
Untitled design (1).png

[Zawgyi]


– – – – – – – – – – – – – – – – – – – –





– – – – – – – – – – – – – – – – – – – – – – – –

[Unicode]

Fan ဇာတ်ကားကို သင်ကြည့်ပြီးပြီလား

– – – – – – – – – – – – – – – – – – – –

Fan ဇာတ်ကားသည် ငယ်စဉ်ကတည်းက Aryan Khanna ကို အသည်းစွဲကြိုက်ခဲ့သော ၂၉နှစ်ရွယ်လူငယ်ကောင်လေး Gaurav Chandna ၏ ဇာတ်ရုပ်ကို သရုပ်ဖော်ထားပါသည်။ Fan ဇာတ်လမ်းတွင် နာမည်ကြီး သရုပ်ဆောင် Aryan Khanna နှင့် လုံးဝနီးပါး ရုပ်ချွတ်စွပ် တူနေသော Jh Gaurav သည် နာမည်ကြီး သရုပ်ဆောင် Aryan Khanna နှင့် တွေ့ဆုံရန် အိန္ဒိယ ရုပ်ရှင်မြို့တော် မွတ်ဘိုင်းမြို့သို့ သူ၏မွေးနေ့မှာ ဆုတောင်း ထောမနာပြုရန် ရောက်ရှိလာခဲ့သည်။

သို့သော်လည်း Gaurav သည် သူချစ်ခင်ရသော မင်းသားနှင့် တွေ့ဆုံရာတွင် ထင်သလို ဖြစ်မလာသည့် နောက်ပိုင်း Gaurav Chandna ၏ နာမည်ကြီး သရုပ်ဆောင် မင်းသားအပေါ် ချစ်ခင်မြတ်နိုးမှုသည် မကောင်းသည့် အစွန်းရောက်မှုဘက်သို့ ကူးပြောင်းရောက်ရှိ သွားပါသည်။ Fan ဇာတ်ကားတွင် ပရိသတ်သည် မိမိတန်ဖိုးထားလေးစားရသော Celebrity တစ်ယောက်ကို ပရိသတ်များ၏ စိတ်သဘောထား၊ အချစ်နှင့်အမုန်းသည် မမြင်နိုင်သော နံရံပါးပါးတစ်ခုသာလျင် ခြားနားကြောင်း ဖော်ပြထားပါသည်။

ရုပ်ခြင်းဆင်တူတဲ့ သူတို့နှစ်ယောက်ကြား မည်သို့မည်ပုံဆက်ဖြစ်မလဲဆိုသည်ကို စိတ်ဝင်စားဖွယ်ကောင်းပါသည်။ မင်းသားကြီး ရှရွတ်ခန်းသည် အသက် ၂ဝကျော် လူငယ်လေး Gaurav Chandna စရိုက်ဖြင့် တစ်မျိုး၊ အသက် ၄ဝ ကျော် နံမည်ကျော်မင်းသား Aryan Khanna စရိုက်ဖြင့်တစ်ဖုံ သရုပ်ဆောင်ထားပါသည်။ မင်းသားကြီးရှရွတ်ခန်းသည် အနုပညာလောကသို့ စတင်ဝင်ရောက်စ ရုပ်ရည်မျိုးဖြင့် Gaurav Chandna စရိုက်ကို သရုပ်ဖော်ထားသောကြောင့် ရှရွတ်ခန်း၏ အသက် ၂ဝကျော်ရုပ်ရည်နှင့်လက်ရှိရုပ်ရည်ကို ခိုင်းနှိုင်းဖော်ပြထားပါသည်။ ဘောလီးဝုဒ်လောက၏ မိတ်ကပ်ပညာအစွမ်းကိုလည်း အံ့မခန်းသရုပ်ဖော်ထားပါသည်။

Ads.com.mm ရုပ်ရှင်ချစ်ပရိသတ်ကြီးရေ ရုံတင်နေတဲ့ရုပ်ရှင်လက်မှတ်များကို ဝယ်ယူလိုရင်တော့ ဝါသနာနှင့်အားကစားပစ္စည်းများကဏ္ဍမှာ  https://www.ads.com.mm/travel-events-tickets လင့်ခ်အတိုင်း ဝယ်ယူနိုင်ပါတယ်။

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s