ျမန္မာသကၠရာဇ္ ၁၃၇၈ ခုႏွစ္အတြက္ သၾကၤန္စာ

 

Thingyan Sar Blog

 

[Zawgyi]

– – – – – – – – – – – – – – – – – – –

“ကူးေျပာင္းျခင္း၊ေျပာင္းေရႊ႕ျခင္း” ဟု အဓိပၸာယ္ရေသာ ပါဠိဘာသာစကား “သကၤႏၱ” ကုိ ျမန္မာမွဳျပဳ၍ “သၾကၤန္” ဟုေခၚဆုိျခင္းျဖစ္သည္။ႏွစ္ေဟာင္းမွႏွစ္သစ္သုိ႔ ကူးေျပာင္းေသာကာလကုိ “သၾကၤန္ကာလ” ဟု ေခၚဆုိပါသည္။ပါဠိစကားလုံး”အႏၱ” မွ ဆင္းသက္လာေသာ “ေနာက္ဆုံး” ဟု အဓိပၸာယ္ရသည့္ အတာႏွင့္တြဲဖက္ကာ “အတာသၾကၤန္” လုိ႔လည္း ဆုိၾကပါတယ္။ ျမန္မာသၾကၤန္ကုိ ပုဂံေခတ္နရသီဟပေတ့မင္း လက္ထက္မွ စတင္က်င္းပခဲ့ပါသည္။ သၾကၤန္ကာလတြင္ ရနသီဟပေတ့မင္းသည္ မိဖုရားေစာလုံကုိ လူၾကားထဲတြင္ အရွက္ကြဲေလာက္ေအာင္ ေရပက္ေနာက္ေျပာင္က်ီစယ္ခဲ့သျဖင့္ ေစာလုံမွ အဆိတ္ခပ္သတ္တဲ့အထိ ျဖစ္ခဲ့ပါသည္။အခ်ိန္မီသိခဲ့၍ အသက္မေသခဲ့ေသာ္လည္း မိဖုရားေစာလုံကုိ မီးက်ီခဲရဲရဲေပၚတြင္ မီးကင္သတ္ေစခဲ့ပါသည္။ ဤကား သၾကၤန္ရဲ႕ေၾကကြဲဖြယ္ရာဇာတ္လမ္းအစ ျဖစ္ပါသည္။ ႏွစ္သစ္မွာ ေပ်ာ္ရႊင္ခ်မ္းေျမ႔ေစေၾကာင္း ဆုေတာင္းရင္းျဖင့္ တစ္ဦးကုိတစ္ဦး ခ်စ္ၾကည္ရင္းႏွီးစြာ ေရပက္ကစားၾကပါသည္။ ေ၀ဒပေရာဟိတ္တုိ႔လည္း ၾကယ္တာရာ၊နကၡတ္တုိ႔ကုိ ၾကည့္ရွဴ႕လ်က္ ႏွစ္သစ္မွာ ျဖစ္လတၱံ႔ေသာအရာတုိ႔ကုိ ၾကိဳတင္ေဟာကိန္းထုတ္ၾကျခင္းကုိ “သၾကၤန္စာ” ထုတ္ျခင္းဟု ေခၚပါသည္။ ယခုႏွစ္ မဟာသၾကၤန္က်ခ်ိန္သည္ ၁၃၇၇ခုႏွစ္ ေႏွာင္းတန္ခူးလဆန္း(၆)ရက္၊ခရစ္ႏွစ္ ၂၀၁၆ခုႏွစ္ ဧျပီလ(၁၃)ရက္၊ဗုဒၶဟူးေန႔ည (၁၀)နာရီ၊(၄၃)မိနစ္ (၅၂)စကၠန္႔ ျဖစ္ပါသည္။ မဟာသၾကၤန္အတက္ရက္သည္ ၁၃၇၇ခုႏွစ္ ေႏွာင္းတန္ခူးလဆန္း(၉)ရက္၊ခရစ္ႏွစ္ ၂၀၁၆ခုႏွစ္ ဧျပီလ(၁၆)ရက္၊စေနေန႔နံနက္ (၂)နာရီ၊(၄၈)မိနစ္၊(၃၄)စကၠန္႔  ျဖစ္ပါသည္။ ယခုႏွစ္တြင္ သၾကၤန္အၾကတ္ (၂)ရက္ ျဖစ္ပါသည္။         ၁၃၇၈အတြက္ ပေရာဟိတ္ဦးမင္းသိန္း ၾကိဳတင္ေဟာကိန္းထုတ္ထားေသာ သၾကၤန္စာကုိ ျပန္လည္ေဖာ္ျပလုိက္ပါသည္။

