သင္ေအာင္ျမင္ခ်င္လ်င္ စြန္႔လႊတ္ရမည့္အရာမ်ား

Untitled design

[Zawgyi]

သင္ေအာင္ျမင္ခ်င္လ်င္ စြန္႔လႊတ္ရမည့္အရာမ်ား
– – – – – – – – – – – – – – – – – –

လူေတြမွာ ေအာင္ျမင္ျခင္း၊က်ရွံဳးျခင္း ဘာေၾကာင့္မတူညီၾကသလဲ။ ေအာင္ျမင္ျခင္းဆုိသည္မွာ အလွတရားကဲ့သုိ႔ ၾကည့္ရွဳ႕သူရဲ႕ အျမင္အေပၚမွာပဲ မူတည္ပါသည္။ ထုိ႔ေၾကာင့္ ေအာင္ျမင္လုိေသာလူတုိင္းအတြက္ စြန္႔လႊတ္ရမည့္အရာမ်ားကုိ ဗဟုသုတရဖြယ္ ေဖာ္ျပလုိက္ပါသည္။

၁။ ဆင္ေျခ မေပးပါနဲ႔။

ဆင္ေျခေပးတက္တဲ့ပါးစပ္ ထမင္းငတ္သည္ဆုိသည့္အတုိင္း ျပႆနာတစ္ခုျဖစ္လာတုိင္း ဆင္ေျခေပးၿပီး ေခါင္းေရွာင္တက္တဲ့ အက်င့္ကုိ ပယ္ေဖ်ာက္သင့္ပါတယ္။ မိမိကုိယ္တုိင္ျပႆနာကုိ ေျဖရွင္းႏိုင္စြမ္းရွိေအာင္ ႀကိဳးစားသင့္ပါသည္။

၂။ အဆုိးျမင္စိတ္ကုိ ပယ္ေဖ်ာက္ပါ။

အဆုိးျမင္စိတ္သည္ လူတစ္ေယာက္၏ဘဝကုိ နိမ့္က်ေစႏုိင္ပါသည္။ အဆုိးျမင္စိတ္စုိးမုိးေနလ်င္ သင္သည္ လူမွဳပတ္ဝန္းက်င္ႏွင့္လည္း သဟဇာတမျဖစ္ႏုိင္ဘဲ ေနာက္ဆုံးတြင္ လူ႔အသုိင္းအဝုိင္းမွပင္ လက္ျပႏွဳတ္ဆက္ရႏုိင္ပါသည္။

၃။ ရွံဳးနိမ့္မွာကုိ မေၾကာက္ပါနဲ႔။

ဘဝမွာ ေအာင္ျမင္လုိၿပီး စြန္႔ဦးတီထြင္စိတ္ရွိသူတစ္ေယာက္အတြက္ အရာရာတုိင္းကုိ ရွံဳးနိမ့္မွာ မေၾကာက္သင့္ပါ။ ရွံဳးနိမ့္မွဳမ်ားစြာမွ ေအာင္ျမင္မွဳအတြက္ သင္ခန္းစာယူသင့္ပါသည္။ အယ္ဒီဆင္သည္ပင္ မီးလုံးတစ္လုံးကုိ ထြန္းလင္းဖုိ႔ အႀကိမ္ေပါင္းေထာင္ေပါင္းမ်ားစြာ ႀကိဳးစားထားပါသည္ကုိ သတိမူသင့္ပါသည္။

၄။ အလြယ္လမ္း ( ျဖတ္လမ္း ) မလုိက္ပါနဲ႔။

ေအာင္ျမင္သူနည္းၿပီး က်ရွံဳးသူနည္းရျခင္းမွာ ေအာင္ျမင္လုိသူ အမ်ားစုမွာ ျဖတ္လမ္းလုိက္ၾကျခင္းသည္လည္း အေၾကာင္းရင္းတစ္ရပ္ပင္ျဖစ္သည္။” အထက္လမ္းသည္ အတက္ၾကမ္းသည္” ဆုိေသာ စကားကုိ မေမ့ေပ်ာက္သင့္ေပ။ျဖတ္လမ္းခရီးမွ ေအာင္ျမင္မွဳသည္ ေကာက္ရုိးမီးသဖြယ္ တစ္ခဏပင္ ျဖစ္သည္။

