Untitled design (1).png
– – – – —  — – – – – – – – – – – – – – – –
– – – – – – –  – – — –  —  — –  – – – – – – – – – – – – –
[Unicode]
သွားတိုက်ဆေး၏ အသုံးဝင်အစွမ်း အံ့မခမ်း
– – – – —  — – – – – – – – – – – – – – – –
ကျွန်တော်တို့သည် သွားတိုက်ဆေးကို နေ့စဉ်သုံးစွဲနေကြပါသည်။ သွားတိုက်ဆေးသည် သွားများကို သန့်ရှင်းစင်ကြယ်စေဖို့အတွက်ပဲဟု လူတိုင်းနားလည်ထားသော်လည်း သင်မသိသေးသော သွားတိုက်ဆေး၏ အသုံးဝင်ပုံများကို ဖော်ပြလိုက်ပါသည်။
၁။ အအေးဘူးများကို ဆေးကြောရာတွင်လည်း အသုံးပြုနိုင်ပါတယ်။
သွားတိုက်ဆေး၏ အသုံးဝင်ပုံမှာ သင်၏အိမ်တွင် အသုံးပြုပြီးသားအအေးဘူးများကို ဆေးကြောပြီး ပြန်လည်အသုံးပြုလိုပါလျင် သွားတိုက်ဆေးဖြင့်လည်း ဆေးကြော၍ အဆင်ပြေစေပါသည်။ ဆပ်ပြာဖြင့်ဆေးကြောခြင်းထက် သွားတိုက်ဆေးဖြင့် ဆေးကြောခြင်းကို အနံ့ဆိုးကို ပိုမိုပျောက်ကင်းစေပါသည်။ ထို့ကြောင့် သွားတိုက်ဆေးကို ပန်းကန်၊အိုးခွက်များ ဆေးကြောရာတွင်လည်း ဆပ်ပြာအစား အသုံးပြုနိုင်ပါသည်။
၂။ လက်ဝတ်ရတနာများ သန့်ရှင်းရာတွင်လည်း အသုံးပြုနိုင်ပါတယ်။
လက်ဝတ်ရတနာများကို သန့်ရှင်းရာတွင် နည်းလမ်းမျိုးစုံရှိသော်လည်း သွားတိုက်ဆေးကို လက်ဝတ်ရတနာများ ဆေးကြောရာတွင်လည်း အသုံးပြုနိုင်ပါသည်။ သွားတိုက်ဆေးဖြင့် မိမိလက်ဝတ်ရတနာများကို အချိန်တိုအတွင်း သန့်ရှင်းဆေးကြောနိုင်ပါသည်။
၃။ အစွန်းအထင်းများကိုလည်း ဖယ်ရှားနိုင်ပါတယ်။
အသုံးအဆောင်အဝတ်အစားများတွင် အစွန်းအထင်းများ ညစ်ပေနေလျင် ချွတ်ဆေးမသုံးရဘဲ သွားတိုက်ဆေးဖြင့် အလွယ်တကူ လျှော်ဖွတ်နိုင်ပါသည်။ ထို့အပြင် နှုတ်ခမ်းနီများ၊မှင်များ၊ကွမ်းတံတွေးများနှင့်အခြားအညစ်အကြေးများ စွန်းထင်းနေလျင်လည်း သွားတိုက်ဆေးဖြင့် အလွယ်တကူသန့်ရှင်းလျော်ဖွတ်နိုင်ပါသည်။
၃။ ကားမီးခွက်များကို သန့်ရှင်းရာတွင်လည်း သုံးနိုင်ပါတယ်။
ကားမီးခွက်များတွင် အညစ်အကြေး၊အစင်းရာများကို ကြည်လင်ပြတ်သားလာအောင် ဆေးကြောရာတွင်လည်း အသုံးပြုနိုင်ပါသည်။ ကားမီးခွက်များကို ဆပ်ပြာဖြင့် ဆေးကြောပြီး သွားတိုက်ဆေးဖြင့် ထပ်မံဆေးကြောခြင်းဖြင့် အလင်းအားနည်းနေသော ကားမီးခွက်များအား နဂိုအလင်းအတိုင်း ပြန်လည်ရရှိစေပါသည်။
၄။ ဖုန်းမျက်နှာပြင် (Screen) များကို သန့်ရှင်းရာတွင်လည်း အသုံးပြုနိုင်ပါတယ်။
ဖုန်းမျက်နှာပြင် ကာဗာတပ်မထားခြင်းသည် အစင်းရာများ၊အစွန်းအထင်းများကို ဖြစ်စေပါသည်။ ထိုအချိန်တွင် သွားတိုက်ဆေး အနည်းငယ်ဖြင့် မိမိဖုန်းမျက်နှာပြင်ကို ပွတ်တိုက်ပေးခြင်းဖြင့် အစွန်းအထင်းများ၊အစင်းရာများ ပျောက်ကင်းလာနိုင်သည်။ ထို့အပြင် သွားတိုက်ဆေးသည် မိမိတို့၏ ရှူးဖိနပ်များကို ဆေးကြောခြင်း၊အရောင်တင်ခြင်း ပြုလုပ်ရာတွင်လည်း ထပ်မံအသုံးပြုနိုင်ပါသည်။
၅။ CD အခွေများ အစင်းကြောင်းများ ဖယ်ရှားရာတွင်လည်း အသုံးပြုနိုင်ပါတယ်။
မိမိအိမ်မှာ အစင်းကြောင်းများနေသော CD ၊ VCD ၊ DVD အခွေများကို အလွယ်တကူ ဖယ်ရှားနိုင်ပါတယ်။ အစင်းရာများကို သွားတိုက်ဆေးဖြင့် သုတ်ပေးခြင်းဖြင့် အလွယ်တကူ ပျောက်ကင်းကာ နဂိုအတိုင်း ရုပ်သံကြည်လင်ပြတ်သားမှုကို ဖြစ်စေပါသည်။
၆။ ဆပ်ပြာကဲ့သို့ အိမ်မှုကိစ္စများကို အသုံးပြုနိုင်ပါတယ်။
သွားတိုက်ဆေးကို မိမိ အိုးခွက်၊ပန်းကန်များ ဆေးကြောရာတွင်လည်းကောင်း၊ ရေချိုးခန်းနံရံများ သန့်ရှင်းရာတွင်လည်းကောင်း၊မဲနေသော မီးပူမျက်နှာပြင်များကို သန့်ရှင်းရာတွင်လည်းကောင်း အမျိုးမျိုး အသုံးပြုနိုင်ပါတယ်။ ထို့အပြင် မိမိတို့အိမ်တွင် သံမှိုရာများကို သွားတိုက်ဆေးဖြင့် ဖာထေးပြီး အဆင်ပြေစေပါသည်။ ထို့အပြင် မှန်တံခါးများ သန့်ရှင်းရာတွင်လည်း သွားတိုက်ဆေးဖြင့် အလွယ်တကူသန့်ရှင်းနိုင်ပါသည်။
Ads.com.mm ပရိသတ်ကြီးရေ မိမိအိမ်မှာ အသုံးဝင်လှတဲ့ အိမ်သုံးပစ္စည်းများကို ဝယ်ယူချင်ရင်တော့ https://www.ads.com.mm/home-garden လင့်ခ်အတိုင်း ဝင်ရောက်ရောင်းဝယ်နိုင်ပါတယ်။
Advertisements
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s