တနဂၤေႏြသားသမီး ။  ။ ရုိးရုိးက်င့္ ျမင့္ျမင့္ၾကံပါက ေအာင္ျမင္အံ့။အဂၤါေန႔၊ၾကာသပေတးဖြားသူတုိ႔ႏွင့္ အက်ိဳးေပးလတၱံ႕။အခ်စ္ေရး၊လူမွဳေရးအရွဳပ္အေထြးမ်ားကုိ သတိျဖင့္ေရွာင္ရွားပါ။အိမ္ေထာင္ေရးတြင္ အမ်ိဳးသမီးတုိ႔အဖုိ႔ ကံေကာင္းအံ့။ပညာေရး၊အိမ္ျခံေျမ၊ေဆးပစၥည္းလုပ္ငန္းမ်ား အက်ိဳးေပးမည္။အခ်စ္စစ္ ေတြ႕ၾကံဳအံ့။

တနလၤာသားသမီး ။  ။ အတုိက္အခံ၊အေႏွာင့္အယွက္ မ်ားအံ့။အစာအိမ္ေရာဂါ၊အူလမ္းေၾကာင္းေရာဂါ၊မီးယပ္၊၀မ္းဗုိက္ေ၀ဒနာ ျဖစ္အံ့။ေရလုပ္ငန္း၊ေက်ာက္ျမတ္ရတနာ၊အလွကုန္လုပ္ငန္း အက်ိဳးေပးအံ့။မိသားစုသေဘာမတူသူႏွင့္ အခ်စ္ေရးၾကံဳအံ့။

အဂၤါသားသမီး ။  ။ မာန္မာနခ၀ါခ်ျပီး အိမ္ေထာင္ေရးအရွဳပ္အရွင္းကင္းကာ ၾကိဳးစားလ်င္ ေအာင္ျမင္အံ့။ပညာေရးတြင္ ထူးျခားစြာ အက်ိဳးေပးအံ့။စက္မွဳအုိင္တီလုပ္ငန္းတြင္ ကံေကာင္းအံ့။ျပည္ပခရီးသြားရအံံ့။ေသြး၊အရုိးအေၾကာအဆစ္ျမစ္ ေ၀ဒနာခံစားရအ့ံ။တနလၤာ၊အဂၤါ၊ၾကာသပေတးဖြားသူမ်ားႏွင့္ ကံစပ္အံ့။စာေပ စာနယ္ဇင္း၊ဆက္သြယ္ေရးလုပ္ငန္း၊ကန္ထရုိက္လုပ္ငန္း အက်ိဳးေပးအံ့။

ဗုဒၶဟူးသားသမီး ။  ။ ဤႏွစ္တြင္ ထူးထူးျခားျခားကံေကာင္းအံံ့။ရည္မွန္းခ်က္ ေပါက္ေျမာက္အံ့။သတၳဳတူးေဖာ္ေရး၊အ၀တ္အထည္၊ေမာ္ေတာ္ယာဥ္လုပ္ငန္း အက်ိဳးေပးအံ့။တနလၤာေန႔၊စေနေန႔ဖြားသူမ်ားႏွင့္ ကံစပ္အံ့။ႏွလုံးသားႏွင့္ဦးေႏွာက္လြန္ဆြဲရာတြင္ ႏွလုံးသားက အႏုိင္ယူအံ့။

