အုန္းဆီလိမ္းျခင္းျဖင့္ ဆံေကသာ၏ ေကာင္းျခင္း (၅) မ်ိဳး

Untitled design (1).png

 

[Zawgyi]

အုန္းဆီလိမ္းျခင္းျဖင့္ ဆံေကသာ၏ ေကာင္းျခင္း (၅) မ်ိဳး

– – – – – – – – – – – – – – – – – –  – – – – – – – – – – – – – – – – – –

“မိန္းမတုိ႔ဘုန္း ဆံထုံး၊ ေယာက္်ားတုိ႔ဘုန္း လက္ရုံး” ဟူ၍ ျမန္မာစကားပုံသည္ ဆံပင္သည္လည္း မိန္းမသားတုိ႔ဘဝတြင္ အေရးႀကီးေသာ အခန္းက႑မွ ပါဝင္သည္ဟု ဆုိျခင္းျဖစ္ေပသည္။ “အသံ၊ဥာဏ္၊ကံ၊ဆံ” ဟူေသာတုပ၍မရေသာ အရာ(၄)မ်ိဳးတြင္ ဆံပင္ကုိထည့္သြင္းထားျခင္းမွာလည္း ဆံပင္၏ေကာင္းက်ိဳးမ်ားကုိ ေဖာ္ျပလုိ၍ျဖစ္သည္။ အုန္းဆီလိမ္းျခင္းျဖင့္ ဆံေကသာကုိ ေကာင္းက်ိဳးျဖစ္ေစေသာ အာနိသင္ (၅)မ်ိဳးကုိ ေဖာ္ျပလုိက္ပါသည္။

၁။ အုန္းဆီသည္ ဆံပင္ကုိ ေပ်ာ့ေျပာင္းသန္စြမ္းေစတယ္။

ဆံပင္စုတ္ဖြားျဖစ္ျခင္းသည္ လူတစ္ေယာက္ကုိ ကပုိကရုိျဖစ္ေစပါသည္။ အုန္းဆီကုိပုံမွန္လိမ္းေပးျခင္းျဖင့္ ဆံေကသာကုိ နက္ေမွာင္သန္စြမ္းေစၿပီး ေပ်ာ့ေပ်ာင္းသန္စြမ္းေစပါသည္။

၂။ အုန္းဆီသည္ ေဗာက္လုံးဝ ရွင္းတယ္။

ေဗာက္ရွိေသာ မိန္းမပ်ိဳတုိ႔သည္ အေရျပားကုိ ယားယံေစၿပီး ဦးေရျပားကုိ ေျခာက္ေသြ႕ေစပါသည္။ လူၾကားထဲတြင္ အၿမဲစုိးထိတ္ေနရၿပီး မိမိကုိယ္ကုိ ယုံၾကည္မွဳကင္းမဲ့ေစပါသည္။ အုန္းဆီလိမ္းျခင္းသည္ ဦးေရျပားထဲသုိ႔ စိမ္႔ဝင္ေစၿပီး စုိစြတ္ေစေသာေၾကာင့္ ေဗာက္မ်ားကုိ ကင္းစင္ေစပါသည္။

၃။ အုန္းဆီသည္ ဆံပင္ကုိ ေနေရာင္ဒဏ္မွ ကာကြယ္ေပးပါတယ္။

ဆံပင္သည္ ေနေရာင္ျခည္ႏွင့္ၾကာရွည္စြာ တုိက္ရုိက္ထိေတြ႔ၿပီး ခရမ္းလြန္ေရာင္ျခည္မ်ားေၾကာင့္ ဆံပင္ႏွစ္ခြကြဲျခင္း၊ဆံပင္က်ိဳးလြယ္ျခင္း၊ဆံပင္အေရာင္ေျပာင္းျခင္းတုိ႔ ျဖစ္ေပၚေစပါသည္။ အုန္းဆီကုိ ပုံမွန္းလိမ္းျခင္းျဖင့္ ဆံေကသာႏွင့္ပက္သက္ေသာျပႆနာမ်ားကုိ ကာကြယ္ႏုိင္ပါသည္။

