သႀကၤန္ကာလအတြင္း အႏၱရာယ္ကင္းစြာေပ်ာ္ရႊင္နည္း

 

Safety First Blog

[Zawgyi]

– – – – – – – – – – – – – – – – – – – – – – – – – –

သႀကၤန္အတြင္းတြင္  လူငယ္မ်ားသည္ ေပ်ာ္ရႊင္စြာဆင္ႏႊဲလုိၾကသည္။ မိဘမ်ားသည္လည္း မိမိသားသမီးမ်ား ေရကစားထြက္ၿပီဆုိလ်င္ ေနအိမ္သုိ႔ အႏၱရာယ္ကင္းစြာ ျပန္ေရာက္လာမည့္အခ်ိန္ကုိ ေမ်ွာ္ေနၾကသည္။ထုိ႔ေၾကာင့္ သႀကၤန္တြင္ ေရကစားထြက္မည့္လူငယ္မ်ားအတြက္ သႀကၤန္အတြင္း အႏၱရာယ္ကင္းစြာ ေနထုိင္နည္းမ်ားကုိ ေဖာ္ျပလုိက္ရပါသည္။

၁။ အရက္ေသစာ အလြန္အကြ်ံေသာက္စားျခင္း

အရက္ေသစာအလြန္အကြ်ံေသာက္စားျခင္းကုိလည္း သႀကၤန္အတြင္းမွာ ေရွာင္က်ဥ္သင့္ပါသည္။ မိမိသည္ အမူးလြန္ေနပါလ်င္ စဥ္းစားဥာဏ္ကင္းမဲ့ကာ အမွားအမွန္ဆုံးျဖတ္ႏုိင္စြမ္းေလ်ာ့နည္းသြားပါသည္။

၂။လမ္းေဘးစာ စားသုံးျခင္း

သႀကၤန္အတြင္းတြင္ လမ္းေဘးဆုိင္ အစားအေသာက္ ေရာင္းခ်သူ အလြန္ေပါမ်ားလွသည္။ သန္႔ရွင္းမွဳမရွိဘဲ ဝမ္းေရာဂါျဖစ္ႏုိင္၍ တက္ႏုိင္သေလာက္ ေရွာင္က်ဥ္သင့္ပါသည္။

၃။ မူးယစ္ေဆးဝါး သုံးစြဲျခင္း

သႀကၤန္အတြင္းတြင္ စိတ္ၾကြေဆးျပားမ်ား၊လိင္စိတ္ထၾကြေစေသာ ေဆးျပားမ်ား၊ မူးယစ္ေဆးဝါးမ်ိဳးစုံကုိ သတိႀကီးစြာ ေရွာင္က်ဥ္သင့္ပါသည္။ “အစားမေတာ္ တစ္လုတ္၊ အသြားမေတာ္ တစ္လွမ္း” ဆုိသလုိ မိမိတစ္ခါလုပ္မိေသာ အမွားသည္လည္း မိမိတစ္ဘဝလုံးကုိ ပ်က္စီးေစႏုိင္ေသာေၾကာင့္ သတိၾကီးစြာ ေရွာင္က်ဥ္သင့္ပါတယ္။

၄။ ခုိက္ရန္ျဖစ္ပြားျခင္း

ယခင္ႏွစ္ သႀကၤန္ကာလတြင္ ခုိက္ရန္ျဖစ္ပြားမွဳေၾကာင့္ ေသဆုံးသူလူငယ္မ်ား ဒုႏွင့္ေဒးပင္ ရွိသည္။ လူကုိ ဒုကၡေပးေစေသာ အမ်က္ေဒါသကုိ ထိန္းခ်ဳပ္ကာ “ေမာင္ႏွင့္အမ၊သားႏွင့္အမိ၊ညီရင္းအကုိ” ပမာေပ်ာ္ရႊင္စြာ ေရကစားသင့္ပါသည္။

၅။ အပူဒဏ္ကုိ ခံစားရျခင္း

ေရကစားထြက္လုိေသာ လူငယ္မ်ားသည္ ေနအပူခ်ိန္အျမင့္ဆုံးျဖစ္သည့္ မနက္၁ဝနာရီႏွင့္ညေန၃ၾကားတြင္ နားသင့္ပါသည္။ ထုိအခ်ိန္အပုိင္းအျခားသည္ ခရမ္းလြန္ေရာင္ျခည္အျမင့္ဆံုးျဖစ္ျပီး လြန္ကဲအဆင့္၁၁ပင္ ရွိလာတာေၾကာင့္ အရိပ္ထဲတြင္ နားေနသင့္ပါသည္။

ေရပက္ခံထြက္မည့္သူေတြအတြက္ ေနပူေရွာင္ဖုိ႔ ခက္ခဲပါတယ္။ ထုိ႔ေၾကာင့္ Sun Lotion ၊ Sun Cream မ်ားကို ေနပူထဲမထြက္ခင္ ႀကိဳတင္လိမ္းသင့္ပါသည္။ SPF 30 အထိပါဝင္ေသာ Cream မ်ားကုိ ခႏၵာကုိယ္အႏွံ႔လိမ္းထားသင့္ပါသည္။