ရာဟုသားသမီး ။  ။ ပတ္၀န္းက်င္အသစ္တြင္ မိတ္ေဆြအသစ္တုိ႔ႏွင့္ စီးပြားေရးေအာင္ျမင္အံ့။ကြဲကြာေနသာ မိတ္ေဆြမ်ား ဆုံအံ့။စက္မွဳလုပ္ငန္း၊ေဆး၀ါးလုပ္ငန္း၊ေက်ာက္ျမတ္ရတနာလုပ္ငန္းလုပ္ကုိင္လ်င္ ေအာင္ျမင္အံ့။တနလၤာဖြား၊ေသာၾကာဖြားတုိ႔ႏွင့္ အထူးေအာင္ျမင္အံ့။စန္းပြင့္ေသာႏွစ္ျဖစ္၍ ဖူးစာရွင္ေတြ႕လတၱံ႔။

ၾကာသပေတးသားသမီး ။  ။ စီးပြားသစ္မ်ားခ်ဲ႕ထြင္ျခင္းမွ ေအာင္ျမင္အံ့။သီလ သမာဓိျပည့္စုံသူတို႔၏ ကူညီေစာင့္ေရွာက္ျခင္းကုိ ခံရလတၱံ႕။အိမ္ျခံေျမလုပ္ငန္း၊ဟုိတယ္ႏွင့္ခရီးသြားလာေရးလုပ္ငန္း၊သမဏိလုပ္ငန္းမ်ား ေအာင္ျမင္အံ့။အေၾကာအဆစ္ေ၀ဒနာ ခံစားရအံ့။ေသာၾကာဖြား၊တနဂၤေႏြဖြား၊အဂၤါဖြားမ်ားႏွင့္ အက်ိဳးေပးအံံ့။အခ်စ္ေရးတြင္ မည္သုိ႔ပင္ အခက္အခဲရွိေစ ေက်ာ္လႊားႏုိင္အံ့။

ေသာၾကာသားသမီး ။  ။ မိသားစုအတြင္း ပဋိပကၡျဖစ္ႏိုင္အံ့။ေငြေရးေၾကးေရး ပူပန္ရအံ့။မိန္းကေလးမ်ားအတြက္ အယုံလြယ္ျခင္းကုိ ေရွာင္ရမည္။အဆုတ္၊ႏွလုံးေ၀ဒနာ ခံစားရအံံ့။ၾကာသပေတး၊စေန၊တနလၤာဖြားသူမ်ားႏွင့္ ကံေကာင္းအံ့။အိမ္ျခံေျမလုပ္ငန္း၊ရုပ္ရွင္ႏွင့္စတူဒီယုိလုပ္ငန္း၊စားေသာက္ကုန္လုပ္ငန္း ေအာင္ျမင္အံ့။စစ္မွန္သည့္ဖူးစာရွင္ ေတြ႕ႏုိင္ရန္ ႏွလုံးသားထက္ ဦးေႏွာက္ဆုံးျဖတ္ခ်က္က ပုိမွန္အံ့။

စေနသားသမီး ။  ။ ဤႏွစ္တြင္ ျပိဳင္ဘက္မ်ားကုိ ေက်ာ္လႊားျပီး စီးပြာေရးအထူးေအာင္ျမင္အံ့။အေပါင္းအသင္းမ်ားအေပၚေကာင္းသေလာက္ မိသားစုအေပၚ အေကာင္းမျမင္အံ့။အိမ္ေထာင္ေရး၊လူမွဳေရး အရွဳပ္အေထြးမ်ားကုိ ေျဖရွင္းရအံ့။ဗုဒၶဟူး၊ေသာၾကာဖြားတုိ႔ႏွင့္ အက်ိဳးေပးအံ့။ေရသန္႔၊ေရႏွင့္ဆက္စပ္လုပ္ငန္း၊အႏုပညာလုပ္ငန္းတုိ႔တြင္ အက်ိဳးေပးအံံ့။ျပည္ပခရီးသြားရအံံ့။၀မ္းဗုိက္၊ခါး၊တင္ပါးတုိ႔တြင္ ေ၀ဒနာခံစားရအံ့။မိဘသေဘာမတူသူႏွင့္ ခ်စ္ကြ်မ္း၀င္အံ့။

