Untitled design
[Zawgyi]
– – – – – – — – – – — – – – – – – – – – – – – – – – – – – –
၅။ ကားမမောင်းပါနှင့်။
– – – – – – – – – – – – – – – – – – – – – — — – – – — –
[Unicode]
စိတ်ဆိုးဒေါသထွက်ချိန်တွင် ရှောင်ကျဉ်သင့်ဖွယ် (၇) သွယ်
– – – – – – – – – – – – – – – – – – – –
၁။လူမှုကွန်ရက်ပေါ်တွင် Status မတင်ပါနှင့်။
စိတ်ဆိုးဒေါသထွက်နေစဉ်တွင် မိမိခံစားချက်ကို Facebook ၊ Twitter ကဲ့သို့သော လူမှုကွန်ရက်ပေါ်တွင် ပေါက်ကွဲခြင်းသည်လည်း အများအမြင်တွင် အထင်မြင်သေးဖွယ် ဖြစ်စေပါသည်။ “ပညာရှိအမျက် အပြင်မထွက်” ဆိုသည့်အတိုင်း စိတ်တည်ငြိမ်မှုရှိပါစေ။
၂။ ဆုံးဖြတ်ချက် မချပါနှင့်။
စိတ်ဆိုး၊ဒေါသထွက်နေချိန်တွင် ဆုံးဖြတ်ချက်ကို လွယ်လွယ်ချခြင်းသည် အမှားအယွင်းများစွာကို ဖြစ်စေနိုင်သောကြောင့် စိတ်တည်ငြိမ်မှသာလျင် ဆုံးဖြတ်ချက်ချသင့်ပါသည်။ ထိုအချိန်တွင် ချလိုက်သော ဆုံးဖြတ်ချက်သည် အမှားအယွင်းဆီသို့ ဦးတည်နေသည်ကို သတိပြုသင့်ပါသည်။
၃။အငြင်းအခုန်မလုပ်ပါနှင့်။
အရေးမကြီးလှသော်လည်း စိတ်ဆိုးဒေါသထွက်နေစဉ်မှာ အငြင်းအခုံမလုပ်သင့်ပါဘူး။ သာမန်စကားမှ ကြီးကျယ်သောရန်ပွဲများအထိ ဖြစ်စေနိုင်ပါသည်။
၅။ ကားမမောင်းပါနှင့်။
စိတ်ဆိုးဒေါသဖြစ်နေချိန်မှာ မိမိစိတ်သည် ပျံ့လွင့်နေပြီး တည်ငြိမ်မှုအားနည်းသည့်အတွက် ယာဉ်မတော်တဆမှုများ ဖြစ်ပွားနိုင်ပါသည်။ ထို့ကြောင့် စိတ်ဆိုးဒေါသထွက်နေချိန်တွင် မိမိစိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းခြင်းသည် အန္တရာယ်အကင်းဆုံးပင်ဖြစ်သည်။
၆။ နှုတ်မလုံသူကို ရင်မဖွင့်ပါနှင့်။
စိတ်ဆိုးဒေါသထွက်နေချိန်မှာ ရင်ဖွင့်ခြင်းဟာ အကောင်းဆုံးထွက်ပေါက်တစ်ခုဖြစ်သော်ငြားလည်း နှုတ်မလုံသူကို ရင်ဖွင့်ခြင်းသည် မိမိပေါင်ကို လှန်ထောင်းသကဲ့သို့ ဖြစ်နေပေမည်။ မိမိစကားများ ပြန့်ကားသွားခြင်း၊ မဟုတ်မမှန်လုပ်ကြံသတင်းများထွက်လာခြင်းများ ဖြစ်ပေါ်လာနိုင်ပါသည်။
၇။ဒေါသစိတ်ဖြင့် မအိပ်ပါနှင့်။
ညအိပ်ရာဝင်ချိန်တွင် စိတ်တိုဖွယ်ကိစ္စများ ပြန်တွေးပြီး ဒေါသပိုထွက်လာကာ အိပ်မပျော်ဖြစ်တက်ပါသည်။
စိတ်တည်ငြိမ်သွားစေရန် ရေနွေးဖြင့် ရေစိမ်ချိုးခြင်း၊နွားနို့
ပူပူတစ်ခွက်မှုတ်သောက်ခြင်း၊တရားထိုင်ခြင်းများ ပြုလုပ်ပြီးမှ အိပ်ရာဝင်သင့်ပါကြောင်း ဖော်ပြလိုက်ရပါသည်။
သင့်အိမ်မှာ အသုံးမလိုတော့တဲ့ကုန်ပစ္စည်းများကို ads.com.mm အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်မှာhttps://www.ads.com.mm/posts/new လင့်ခ်အတိုင်း ကြော်ငြာတင်ရောင်းချလို့ရပါတယ်။
Advertisements
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s