သႀကၤန္အားလပ္ရက္ကုိ ဘယ္လုိအသုံးခ်သင့္သလဲ

 

How to Spend Thingyan Blog

 

[Zawgyi]

– – – – – – – – – – – – – – – – – – – – – – – –






 

– – – – – – – – – – – – – – – – – – –  – – – – – – – –

[Unicode]

 

သင်္ကြန်အားလပ်ရက်ကို ဘယ်လိုအသုံးချသင့်သလဲ

– – – – – – – – – – – – – – – – – – – – – – – –

ကမ္ဘာပေါ်ရှိ လူတိုင်းသည် အားလပ်ရက်ကို စောင့်မျှော်ကြပါသည်။ အားလပ်ရက်ရောက်ပြီဆိုလျင် မိသားစုဖြင့် ပျော်ပါးခြင်း၊ရေကူးခြင်း၊Shopping ထွက်ခြင်း အစရှိသဖြင့် မိမိတိမ်းညွှတ်ရာဝါသနာအမျိုးမျိုးကို လိုက်၍ပြုမူလုပ်ဆောင်ကြပါသည်။ ယခုနှစ် သင်္ကြန်အားလပ်ရက်တွင် ဧပြီလ ၁၁ရက်မှ ၂ဝအထိ အစိုးရရုံးပိတ်ရက် (၁ဝ) ရက် ရှိပါသည်။ ယခုနှစ် သင်္ကြန်ရက်သည် ယခင်နှစ်များနှင့်အတူ အကြတ်ရက် (၂)ရက်ရှိသောကြောင့် စုစုပေါင်းသင်္ကြန်ရက်မှာ (၅) ရက်ပင်ဖြစ်သည်။ ads.com.mm ပရိသတ်ကြီးအတွက် သင်္ကြန်အားလပ်ရက်ကို အကျိုးရှိရှိဘယ်လို အသုံးချသင့်တယ်ဆိုတာကို ဖော်ပြပါမယ်။

နွေရာသီသည် ရာသီဥတုလွန်စွာပူပြင်းသောကြောင့် သင်္ကြန်ရေပက်ခံလိုသူများအဖို့ သင်္ကြန်ရက်များအားလုံး ရေပက်ခံလျင် ကျန်းမာရေးအတွက် လွန်စွာထိခိုက်လှသည်။ ထို့ကြောင့် သင်္ကြန်အကြိုနေ့၊အကျနေ့များတွင် ဘာသာဝင်အသီးသီးတို့သည် ဘာသာရေးကောင်းမှုများ ပြုလုပ်သင့်ပေသည်။ဘုရားကျောင်းကန်များ ဥပုသ်သီလစောင့်ထိန်းခြင်း၊အမှိုက်သန့်ရှင်းခြင်း၊လမ်းတံတားပြုပြင်ခြင်းများ ပြုလုပ်သင့်ပေသည်။

ပထမသင်္ကြန်အကြတ်နေ့၊ဒုတိယသင်္ကြန်အကြတ်နေ့နှင့်အတက်နေ့သည် လူငယ်များအတွက် ရေပက်ခံထွက်ဖို့ အကောင်းဆုံးရက်များပင်ဖြစ်သည်။ပျော်ရွှင်စရာ သင်္ကြန်ပွဲတော်တွင် ချစ်ချစ်ခင်ခင်၊ပျော်ပျော်ရွှင်ရွှင် ရေကစားပြီး ခိုက်ရန်ဖြစ်ပွားခြင်း၊ယာဉ်မတော်တခတိုက်ခိုက်ခြင်း မဖြစ်အောင် ဂရုတစိုက်ဆင်ခြင်သင့်ပေသည်။ သင် အိမ်ပြန်လာချိန်ကို မိသားစုက စောင့်မျှော်နေသည်ဟု နှလုံးမူပြီး သင်္ကြန်လည်ပတ်သင့်ပေသည်။ရာသီဥတုပူပြင်းသောကြောင့် နေ့လည်ပိုင်းတွင် မိမိအိမ်တွင် အိပ်စက်အနားယူပြီး အပန်းဖြေကာ မနက်ပိုင်း၊ညနေပိုင်းတွင်သာ ပုံမှန်အတိုင်း လည်ပတ်သင့်ပါသည်။

နှစ်ဆန်းတစ်ရက်နေ့နှင့်နောက်ပိုင်းနှစ်သစ်ကူးရုံးပိတ်ရက်များတွင် မိသားစုဖြင့် မိမိအိမ်တွင် မုန့်လုပ်စားခြင်း၊ပျော်ပွဲစားထွက်ခြင်း၊စာဖတ်ခြင်း စသဖြင့် ပေါ့ပေါ့ပါးပါးအနားယူသင့်သည်။အားလပ်ရက်တွင် ကုန်ဆုံးသွားသော အားအင်များကို အနားယူခြင်းဖြင့် ကုန်ဆုံးသင့်သည်။ အားလပ်ရက်များကို ဤကဲ့သို့ အကျိုးရှိအောင် အပြည့်အဝအနားယူမှသာလျင် ဧပြီလ (၂၁) ရက်နေ့ အလုပ်ဝင်သောအခါ လန်းဆန်းတက်ကြွစွာ အနားယူနိုင်မည်ဖြစ်သည်။

သင့်အိမ်မှာ အသုံးမလိုတော့တဲ့ကုန်ပစ္စည်းများကို ads.com.mm မှာ https://www.ads.com.mm/posts/new လင့်အတိုင်းအခမဲ့ကြော်ငြာတင်ရောင်းချလို့ရပါတယ်။

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s