သင့္အိမ္မွာ အသုံးမလုိေတာ့တဲ့ကုန္ပစၥည္းမ်ားကုိ ads.com.mm မွာ https://www.ads.com.mm/posts/new  လင့္အတုိင္းအခမဲ့ေၾကာ္ျငာတင္ေရာင္းခ်လုိ႔ရပါတယ္။

– – – – – – – – – –  – – – – –  – – – – – – — – – – –

[Unicode]

 

မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ်အတွက် သင်္ကြန်စာ

– – – – – – – – – – – – – – – – – – –

“ကူးပြောင်းခြင်း၊ပြောင်းရွှေ့ခြင်း” ဟု အဓိပ္ပာယ်ရသော ပါဠိဘာသာစကား “သင်္ကန္တ” ကို မြန်မာမှုပြု၍ “သင်္ကြန်” ဟုခေါ်ဆိုခြင်းဖြစ်သည်။နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသောကာလကို “သင်္ကြန်ကာလ” ဟု ခေါ်ဆိုပါသည်။ပါဠိစကားလုံး”အန္တ” မှ ဆင်းသက်လာသော “နောက်ဆုံး” ဟု အဓိပ္ပာယ်ရသည့် အတာနှင့်တွဲဖက်ကာ “အတာသင်္ကြန်” လို့လည်း ဆိုကြပါတယ်။ မြန်မာသင်္ကြန်ကို ပုဂံခေတ်နရသီဟပတေ့မင်း လက်ထက်မှ စတင်ကျင်းပခဲ့ပါသည်။ သင်္ကြန်ကာလတွင် ရနသီဟပတေ့မင်းသည် မိဖုရားစောလုံကို လူကြားထဲတွင် အရှက်ကွဲလောက်အောင် ရေပက်နောက်ပြောင်ကျီစယ်ခဲ့သဖြင့် စောလုံမှ အဆိတ်ခပ်သတ်တဲ့အထိ ဖြစ်ခဲ့ပါသည်။အချိန်မီသိခဲ့၍ အသက်မသေခဲ့သော်လည်း မိဖုရားစောလုံကို မီးကျီခဲရဲရဲပေါ်တွင် မီးကင်သတ်စေခဲ့ပါသည်။ ဤကား သင်္ကြန်ရဲ့ကြေကွဲဖွယ်ရာဇာတ်လမ်းအစ ဖြစ်ပါသည်။ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့စေကြောင်း ဆုတောင်းရင်းဖြင့် တစ်ဦးကိုတစ်ဦး ချစ်ကြည်ရင်းနှီးစွာ ရေပက်ကစားကြပါသည်။ ဝေဒပရောဟိတ်တို့လည်း ကြယ်တာရာ၊နက္ခတ်တို့ကို ကြည့်ရှူ့လျက် နှစ်သစ်မှာ ဖြစ်လတ္တံ့သောအရာတို့ကို ကြိုတင်ဟောကိန်းထုတ်ကြခြင်းကို “သင်္ကြန်စာ” ထုတ်ခြင်းဟု ခေါ်ပါသည်။ ယခုနှစ် မဟာသင်္ကြန်ကျချိန်သည် ၁၃၇၇ခုနှစ် နှောင်းတန်ခူးလဆန်း(၆)ရက်၊ခရစ်နှစ် ၂၀၁၆ခုနှစ် ဧပြီလ(၁၃)ရက်၊ဗုဒ္ဓဟူးနေ့ည (၁၀)နာရီ၊(၄၃)မိနစ် (၅၂)စက္ကန့် ဖြစ်ပါသည်။ မဟာသင်္ကြန်အတက်ရက်သည် ၁၃၇၇ခုနှစ် နှောင်းတန်ခူးလဆန်း(၉)ရက်၊ခရစ်နှစ် ၂၀၁၆ခုနှစ် ဧပြီလ(၁၆)ရက်၊စနေနေ့နံနက် (၂)နာရီ၊(၄၈)မိနစ်၊(၃၄)စက္ကန့်  ဖြစ်ပါသည်။ ယခုနှစ်တွင် သင်္ကြန်အကြတ် (၂)ရက် ဖြစ်ပါသည်။          ၁၃၇၈အတွက် ပရောဟိတ်ဦးမင်းသိန်း ကြိုတင်ဟောကိန်းထုတ်ထားသော သင်္ကြန်စာကို ပြန်လည်ဖော်ပြလိုက်ပါသည်။