၅။ စိတ္ဓာတ္မက်ပါႏွင့္။

ေအာင္ျမင္မွဳသုိ႔ လွမ္းေလ်ာက္ေနေသာ လူတုိင္း စိတ္ဓာတ္ပုိင္းဆုိင္ရာ အျမင့္ဆုံးမွာ ရွိသင့္ပါသည္။ မိမိကုိယ္ကုိ ေအာင္ျမင္မည္ဟုလည္း အျပည့္အဝယုံၾကည္ၿပီး အနာဂတ္လမ္းခရီးကုိ ေရွ႕ဆက္သင့္ပါသည္။

၆။ ေက်းဇူးမကန္းပါႏွင့္။

ေအာင္ျမင္လုိေသာ လူတုိင္းသည္ မိမိ၏ လုပ္ေဖာ္ကုိင္ဖက္မ်ားကုိ စာနာစိတ္အျပည့္ျဖင့္ တက္ညီလက္ညီကူညီသင့္ပါသည္။မိမိေျခလွမ္းတုိင္းအတြက္ ေလွကားထစ္မ်ားသဖြယ္ ေထာက္ပံ့ေပးေသာ လုပ္ေဖာ္ကုိင္ဖက္မ်ားကုိလည္း အသိအမွတ္ျပဳသင့္ပါသည္။

၇။ မိမိပတ္ဝန္းက်င္ကုိ လစ္လ်ဴမရွဳပါႏွင့္။

သင္ကုိယ္တုိင္ မည္မ်ွခ်မ္းသာေသာ လူတစ္ေယာက္ျဖစ္ပါေစ၊ မိမိပတ္ဝန္းက်င္ကုိ မကူညီႏုိင္ေသးသ၍ သင္ကုိယ္တုိင္ ေအာင္ျမင္ေသာလူတစ္ေယာက္မျဖစ္ေသးပါဟု ဆိုခ်င္ပါသည္။ သစ္တစ္ပင္ေကာင္း ငွက္တစ္ေသာင္းနားဆုိသည့္အတုိင္း မိမိကုိယ္တုိင္ ျပည့္စုံလာလ်င္လည္း သူတစ္ပါးနားခုိရာျဖစ္ပါေစ။

၈။ စိတ္ရွဳပ္ေထြးမခံပါႏွင့္။

မိမိကုိယ္တုိင္ လုပ္ကုိင္ရာ အလုပ္တြင္လည္း အတက္ႏုိင္ဆုံး စိတ္ၾကည္လင္စြာ လုပ္ကုိင္သင့္ပါသည္။ ထုိ႔အျပင္ အလုပ္ကုိ အာရုံစုိက္ၿပီး စိတ္ညစ္စရာကိစၥမ်ားကုိ ထုတ္ထားသင့္ပါသည္။

၉။ ရည္မွန္းခ်က္ မေပ်ာက္ဆုံးပါႏွင့္။

ရည္မွန္းခ်က္မရွိေသာလူသည္ တက္မပါေသာ ေလွျဖင့္ ခရီးဆက္ေနေသာလူႏွင့္ တူပါသည္။ ေလႏွင္ရာ ရြက္လႊင့္ရင္း ဆင္ကန္းေတာတုိး ေရာက္တက္ရာရာ ေရာက္ေနတက္ပါသည္။ ထုိ႔ေၾကာင့္ လူတုိင္းသည္ တိက်ေသာ ပန္းတုိင္တစ္ခုကုိ သတ္မွတ္ထားသင့္ပါသည္။

၁ဝ။ အရွံဳးေပးျခင္း

ေအာင္ျမင္ေရးပန္းတုိင္သုိ႔ ခ်ီတက္ေနေသာလူမ်ားသည္ လမ္းခုလတ္တြင္ စိတ္ဓာတ္က်ၿပီး ဘဝကုိ လြယ္လြယ္မရွံဳးမေပးဖုိ႔လည္း အေရးႀကီးပါသည္။ “လဲရင္ ျပန္ထ” ဟူေသာ စိတ္ႏွလုံးေမြးျမဴကာ စိတ္ဓာတ္ႀကံ႕ခုိင္ၿပီး ပန္းတုိင္ကုိ အေရာက္ခ်ီတက္သင့္ပါသည္ဟု ဆုိခ်င္ပါသည္။

