သႀကၤန္ကာလအတြင္း အသားေရထိန္းသိမ္းနည္း

 

Skin Care Blog

 

[Zawgyi]

– – – – – – – – – – – – – – – – – – – – – – –

မၾကာခင္မွာ က်ေရာက္ေတာ့မည့္ သႀကၤန္မွာေရကစားရင္း ေနေရာင္ျခည္အပူဒဏ္ေၾကာင့္ အသားအေရထိခိုက္မွဳမ်ားကုိ မည္သုိ႔ကာကြယ္သင့္သည္ကုိ ေဖာ္ျပေပးလုိက္ပါတယ္။

သႀကၤန္တြင္းမွာ ေရပက္ခံထြက္တာေၾကာင့္ ေနေလာင္ျခင္း၊အသားအေရယားယံျခင္း၊အဖုအပိန္႔ထြက္ျခင္းတို႔ ျဖစ္ႏိုင္ပါသည္။ထုိ႔ေၾကာင့္ ေနေရာင္ျခည္ကုိ ကာကြယ္ႏုိင္ျပီး အေရာင္ေဖ်ာ့ေဖ်ာ့ျဖင့္ လံုလံုေလာက္ေလာက္ ဖံုးအုပ္ႏုိင္မည့္ အက်ႌလက္ရွည္၊ေဘာင္းဘီရွည္ခပ္ပြပြႏွင့္ခ်ည္ထည္မ်ား ဝတ္သင့္ပါသည္။သႀကၤန္အတြင္းမွာ အတုိအျပတ္ ဝတ္ဆင္ျခင္းသည္ လူငယ္ဆန္ေသာ္လည္း အသားအေရကုိ ထိခုိက္လွပါသည္။

ေရကစားထြက္လုိေသာ လူငယ္မ်ားသည္ ေနအပူခ်ိန္အျမင့္ဆုံးျဖစ္သည့္ မနက္၁ဝနာရီႏွင့္ညေန၃ၾကားတြင္ နားသင့္ပါသည္။ ထုိအခ်ိန္အပုိင္းအျခားသည္ ခရမ္းလြန္ေရာင္ျခည္အျမင့္ဆံုးျဖစ္ျပီး လြန္ကဲအဆင့္၁၁ပင္ ရွိလာတာေၾကာင့္ အရိပ္ထဲတြင္ နားေနသင့္ပါသည္။

ေရပက္ခံထြက္မည့္သူေတြအတြက္ ေနပူေရွာင္ဖုိ႔ ခက္ခဲပါတယ္။ ထုိ႔ေၾကာင့္ Sun Lotion ၊ Sun Cream မ်ားကို ေနပူထဲမထြက္ခင္ ႀကိဳတင္လိမ္းသင့္ပါသည္။ SPF 30 အထိပါဝင္ေသာ Cream မ်ားကုိ ခႏၵာကုိယ္အႏွံ႔လိမ္းထားသင့္ပါသည္။

ေရပက္ခံျပီး ျပန္လာလ်င္ ေရခ်ိဳးသင့္ပါသည္။ အဘယ္ေၾကာင့္ဆုိေသာ္ ေရကစားရာတြင္ ေခ်ာင္းေရ၊ေျမာင္းေရမ်ား၊မသန္႔ေသာ ေရမ်ားပါဝင္လာႏုိင္တာေၾကာင့္ သန္႔ရွင္းသြားေစရန္ ေရခ်ိဳးသင့္ပါသည္။

သႀကၤန္တြင္းတြင္ လူငယ္မ်ားသည္ စတိုင္က်ေစရန္ ဆံပင္စတိုင္မ်ိဳးစုံျဖင့္ အေရာင္ဆုိးၾကပါသည္။ ဆုိးေဆးတြင္ ဓာတုပစၥည္းမ်ား ပါဝင္တာေၾကာင့္ ဓာတ္မတည့္လ်င္ အေရျပားယားယံမွဳမ်ား ျဖစ္ေပၚတက္ပါသည္။ဓာတုပစၥည္းမ်ားသည္ ဦးေရျပားကုိ ထိခုိက္ျပီး ဆံပင္မြဲေျခာက္ျခင္း၊ဆံပင္က်ိဳးေက်ျခင္းမ်ား ျဖစ္ေပၚလာႏုိင္ေသာေၾကာင့္ က်န္းမာေရးထိခုိက္ႏုိင္ပါသည္။