တနင်္ဂနွေသားသမီး ။  ။ ရိုးရိုးကျင့် မြင့်မြင့်ကြံပါက အောင်မြင်အံ့။အင်္ဂါနေ့၊ကြာသပတေးဖွားသူတို့နှင့် အကျိုးပေးလတ္တံ့။အချစ်ရေး၊လူမှုရေးအရှုပ်အထွေးများကို သတိဖြင့်ရှောင်ရှားပါ။အိမ်ထောင်ရေးတွင် အမျိုးသမီးတို့အဖို့ ကံကောင်းအံ့။ပညာရေး၊အိမ်ခြံမြေ၊ဆေးပစ္စည်းလုပ်ငန်းများ အကျိုးပေးမည်။အချစ်စစ် တွေ့ကြုံအံ့။

တနင်္လာသားသမီး ။  ။ အတိုက်အခံ၊အနှောင့်အယှက် များအံ့။အစာအိမ်ရောဂါ၊အူလမ်းကြောင်းရောဂါ၊မီးယပ်၊ဝမ်းဗိုက်ဝေဒနာ ဖြစ်အံ့။ရေလုပ်ငန်း၊ကျောက်မြတ်ရတနာ၊အလှကုန်လုပ်ငန်း အကျိုးပေးအံ့။မိသားစုသဘောမတူသူနှင့် အချစ်ရေးကြုံအံ့။

အင်္ဂါသားသမီး ။  ။ မာန်မာနခဝါချပြီး အိမ်ထောင်ရေးအရှုပ်အရှင်းကင်းကာ ကြိုးစားလျင် အောင်မြင်အံ့။ပညာရေးတွင် ထူးခြားစွာ အကျိုးပေးအံ့။စက်မှုအိုင်တီလုပ်ငန်းတွင် ကံကောင်းအံ့။ပြည်ပခရီးသွားရအံံ့။သွေး၊အရိုးအကြောအဆစ်မြစ် ဝေဒနာခံစားရအံ့။တနင်္လာ၊အင်္ဂါ၊ကြာသပတေးဖွားသူများနှင့် ကံစပ်အံ့။စာပေ စာနယ်ဇင်း၊ဆက်သွယ်ရေးလုပ်ငန်း၊ကန်ထရိုက်လုပ်ငန်း အကျိုးပေးအံ့။

ဗုဒ္ဓဟူးသားသမီး ။  ။ ဤနှစ်တွင် ထူးထူးခြားခြားကံကောင်းအံံ့။ရည်မှန်းချက် ပေါက်မြောက်အံ့။သတ္ထုတူးဖော်ရေး၊အဝတ်အထည်၊မော်တော်ယာဉ်လုပ်ငန်း အကျိုးပေးအံ့။တနင်္လာနေ့၊စနေနေ့ဖွားသူများနှင့် ကံစပ်အံ့။နှလုံးသားနှင့်ဦးနှောက်လွန်ဆွဲရာတွင် နှလုံးသားက အနိုင်ယူအံ့။

