Untitled design
[Zawgyi]
– – – – – – – – – – – – – – – – – –
၃။ အရွယ်တင်နုပျိုစေတယ်။
– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –
[Unicode]
နှမ်းဆီစားခြင်း၏ အကျိုး(၈)မျိုး
– – – – – – – – – – – – – – – – – –
နှမ်းဆီသည် ယနေ့ခေတ်လူမှုနယ်ပယ်တွင် မရှိမဖြစ်ရာ အရေးပါသော စားသုံးဆီတစ်မျိုးအဖြစ် ရပ်တည်လျက်ရှိပါသည်။ ယခုတစ်ပတ်မှာတော့ ပရိသတ်ကြီးအတွက် နှမ်းဆီ၏အားသာချက် (၈) ချက်ကို ဗဟုသုတရဖွယ် ဖော်ပြလိုက်ပါသည်။
၁။ နှလုံးကို ကျန်းမာစေတယ်။
နှမ်းဆီ၏ အားသာချက်တစ်မျိုးမှာ နှလုံးကို အားကောင်းစေခြင်းဖြစ်ပါသည်။ နှမ်းဆီသည် နှလုံးရောင်ရမ်းခြင်းကို ကာကွယ်ပေးပြီး နှလုံးအဆီပိတ်ခြင်းကို ကာကွယ်ပါသည်။
၂။ အသားအရေကို နုညံ့စေတယ်။
နှမ်းဆီသည်လည်း အသားအရေကို နုညံ့စေပါတယ်။နှမ်းဆီသည် အသားအရေကို ချောမွေ့စေသော အာဟာရဓာတ်များကို ထောက်ပံ့ပေးပါသည်။နှမ်းဆီတွင် သက်စောင့်ဓာတ် ( Vitamin E) အမြောက်အများပါဝင်သောကြောင့် နေလောင်ခြင်းမှ ကာကွယ်ပေးပြီး အသားအရေ မွဲခြောက်ခြင်း၊အရေပြားတွန့်ခြင်းမှ ကာကွယ်ပေးပါသည်။
၃။ အရွယ်တင်နုပျိုစေတယ်။
နှမ်းဆီသည် ခန္ဒာကိုယ်မှ ရောဂါဘယများကို ကာကွယ်ပေးပြီး အရွယ်တင်နုပျိုစေပါတယ်။ နှမ်းဆီသည် ဦးနှောက်နှင့်အာရုံကြောရောဂါများ၊ကင်ဆာရောဂါများကို ကာကွယ်ပေးပါသည်။
၄။ အဆစ်အမြစ်ရောဂါကို ကာကွယ်ပေးပါတယ်။
နှမ်းဆီသည် အရိုးအကြောရောဂါများနှင့် ဆက်စပ်နေပါသည်။ နှမ်းဆီသည် ဒူးအဆစ်အမြစ်ရောင်ရောဂါများကို ကာကွယ်နိုင်စေသည်ဟု လေ့လာမှုတစ်ရပ်အရ သိရသည်။
၅။ ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
နှမ်းဆီစားသုံးခြင်းသည် ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေပါသည်ဟု လေ့လာမှုတစ်ရပ်အရ သိရပါသည်။နှမ်းဆီးစားသုံးခြင်းသည် သွားနှင့်တံတွေးတွင်ရှိသော သန္ဓေပြောင်းသတ္တဝါများကို လျော့ချခြင်းမှ ကူညီပေးပါသည်။
၆။ နှမ်းဆီသည် အသားဓာတ်ကြွယ်ဝပါတယ်။
အသားငါးများတွင်သာ အသားဓာတ် (Protein) ကြွယ်ဝသည်ဟု လူတိုင်းနားလည်ထားသော်လည်း နှမ်းဆီသည်လည်း အသားဓာတ်ပိုမိုကြွယ်ဝပါသည်။ နှမ်းဆီတစ်အောင်စတွင် အသားဓာတ် ၅ဂရမ်မျှ ပါဝင်သည်ဟု လေ့လာမှုတစ်ရပ်အရ သိရပါသည်။
၇။ နှမ်းဆီသည် ဆီးချို၊သွေးချို ရောဂါများကို ကာကွယ်တယ်။
နှမ်းဆီ၏ အံဖွယ်အကျိုးအာနိသင်တစ်ခုမှာ ဆီးချို၊သွေးချိုရောဂါများကို ကာကွယ်နိုင်ခြင်းပင် ဖြစ်သည်။ နှမ်းဆီကို ပုံမှန်စားသုံးခြင်းသည် ဆီးချို၊သွေးချိုရောဂါပျောက်ဆေးများကို အထောက်အကူပြုစေသည်ဟု ၂ဝ၁၁တွင် အမေရိကန်ဆေးဝါးနှင့်အာဟာရဂျာနယ်၏ သုတေသနတစ်ရပ်အရ သိရပါသည်။
၈။ နှမ်းဆီသည် သွေးဖိအားကို လျော့နည်းစေတယ်။
နှမ်းဆီသည် သွေးဖိအားကို လျော့နည်းစေပြီး သွေးတိုးရောဂါကို ကာကွယ်ပေးပါသည်။ နှမ်းဆီတွင် ပါဝင်သော မဂ္ဂနီဆီယမ်သည် ခန္ဓာကိုယ်ရှိသွေးဖိအားကို တည်ငြိမ်စေပါသည်။
Ads.com.mm ပရိသတ်ကြီးရေ နှမ်းဆီကဲ့သို့ ကျန်းမာရေးနှင့်ကိုက်ညီသော စိုက်ပျိုးရေးနှင့်စားသောက်ကုန်ပစ္စည်းများကို စီးပွားရေးလုပ်ငန်းဆိုင်ရာကဏ္ဍတွင်https://www.ads.com.mm/business  လင့်ခ်အတိုင်း ဝင်ရောက်ဝယ်ယူနိုင်ပါတယ်။
Advertisements
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s