သင့္အိမ္မွာ အသုံးမလုိေတာ့တဲ့ကုန္ပစၥည္းမ်ားကုိ ads.com.mm မွာ https://www.ads.com.mm/posts/new လင့္အတုိင္းအခမဲ့ေၾကာ္ျငာတင္ေရာင္းခ်လုိ႔ရပါတယ္။

[Unicode]

သင်္ကြန်ကာလအတွင်း အသားရေထိန်းသိမ်းနည်း

– – – – – – – – – – – – – – – – – – – – – – –

မကြာခင်မှာ ကျရောက်တော့မည့် သင်္ကြန်မှာရေကစားရင်း နေရောင်ခြည်အပူဒဏ်ကြောင့် အသားအရေထိခိုက်မှုများကို မည်သို့ကာကွယ်သင့်သည်ကို ဖော်ပြပေးလိုက်ပါတယ်။

သင်္ကြန်တွင်းမှာ ရေပက်ခံထွက်တာကြောင့် နေလောင်ခြင်း၊အသားအရေယားယံခြင်း၊အဖုအပိန့်ထွက်ခြင်းတို့ ဖြစ်နိုင်ပါသည်။ထို့ကြောင့် နေရောင်ခြည်ကို ကာကွယ်နိုင်ပြီး အရောင်ဖျော့ဖျော့ဖြင့် လုံလုံလောက်လောက် ဖုံးအုပ်နိုင်မည့် အကျႌလက်ရှည်၊ဘောင်းဘီရှည်ခပ်ပွပွနှင့်ချည်ထည်များ ဝတ်သင့်ပါသည်။သင်္ကြန်အတွင်းမှာ အတိုအပြတ် ဝတ်ဆင်ခြင်းသည် လူငယ်ဆန်သော်လည်း အသားအရေကို ထိခိုက်လှပါသည်။

ရေကစားထွက်လိုသော လူငယ်များသည် နေအပူချိန်အမြင့်ဆုံးဖြစ်သည့် မနက်၁ဝနာရီနှင့်ညနေ၃ကြားတွင် နားသင့်ပါသည်။ ထိုအချိန်အပိုင်းအခြားသည် ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံးဖြစ်ပြီး လွန်ကဲအဆင့်၁၁ပင် ရှိလာတာကြောင့် အရိပ်ထဲတွင် နားနေသင့်ပါသည်။

ရေပက်ခံထွက်မည့်သူတွေအတွက် နေပူရှောင်ဖို့ ခက်ခဲပါတယ်။ ထို့ကြောင့် Sun Lotion ၊ Sun Cream များကို နေပူထဲမထွက်ခင် ကြိုတင်လိမ်းသင့်ပါသည်။ SPF 30 အထိပါဝင်သော Cream များကို ခန္ဒာကိုယ်အနှံ့လိမ်းထားသင့်ပါသည်။

ရေပက်ခံပြီး ပြန်လာလျင် ရေချိုးသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ရေကစားရာတွင် ချောင်းရေ၊မြောင်းရေများ၊မသန့်သော ရေများပါဝင်လာနိုင်တာကြောင့် သန့်ရှင်းသွားစေရန် ရေချိုးသင့်ပါသည်။

သင်္ကြန်တွင်းတွင် လူငယ်များသည် စတိုင်ကျစေရန် ဆံပင်စတိုင်မျိုးစုံဖြင့် အရောင်ဆိုးကြပါသည်။ ဆိုးဆေးတွင် ဓာတုပစ္စည်းများ ပါဝင်တာကြောင့် ဓာတ်မတည့်လျင် အရေပြားယားယံမှုများ ဖြစ်ပေါ်တက်ပါသည်။ဓာတုပစ္စည်းများသည် ဦးရေပြားကို ထိခိုက်ပြီး ဆံပင်မွဲခြောက်ခြင်း၊ဆံပင်ကျိုးကျေခြင်းများ ဖြစ်ပေါ်လာနိုင်သောကြောင့် ကျန်းမာရေးထိခိုက်နိုင်ပါသည်။

သင့်အိမ်မှာ အသုံးမလိုတော့တဲ့ကုန်ပစ္စည်းများကို ads.com.mm မှာ https://www.ads.com.mm/posts/new လင့်အတိုင်းအခမဲ့ကြော်ငြာတင်ရောင်းချလို့ရပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s