၄။ အုန္းဆီသည္ သန္းကာကြယ္တယ္။

ဦးေခါင္းတြင္ သန္းေပါမ်ားေနၿပီဆုိလ်င္ ဆံေကသာသန္႔ရွင္းမွဳ လြန္စြာအားနည္းေသာေၾကာင့္ျဖစ္သည္။ အုန္းဆီ လက္ဖက္ရည္ဇြန္း (၃) ဇြန္းႏွင့္ စမုန္စပါးဆီ (၁) ဇြန္း တုိ႔ျဖင့္ ဦးေရျပားကုိ သုတ္လိမ္းေပးပါလ်င္ သန္းမ်ား ကင္းေဝးေစပါသည္။ အဘယ္ေၾကာင့္ဆုိေသာ္ အုန္းဆီသည္ သန္းမ်ားႏွင့္ ဓာတ္မတည့္ျခင္းကုိ ျဖစ္ေစၿပီး ဆံပင္မ်ားေပၚမွာ သန္းဥမ်ားကုိ တားဆီးေသာေၾကာင့္ျဖစ္ေပသည္။

၅။ အုန္းဆီသည္ ဆံပင္ကုိ မြဲေျခာက္ျခင္းမွ ကာကြယ္တယ္။

ဆံပင္မြဲေျခာက္ျခင္းသည္ ေမႊးညွင္းေပါက္ထဲတြင္ရွိေသာ ဆံပင္အေရာင္ျခယ္ဓာတ္ (မယ္လမင္း) ေလ်ာ့နည္းလာျခင္းေၾကာင့္ျဖစ္သည္။ ထုုိ႔ေၾကာင့္ပင္ ကြ်ႏုိပ္တုိ႔ခႏၵာကုိယ္သည္ ဆံပင္အေရာင္ျခယ္ဓာတ္ ေလ်ာ့နည္းလာေလေလ ဆံပင္မြဲေျခာက္လာေလေလ ျဖစ္သည္။

မာလဆာရြက္ကုိ ၾကိတ္ေခ်ၿပီး အုန္းဆီ (၂) ဇြန္းျဖင့္ ေရာေႏွာလုိက္ၿပီး တစ္ေန႔ ၂ႀကိမ္ (သုိ႔) ၃ႀကိမ္ ပုံမွန္လိမ္းေပးျခင္းျဖင့္ ဆံေကသာသိသိသာသာ နက္ေမွာင္သန္စြမ္းလာမည္ျဖစ္သည္။

Ads.com.mm ပရိသတ္ႀကီးေရ အုန္းဆီကဲ့သုိ႔ အလွအပေရးရာပစၥည္းမ်ားကုိ ဝယ္ယူလုိရင္ေတာ့ ဖက္ရွင္ႏွင့္အလွကုန္ပစၥည္းမ်ားက႑တြင္ https://www.ads.com.mm/fashion-beauty လင့္ခ္အတုိင္း ရွာေဖြႏုိင္ပါတယ္။

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

[Unicode]

အုန်းဆီလိမ်းခြင်းဖြင့် ဆံကေသာ၏ ကောင်းခြင်း (၅) မျိုး

– – – – – – – – – – – – – – – – – –  – – – – – – – – – – – – – – – – – –

“မိန်းမတို့ဘုန်း ဆံထုံး၊ ယောက်ျားတို့ဘုန်း လက်ရုံး” ဟူ၍ မြန်မာစကားပုံသည် ဆံပင်သည်လည်း မိန်းမသားတို့ဘဝတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်ဟု ဆိုခြင်းဖြစ်ပေသည်။ “အသံ၊ဉာဏ်၊ကံ၊ဆံ” ဟူသောတုပ၍မရသော အရာ(၄)မျိုးတွင် ဆံပင်ကိုထည့်သွင်းထားခြင်းမှာလည်း ဆံပင်၏ကောင်းကျိုးများကို ဖော်ပြလို၍ဖြစ်သည်။ အုန်းဆီလိမ်းခြင်းဖြင့် ဆံကေသာကို ကောင်းကျိုးဖြစ်စေသော အာနိသင် (၅)မျိုးကို ဖော်ပြလိုက်ပါသည်။

၁။ အုန်းဆီသည် ဆံပင်ကို ပျော့ပြောင်းသန်စွမ်းစေတယ်။

ဆံပင်စုတ်ဖွားဖြစ်ခြင်းသည် လူတစ်ယောက်ကို ကပိုကရိုဖြစ်စေပါသည်။ အုန်းဆီကိုပုံမှန်လိမ်းပေးခြင်းဖြင့် ဆံကေသာကို နက်မှောင်သန်စွမ်းစေပြီး ပျော့ပျောင်းသန်စွမ်းစေပါသည်။