ရာဟုသားသမီး ။  ။ ပတ်ဝန်းကျင်အသစ်တွင် မိတ်ဆွေအသစ်တို့နှင့် စီးပွားရေးအောင်မြင်အံ့။ကွဲကွာနေသာ မိတ်ဆွေများ ဆုံအံ့။စက်မှုလုပ်ငန်း၊ဆေးဝါးလုပ်ငန်း၊ကျောက်မြတ်ရတနာလုပ်ငန်းလုပ်ကိုင်လျင် အောင်မြင်အံ့။တနင်္လာဖွား၊သောကြာဖွားတို့နှင့် အထူးအောင်မြင်အံ့။စန်းပွင့်သောနှစ်ဖြစ်၍ ဖူးစာရှင်တွေ့လတ္တံ့။

ကြာသပတေးသားသမီး ။  ။ စီးပွားသစ်များချဲ့ထွင်ခြင်းမှ အောင်မြင်အံ့။သီလ သမာဓိပြည့်စုံသူတို့၏ ကူညီစောင့်ရှောက်ခြင်းကို ခံရလတ္တံ့။အိမ်ခြံမြေလုပ်ငန်း၊ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း၊သမဏိလုပ်ငန်းများ အောင်မြင်အံ့။အကြောအဆစ်ဝေဒနာ ခံစားရအံ့။သောကြာဖွား၊တနင်္ဂနွေဖွား၊အင်္ဂါဖွားများနှင့် အကျိုးပေးအံံ့။အချစ်ရေးတွင် မည်သို့ပင် အခက်အခဲရှိစေ ကျော်လွှားနိုင်အံ့။

သောကြာသားသမီး ။  ။ မိသားစုအတွင်း ပဋိပက္ခဖြစ်နိုင်အံ့။ငွေရေးကြေးရေး ပူပန်ရအံ့။မိန်းကလေးများအတွက် အယုံလွယ်ခြင်းကို ရှောင်ရမည်။အဆုတ်၊နှလုံးဝေဒနာ ခံစားရအံံ့။ကြာသပတေး၊စနေ၊တနင်္လာဖွားသူများနှင့် ကံကောင်းအံ့။အိမ်ခြံမြေလုပ်ငန်း၊ရုပ်ရှင်နှင့်စတူဒီယိုလုပ်ငန်း၊စားသောက်ကုန်လုပ်ငန်း အောင်မြင်အံ့။စစ်မှန်သည့်ဖူးစာရှင် တွေ့နိုင်ရန် နှလုံးသားထက် ဦးနှောက်ဆုံးဖြတ်ချက်က ပိုမှန်အံ့။

စနေသားသမီး ။  ။ ဤနှစ်တွင် ပြိုင်ဘက်များကို ကျော်လွှားပြီး စီးပွာရေးအထူးအောင်မြင်အံ့။အပေါင်းအသင်းများအပေါ်ကောင်းသလောက် မိသားစုအပေါ် အကောင်းမမြင်အံ့။အိမ်ထောင်ရေး၊လူမှုရေး အရှုပ်အထွေးများကို ဖြေရှင်းရအံ့။ဗုဒ္ဓဟူး၊သောကြာဖွားတို့နှင့် အကျိုးပေးအံ့။ရေသန့်၊ရေနှင့်ဆက်စပ်လုပ်ငန်း၊အနုပညာလုပ်ငန်းတို့တွင် အကျိုးပေးအံံ့။ပြည်ပခရီးသွားရအံံ့။ဝမ်းဗိုက်၊ခါး၊တင်ပါးတို့တွင် ဝေဒနာခံစားရအံ့။မိဘသဘောမတူသူနှင့် ချစ်ကျွမ်းဝင်အံ့။

သင့်အိမ်မှာ အသုံးမလိုတော့တဲ့ကုန်ပစ္စည်းများကို ads.com.mm မှာ https://www.ads.com.mm/posts/new  လင့်အတိုင်းအခမဲ့ကြော်ငြာတင်ရောင်းချလို့ရပါတယ်။

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s