သင့္အိမ္မွာ အသုံးမလုိေတာ့တဲ့ကုန္ပစၥည္းမ်ားကုိ ads.com.mm မွာ https://www.ads.com.mm/posts/new လင့္အတုိင္းအခမဲ့ေၾကာ္ျငာတင္ေရာင္းခ်လုိ႔ရပါတယ္။ – – – – – – – – –  – – – – – – – – – – – – – – – – – – – – – – – – –  – –

[Unicode]

 

သင်္ကြန်ကာလအတွင်း အန္တရာယ်ကင်းစွာပျော်ရွှင်နည်း

– – – – – – – – – – – – – – – – – – – – – – – – – –

သင်္ကြန်အတွင်းတွင်  လူငယ်များသည် ပျော်ရွှင်စွာဆင်နွှဲလိုကြသည်။ မိဘများသည်လည်း မိမိသားသမီးများ ရေကစားထွက်ပြီဆိုလျင် နေအိမ်သို့ အန္တရာယ်ကင်းစွာ ပြန်ရောက်လာမည့်အချိန်ကို မျှော်နေကြသည်။ထို့ကြောင့် သင်္ကြန်တွင် ရေကစားထွက်မည့်လူငယ်များအတွက် သင်္ကြန်အတွင်း အန္တရာယ်ကင်းစွာ နေထိုင်နည်းများကို ဖော်ပြလိုက်ရပါသည်။

၁။ အရက်သေစာ အလွန်အကျွံသောက်စားခြင်း

အရက်သေစာအလွန်အကျွံသောက်စားခြင်းကိုလည်း သင်္ကြန်အတွင်းမှာ ရှောင်ကျဉ်သင့်ပါသည်။ မိမိသည် အမူးလွန်နေပါလျင် စဉ်းစားဉာဏ်ကင်းမဲ့ကာ အမှားအမှန်ဆုံးဖြတ်နိုင်စွမ်းလျော့နည်းသွားပါသည်။

၂။လမ်းဘေးစာ စားသုံးခြင်း

သင်္ကြန်အတွင်းတွင် လမ်းဘေးဆိုင် အစားအသောက် ရောင်းချသူ အလွန်ပေါများလှသည်။ သန့်ရှင်းမှုမရှိဘဲ ဝမ်းရောဂါဖြစ်နိုင်၍ တက်နိုင်သလောက် ရှောင်ကျဉ်သင့်ပါသည်။

၃။ မူးယစ်ဆေးဝါး သုံးစွဲခြင်း

သင်္ကြန်အတွင်းတွင် စိတ်ကြွဆေးပြားများ၊လိင်စိတ်ထကြွစေသော ဆေးပြားများ၊ မူးယစ်ဆေးဝါးမျိုးစုံကို သတိကြီးစွာ ရှောင်ကျဉ်သင့်ပါသည်။ “အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း” ဆိုသလို မိမိတစ်ခါလုပ်မိသော အမှားသည်လည်း မိမိတစ်ဘဝလုံးကို ပျက်စီးစေနိုင်သောကြောင့် သတိကြီးစွာ ရှောင်ကျဉ်သင့်ပါတယ်။

၄။ ခိုက်ရန်ဖြစ်ပွားခြင်း

ယခင်နှစ် သင်္ကြန်ကာလတွင် ခိုက်ရန်ဖြစ်ပွားမှုကြောင့် သေဆုံးသူလူငယ်များ ဒုနှင့်ဒေးပင် ရှိသည်။ လူကို ဒုက္ခပေးစေသော အမျက်ဒေါသကို ထိန်းချုပ်ကာ “မောင်နှင့်အမ၊သားနှင့်အမိ၊ညီရင်းအကို” ပမာပျော်ရွှင်စွာ ရေကစားသင့်ပါသည်။

၅။ အပူဒဏ်ကို ခံစားရခြင်း

ရေကစားထွက်လိုသော လူငယ်များသည် နေအပူချိန်အမြင့်ဆုံးဖြစ်သည့် မနက်၁ဝနာရီနှင့်ညနေ၃ကြားတွင် နားသင့်ပါသည်။ ထိုအချိန်အပိုင်းအခြားသည် ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံးဖြစ်ပြီး လွန်ကဲအဆင့်၁၁ပင် ရှိလာတာကြောင့် အရိပ်ထဲတွင် နားနေသင့်ပါသည်။

ရေပက်ခံထွက်မည့်သူတွေအတွက် နေပူရှောင်ဖို့ ခက်ခဲပါတယ်။ ထို့ကြောင့် Sun Lotion ၊ Sun Cream များကို နေပူထဲမထွက်ခင် ကြိုတင်လိမ်းသင့်ပါသည်။ SPF 30 အထိပါဝင်သော Cream များကို ခန္ဒာကိုယ်အနှံ့လိမ်းထားသင့်ပါသည်။

သင့်အိမ်မှာ အသုံးမလိုတော့တဲ့ကုန်ပစ္စည်းများကို ads.com.mm မှာ https://www.ads.com.mm/posts/new လင့်အတိုင်းအခမဲ့ကြော်ငြာတင်ရောင်းချလို့ရပါတယ်။ – – – – – – – – –  – – – – – – – – – – – – – – – – – – – – – – – – –  – –

 

 

 

 

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s