၂။ အုန်းဆီသည် ဗောက်လုံးဝ ရှင်းတယ်။

ဗောက်ရှိသော မိန်းမပျိုတို့သည် အရေပြားကို ယားယံစေပြီး ဦးရေပြားကို ခြောက်သွေ့စေပါသည်။ လူကြားထဲတွင် အမြဲစိုးထိတ်နေရပြီး မိမိကိုယ်ကို ယုံကြည်မှုကင်းမဲ့စေပါသည်။ အုန်းဆီလိမ်းခြင်းသည် ဦးရေပြားထဲသို့ စိမ့်ဝင်စေပြီး စိုစွတ်စေသောကြောင့် ဗောက်များကို ကင်းစင်စေပါသည်။

၃။ အုန်းဆီသည် ဆံပင်ကို နေရောင်ဒဏ်မှ ကာကွယ်ပေးပါတယ်။

ဆံပင်သည် နေရောင်ခြည်နှင့်ကြာရှည်စွာ တိုက်ရိုက်ထိတွေ့ပြီး ခရမ်းလွန်ရောင်ခြည်များကြောင့် ဆံပင်နှစ်ခွကွဲခြင်း၊ဆံပင်ကျိုးလွယ်ခြင်း၊ဆံပင်အရောင်ပြောင်းခြင်းတို့ ဖြစ်ပေါ်စေပါသည်။ အုန်းဆီကို ပုံမှန်းလိမ်းခြင်းဖြင့် ဆံကေသာနှင့်ပက်သက်သောပြဿနာများကို ကာကွယ်နိုင်ပါသည်။

၄။ အုန်းဆီသည် သန်းကာကွယ်တယ်။

ဦးခေါင်းတွင် သန်းပေါများနေပြီဆိုလျင် ဆံကေသာသန့်ရှင်းမှု လွန်စွာအားနည်းသောကြောင့်ဖြစ်သည်။ အုန်းဆီ လက်ဖက်ရည်ဇွန်း (၃) ဇွန်းနှင့် စမုန်စပါးဆီ (၁) ဇွန်း တို့ဖြင့် ဦးရေပြားကို သုတ်လိမ်းပေးပါလျင် သန်းများ ကင်းဝေးစေပါသည်။ အဘယ်ကြောင့်ဆိုသော် အုန်းဆီသည် သန်းများနှင့် ဓာတ်မတည့်ခြင်းကို ဖြစ်စေပြီး ဆံပင်များပေါ်မှာ သန်းဥများကို တားဆီးသောကြောင့်ဖြစ်ပေသည်။

၅။ အုန်းဆီသည် ဆံပင်ကို မွဲခြောက်ခြင်းမှ ကာကွယ်တယ်။

ဆံပင်မွဲခြောက်ခြင်းသည် မွှေးညှင်းပေါက်ထဲတွင်ရှိသော ဆံပင်အရောင်ခြယ်ဓာတ် (မယ်လမင်း) လျော့နည်းလာခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့်ပင် ကျွနိုပ်တို့ခန္ဒာကိုယ်သည် ဆံပင်အရောင်ခြယ်ဓာတ် လျော့နည်းလာလေလေ ဆံပင်မွဲခြောက်လာလေလေ ဖြစ်သည်။

မာလဆာရွက်ကို ကြိတ်ချေပြီး အုန်းဆီ (၂) ဇွန်းဖြင့် ရောနှောလိုက်ပြီး တစ်နေ့ ၂ကြိမ် (သို့) ၃ကြိမ် ပုံမှန်လိမ်းပေးခြင်းဖြင့် ဆံကေသာသိသိသာသာ နက်မှောင်သန်စွမ်းလာမည်ဖြစ်သည်။

Ads.com.mm ပရိသတ်ကြီးရေ အုန်းဆီကဲ့သို့ အလှအပရေးရာပစ္စည်းများကို ဝယ်ယူလိုရင်တော့ ဖက်ရှင်နှင့်အလှကုန်ပစ္စည်းများကဏ္ဍတွင် https://www.ads.com.mm/fashion-beauty လင့်ခ်အတိုင်း ရှာဖွေနိုင်ပါတယ်။

အုန္းဆီလိမ္းျခင္းျဖင့္ ဆံေကသာ၏ ေကာင္းျခင္း (၅) မ်ိဳး
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s