စတုဒီသာအလွဴ

 

Satuditha Blog

 

[Zawgyi]

– – – – – – – – – – – – – – – – – – – – – – – – – – –




(၁) လှူဒါန်းသူ၊

(၂) လှူဖွယ်၊


(၄) အလှူခံ။




– – – – –  – – – – – – – – – – – – – –  – – – – – – –

[Unicode]

စတုဒီသာအလှူ

– – – – – – – – – – – – – – – – – – – – – – – – – – –

မြန်မာတို့ရဲ့ အခါကြီးရက်ကြီးနေ့ထူးနေ့မြတ်မှာ ၇ရက်သားသမီးများကို စတုဒီသာ၊အဟာရအလှူ ကျွေးမွေးလှူဒါန်းကြပါသည်။အတာသင်္ကြန်ရေသဘင်ပွဲတော်ကို မြန်မာနိုင်ငံတွင် အစည်ကားဆုံးနှင့် အကြီးကျယ်ဆုံး၊ အခမ်းနားဆုံး မြန်မာနှစ်သစ်ကူးပွဲတော်တစ်ခု အဖြစ် နှစ်စဉ်ကျင်းပလျှက်ရှိသည်။ မဏ္ဍပ်များတွင် သင်္ကြန်ယိမ်းများဖြင့် လှပျိုဖြူများ စည်းဝါးညီကာ လှပစွာ ကပြဖျော်ဖြေကြသည်။ မုန့်လုံးရေပေါ် များကျွေးခြင်းအလေ့အထမှာ ကျေးလက်မြို့ပြမကျန် ကျင့်သုံးလျှက်ရှိသည်။ မုန့်လုံးရေပေါ်ထဲတွင် အစာသွတ်ထည့်ထားသော ထန်းလျှက်ခဲအစား ငရုတ်သီးတောင့်များ ထည့်သွင်းကာ စားချင့်စဖွယ် မုန့်လုံးရေပေါ်များ ထဲတွင် ရောနှောကျွေးတတ်သည့် ဓလေ့မှာလည်း ချစ်စရာအလေ့အထ တစ်ခုဖြစ်သည်။

ဒါနဆိုသည်မှာ ပေးကမ်းစွန့်ကြဲခြင်း၊ ချီးမြင့်ခြင်း၊ ထောက်ပံ့ခြင်း၊ လှူဒါန်းခြင်းကို ဆိုလိုပါသည်။

ဒါနဖြစ်မြောက်ရန် အကြောင်း ၄ ပါးပြည့်စုံရပါသည်။

(၁) လှူဒါန်းသူ၊

(၂) လှူဖွယ်၊

(၃) လှူဒါန်းလိုသောစေတနာ နှင့်

(၄) အလှူခံ။

ဒါန၏စွမ်းရည် – လှူဒါန်းခိုက်ဖြစ်သော စေတနာ၏စွမ်းရည်။

ဒါန၏အဟန့် အတားများ – မိမိ၏ကိုယ်တွင်းမှ လောဘ၊ ဒေါသ၊ မောဟ၊ ကိုယ့်ထက်သာမနာလိုမှု့၊ နှမြောတွန့်တိုမှု့၊ ဝန်တိုမှု့၊ မာန်ထောင်မှု့။

လူဘဝသံသရာ ဝဲသြဃထဲကထွက်မြောက်နိုင်ဖို့ လိုအပ်တဲ့ စွမ်းအင်တွေဖြစ်တဲ့ ဒါနစွမ်းအင်၊ သီလစွမ်းအင်နှင့် ဘာဝနာစွမ်းအင် ဆိုပြီးရှိရာတွင် သီလသည် အခြေခံအုတ်မြစ်ဖြစ်၍ ဒါနစွမ်းရည်သည် လက်ရှိဘဝတွင်အကျိုးပေးသည့် အပြင် သံသရာထွက်မြောက်ကြောင်း လမ်းကြောင်းတွင်လည်း စောင်းတန်းလှေကား အဖြစ် ကျေးဇှုးပြုပါသည်။ ဒါနစေတနာသည် သမထစိတ်၏ အခြံအရံဖြစ်၍ ပေးလှူပြီးနောက် ရန်သူသော်လည်း မေတ္တာ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တို့ပွားများအားထုက်ခဲ့ပါက ဗြဟ္မာ ပြည်သို့လားရောက်၏။ သို့ဖြစ်ပါ၍ ယခုနှစ်မဟာသင်္ကြန်တွင် ရသဒါန (အရသာအလှူ) ဖြစ်သော စတုဒီသာအာဟာရအလှူတော်တွင် မိမိတို့တတ်နိုင်သမျှ နည်းများမဆို ရဲရဲရင့်ရင့် စွန့်ကြဲကြခြင်းဖြစ်သည်။

သင့်အိမ်မှာ အသုံးမလိုတော့တဲ့ကုန်ပစ္စည်းများကို ads.com.mm မှာ https://www.ads.com.mm/posts/new လင့်အတိုင်းအခမဲ့ကြော်ငြာတင်ရောင်းချလို့ရပါတယ်။

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s