးနှစ်ကျော်ဆယ်နှစ်အတွင်း အဖော်တွေများနှင့် ကစားခဲ့ကြပျော်ပျော်ရွှင် မမေ့နိုင်ဘူး အစဉ်ကိုယ့်ဇာတိမြေ တောရပ်ရွာကိုပင်” ဆိုတဲ့ စန္ဒယားထွန်းညွှန့်ရဲ့ “ကိုယ့်ရပ်ဌာနေ” သီချင်းကို နားထောင်လိုက်ရတိုင်း မိသားစုကို လွမ်းဆွတ်စိတ်၊ ဇာတိမြေကို လွမ်းဆွတ်စိတ်တွေကြောင့် မျက်ရည်မဆည်နိုင်ဖြစ်ကြရပါတယ်။

“ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရ” ဆိုတဲ့စကားအတိုင်း မွေးရပ်မြေမှာ အနေပျော်ပေမယ့်လည်း ရေကြည်ရာမြက်နုရာသို့ ရွှေ့ပြောင်းနေထိုင်ကြရပါတယ်။ ဒီနေ့ မေလ ၁၅ရက်နေ့ မိသားစုနေ့ (Family Day) မှာ အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာနေတဲ့မိသားစုများ ပြန်လည်ပေါင်းစည်းပြီး ကာယစိတ္တနှစ်ဖြာသောသုခနှင့် ပြည့်စုံကြပါစေလို့ Ads.com.mm မိသားစုမှ တောင်းဆုချွေလိုက်ရပါတယ်။

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s