စိတ္ဓာတ္ခြန္အားေပးစြမ္းႏုိင္တဲ့စာအုပ္မ်ားကုိ ဖတ္လုိလ်င္ေတာ့https://www.ads.com.mm/music-movies-books လင့္ခ္အတုိင္း ဝင္ေရာက္ေရာင္းဝယ္ႏုိင္ပါတယ္။
– – – – – – – – – – – – – – – – – – – – – –
[Unicode]

သင်အောင်မြင်ချင်လျင် စွန့်လွှတ်ရမည့်အရာများ
– – – – – – – – – – – – – – – – – –

လူတွေမှာ အောင်မြင်ခြင်း၊ကျရှုံးခြင်း ဘာကြောင့်မတူညီကြသလဲ။ အောင်မြင်ခြင်းဆိုသည်မှာ အလှတရားကဲ့သို့ ကြည့်ရှု့သူရဲ့ အမြင်အပေါ်မှာပဲ မူတည်ပါသည်။ ထို့ကြောင့် အောင်မြင်လိုသောလူတိုင်းအတွက် စွန့်လွှတ်ရမည့်အရာများကို ဗဟုသုတရဖွယ် ဖော်ပြလိုက်ပါသည်။

၁။ ဆင်ခြေ မပေးပါနဲ့။

ဆင်ခြေပေးတက်တဲ့ပါးစပ် ထမင်းငတ်သည်ဆိုသည့်အတိုင်း ပြဿနာတစ်ခုဖြစ်လာတိုင်း ဆင်ခြေပေးပြီး ခေါင်းရှောင်တက်တဲ့ အကျင့်ကို ပယ်ဖျောက်သင့်ပါတယ်။ မိမိကိုယ်တိုင်ပြဿနာကို ဖြေရှင်းနိုင်စွမ်းရှိအောင် ကြိုးစားသင့်ပါသည်။

၂။ အဆိုးမြင်စိတ်ကို ပယ်ဖျောက်ပါ။

အဆိုးမြင်စိတ်သည် လူတစ်ယောက်၏ဘဝကို နိမ့်ကျစေနိုင်ပါသည်။ အဆိုးမြင်စိတ်စိုးမိုးနေလျင် သင်သည် လူမှုပတ်ဝန်းကျင်နှင့်လည်း သဟဇာတမဖြစ်နိုင်ဘဲ နောက်ဆုံးတွင် လူ့အသိုင်းအဝိုင်းမှပင် လက်ပြနှုတ်ဆက်ရနိုင်ပါသည်။

၃။ ရှုံးနိမ့်မှာကို မကြောက်ပါနဲ့။

ဘဝမှာ အောင်မြင်လိုပြီး စွန့်ဦးတီထွင်စိတ်ရှိသူတစ်ယောက်အတွက် အရာရာတိုင်းကို ရှုံးနိမ့်မှာ မကြောက်သင့်ပါ။ ရှုံးနိမ့်မှုများစွာမှ အောင်မြင်မှုအတွက် သင်ခန်းစာယူသင့်ပါသည်။ အယ်ဒီဆင်သည်ပင် မီးလုံးတစ်လုံးကို ထွန်းလင်းဖို့ အကြိမ်ပေါင်းထောင်ပေါင်းများစွာ ကြိုးစားထားပါသည်ကို သတိမူသင့်ပါသည်။

၄။ အလွယ်လမ်း ( ဖြတ်လမ်း ) မလိုက်ပါနဲ့။

အောင်မြင်သူနည်းပြီး ကျရှုံးသူနည်းရခြင်းမှာ အောင်မြင်လိုသူ အများစုမှာ ဖြတ်လမ်းလိုက်ကြခြင်းသည်လည်း အကြောင်းရင်းတစ်ရပ်ပင်ဖြစ်သည်။” အထက်လမ်းသည် အတက်ကြမ်းသည်” ဆိုသော စကားကို မမေ့ပျောက်သင့်ပေ။ဖြတ်လမ်းခရီးမှ အောင်မြင်မှုသည် ကောက်ရိုးမီးသဖွယ် တစ်ခဏပင် ဖြစ်သည်။

