အထိုင်များရင် သင့်ခန္ဓာကိုယ် ဘာဖြစ်လာမလဲ
Untitled design
 [Zawgyi]
– – – – – – – – – – – – – – – – – – – – – – – – – – –
– – – – – – – – – – – – – – – – – – –
– – – – – – – – – – – – – – – – – – – – – – – –
[Unicode]
အထိုင်များရင် သင့်ခန္ဓာကိုယ် ဘာဖြစ်လာမလဲ
– – – – – – – – – – – – – – – – – – – – – – – – – – –
ယနေ့ခေတ်တွင် ရုံးဝန်ထမ်းများ၊ကျောင်းသား၊ကျောင်းသူများတို့သည် မိမိတို့ သက်ဆိုင်ရာ ကုလားထိုင်များတွင် အလုပ်ချိန်အတွင်း၊စာသင်ချိန်အတွင်း ထိုင်ကြရသည်။ အထိုင်များခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများကို ဗဟုသုတရဖွယ် ဖော်ပြလိုက်ပါသည်။
၁။ အစာခြေအဖွဲ့အစည်း နှေးကွေးလာမယ်။
အထိုင်များသော လူတစ်ယောက်အတွက် ဝမ်းဗိုက်ကြွက်သားများ ကျုံ့လာပြီး အစာခြေစနစ်လည်း နှေးကွေးလာပါသည်။ အစာခြေစနစ်နှေးကွေးမှုကြောင့် ဝမ်းချုပ်ခြင်း၊ရင်ပူရင်ဆာဖြစ်ခြင်း၊ကြွက်တက်ခြင်းနှင့် ကိုယ်အလေးချိန်တက်ခြင်း (အဝလွန်ခြင်း) များ ဖြစ်လာနိုင်ပါသည်။
၂။ ကိုယ်နေဟန်ထား ယိုယွင်းလာတယ်။
အချိန်ကြာကြာ ထိုင်မှုကြောင့် ပခုံး၊လည်ပင်း၊နောက်ကျောများ နာကျင်လာပြီး နေရထိုင်ရ ခက်ခဲလာပါသည်။ ကျောရိုးများသည် ဖိအားဒဏ်ကို ပိုမိုခံစားရပြီး ရွေ့လျားမှုအလိုက် ကျုံ့ချည်၊ဆန့်ချည် ဖြစ်စေပါသည်။ အထိုင်များခြင်းသည် အူကျဝေဒနာကိုလည်း ခံစားရနိုင်ပါသည်။
၃။ ခြေထောက်ကို ထိခိုက်စေတယ်။
အထိုင်များမှုသည် သွေးလှည့်ပတ်မှု နှေးကွေးခြင်း၊သွေးခဲခြင်း၊ကိုယ်ရောင်ခြင်း၊အရိုးပျော့ခြင်း၊လေဖြတ်ခြင်းနှင့် အရိုးပွရောဂါများကို ဖြစ်ပွားစေပါသည်။
၄။ ကြွက်သားများကို အားနည်းစေတယ်။
ကိုယ်လက်လှုပ်ရှားမှုများလေလေ ကျန်းမာလေလေပင် ဖြစ်သည်။အထိုင်များခြင်းသည် ကြွက်သားများ ယိုယွင်းလာခြင်း၊အကြောများ ဆိုင်းလာခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါသည်။
အန္တရာယ်များကို ကာကွယ်နည်း
– – – – – – – – – – – – – – – – – – –
၁။ ခန္ဓာကိုယ် တည့်မတ်စေရန် လက်ကိုင်မပါသော ကုလားထိုင်ကို ထိုင်ပါ။
၂။ လုပ်ဖော်ကိုင်ဖက်များကို ပြောစရာရှိလာလျင် Message ပို့ပြီး ပြောမဲ့အစား ကိုယ်လက်လှုပ်လျားမှုဖြစ်စေရန် လူကိုယ်တိုင်သွားပြီး ညွှန်ကြားပါ။
၃။ တစ်နာရီကြာတိုင်း ကိုယ်အနေအထားပြောင်းလဲပြီး ထိုင်ပါ။
၄။ ကော်ဖီဖျော်ရင်းပဲဖြစ်ဖြစ် မကြာခဏ ထပြီး အညောင်းဖြေပါ။
ကျန်းမာရေးနှင့်ကိုက်ညီသော ဆေးဝါးများကိုဝယ်ယူလိုရင်တော့ ကျန်းမာရေးနှင့်အလှအမပစ္စည်းကဏ္ဍမှာ https://www.ads.com.mm/fashion-beauty လင့်ခ်အတိုင်း ဝင်ရောက်ရောင်းဝယ်နိုင်ပါတယ်။
Advertisements
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s