၅။ စိတ်ဓာတ်မကျပါနှင့်။

အောင်မြင်မှုသို့ လှမ်းလျောက်နေသော လူတိုင်း စိတ်ဓာတ်ပိုင်းဆိုင်ရာ အမြင့်ဆုံးမှာ ရှိသင့်ပါသည်။ မိမိကိုယ်ကို အောင်မြင်မည်ဟုလည်း အပြည့်အဝယုံကြည်ပြီး အနာဂတ်လမ်းခရီးကို ရှေ့ဆက်သင့်ပါသည်။

၆။ ကျေးဇူးမကန်းပါနှင့်။

အောင်မြင်လိုသော လူတိုင်းသည် မိမိ၏ လုပ်ဖော်ကိုင်ဖက်များကို စာနာစိတ်အပြည့်ဖြင့် တက်ညီလက်ညီကူညီသင့်ပါသည်။မိမိခြေလှမ်းတိုင်းအတွက် လှေကားထစ်များသဖွယ် ထောက်ပံ့ပေးသော လုပ်ဖော်ကိုင်ဖက်များကိုလည်း အသိအမှတ်ပြုသင့်ပါသည်။

၇။ မိမိပတ်ဝန်းကျင်ကို လစ်လျူမရှုပါနှင့်။

သင်ကိုယ်တိုင် မည်မျှချမ်းသာသော လူတစ်ယောက်ဖြစ်ပါစေ၊ မိမိပတ်ဝန်းကျင်ကို မကူညီနိုင်သေးသ၍ သင်ကိုယ်တိုင် အောင်မြင်သောလူတစ်ယောက်မဖြစ်သေးပါဟု ဆိုချင်ပါသည်။ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားဆိုသည့်အတိုင်း မိမိကိုယ်တိုင် ပြည့်စုံလာလျင်လည်း သူတစ်ပါးနားခိုရာဖြစ်ပါစေ။

၈။ စိတ်ရှုပ်ထွေးမခံပါနှင့်။

မိမိကိုယ်တိုင် လုပ်ကိုင်ရာ အလုပ်တွင်လည်း အတက်နိုင်ဆုံး စိတ်ကြည်လင်စွာ လုပ်ကိုင်သင့်ပါသည်။ ထို့အပြင် အလုပ်ကို အာရုံစိုက်ပြီး စိတ်ညစ်စရာကိစ္စများကို ထုတ်ထားသင့်ပါသည်။

၉။ ရည်မှန်းချက် မပျောက်ဆုံးပါနှင့်။

ရည်မှန်းချက်မရှိသောလူသည် တက်မပါသော လှေဖြင့် ခရီးဆက်နေသောလူနှင့် တူပါသည်။ လေနှင်ရာ ရွက်လွှင့်ရင်း ဆင်ကန်းတောတိုး ရောက်တက်ရာရာ ရောက်နေတက်ပါသည်။ ထို့ကြောင့် လူတိုင်းသည် တိကျသော ပန်းတိုင်တစ်ခုကို သတ်မှတ်ထားသင့်ပါသည်။

၁ဝ။ အရှုံးပေးခြင်း

အောင်မြင်ရေးပန်းတိုင်သို့ ချီတက်နေသောလူများသည် လမ်းခုလတ်တွင် စိတ်ဓာတ်ကျပြီး ဘဝကို လွယ်လွယ်မရှုံးမပေးဖို့လည်း အရေးကြီးပါသည်။ “လဲရင် ပြန်ထ” ဟူသော စိတ်နှလုံးမွေးမြူကာ စိတ်ဓာတ်ကြံ့ခိုင်ပြီး ပန်းတိုင်ကို အရောက်ချီတက်သင့်ပါသည်ဟု ဆိုချင်ပါသည်။

စိတ်ဓာတ်ခွန်အားပေးစွမ်းနိုင်တဲ့စာအုပ်များကို ဖတ်လိုလျင်တော့https://www.ads.com.mm/music-movies-books လင့်ခ်အတိုင်း ဝင်ရောက်ရောင်းဝယ်နိုင်ပါတယ်။

သင္ေအာင္ျမင္ခ်င္လ်င္ စြန္႔လႊတ္ရမည့္အရာမ်ား
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s