အတာစားျခင္းဆုိသည္မွာ . . . . .

 

Atar Sar Blog

 

[Zawgyi]

– – – – – – – – – – – – – – – – – – – – – – – —

“မဟာသၾကၤန္” ႏွင့္ တြဲဖက္၍  “အတာ” ဟူေသာ ေ၀ါဟာရ၊  “အတာစား “ဟူေသာ ေ၀ါဟာရတုိ့ကုိ ေတြ႕ရပါသည္။ “အတာ”ဟူသည္ ေလာကီအလုိ ဒဏ္သင့္ျခင္းျဖစ္သည္။ တနည္းအားျဖင့္ “အႏ ၱ-အဆုံး End”ဟူေသာ ပါဠိပုဒ္မွ “အတာ”ျဖစ္လာသည္ဟုလည္း ၾကံဆၾကသည္။ ယင္းအလုိအားျဖင့္ “အတာ”ဟူသည္ ” ေနာက္ဆုံးကာလ၊ အက်ပုိင္းကာလ”ကုိ ဆုိလုိသည္။ “အတာရက္”မွာ သၾကၤန္အတက္ရက္ ျဖစ္၏။ ႏွစ္တႏွစ္၏ေနာက္ဆုံးရက္ပင္ျဖစ္သည္။  သၾကၤန္အတက္ရက္ႏွင့္ ေမြးေန႔တုိက္ဆုိင္သူမ်ားသည္ “အတာသင့္”သူမ်ား ျဖစ္လာသည္။

မဟာသၾကၤန္အတက္ရက္သည္ ၁၃၇၇ခုႏွစ္ ေႏွာင္းတန္ခူးလဆန္း(၉)ရက္၊ခရစ္ႏွစ္ ၂၀၁၆ခုႏွစ္ ဧျပီလ(၁၆)ရက္၊စေနေန႔နံနက္ (၂)နာရီ၊(၄၈)မိနစ္၊(၃၄)စကၠန္႔  စေနေန႔ျဖစ္သည္။ အတာသင့္ေသာ စေနသားသမီးတုိ႕သည္ အတာတက္မည့္ အခ်ိန္အတိအက်တြင္ “အတာစား” ရပါသည္။ “အတာစား” ဟူသည္ အတာတက္ခ်ိန္မွာ ေကာင္းမြန္သန့္ရွင္းစြာ၀တ္စားဆင္ယင္လွ်က္ အေရွ႕ေတာင္အရပ္သုိ႕ မ်က္ႏွာမူကာပူေဇာ္ရုိေသထုိက္သူမ်ားကုိ လွဴဖြယ္ပစၥည္းတုိ့ျဖင္ ဆက္ကပ္ပူေဇာ္ျခင္းကုိ ဆုိလုိပါသည္။ ရတနာသုံးပါးစသည္တုိ့အား လွဴဒါန္းပူေဇာ္ၾကေသာသူတုိ့သည္ ေကာင္းက်ဳိးခ်မ္းသာ မဂၤလာတရား ျပန့္ပြားတုိးတက္ျပည့္စုံကုန္ရာသည္။” ဟုေဖာ္ျပထားပါသည္။

မဂၤလသုတ္ေတာ္ႏွင့္အညီ ရတနာသံုးပါး၊ မိဘဘုိးဘြားဆရာသမား၊ သူေတာ္ေကာင္းမ်ားကုိ ရုိေသျခင္း၊ ေပးလွဴျခင္းစသည္တုိ့မွာ ကုသုိလ္ႏွင့္တြဲေနေသာ မဂၤလာတရားေတာ္မ်ား ျဖစ္သည့္အတြက္ အျပစ္ကင္း၍ ျပဳသင့္ျပဳထုိက္ေသာ အရာမ်ားျဖစ္ပါသည္။

သင့္အိမ္မွာ အသုံးမလုိေတာ့တဲ့ကုန္ပစၥည္းမ်ားကုိ ads.com.mm မွာ https://www.ads.com.mm/posts/new လင့္အတုိင္းအခမဲ့ေၾကာ္ျငာတင္ေရာင္းခ်လုိ႔ရပါတယ္။

– – – – – – – – – – – – – –  – – – – – – – – – – – – –  – – – – –  –

[Unicode]

အတာစားခြင်းဆိုသည်မှာ . . . . .

– – – – – – – – – – – – – – – – – – – – – – – —

“မဟာသင်္ကြန်” နှင့် တွဲဖက်၍  “အတာ” ဟူသော ဝေါဟာရ၊  “အတာစား “ဟူသော ဝေါဟာရတို့ကို တွေ့ရပါသည်။ “အတာ”ဟူသည် လောကီအလို ဒဏ်သင့်ခြင်းဖြစ်သည်။ တနည်းအားဖြင့် “အန ္တ-အဆုံး End”ဟူသော ပါဠိပုဒ်မှ “အတာ”ဖြစ်လာသည်ဟုလည်း ကြံဆကြသည်။ ယင်းအလိုအားဖြင့် “အတာ”ဟူသည် ” နောက်ဆုံးကာလ၊ အကျပိုင်းကာလ”ကို ဆိုလိုသည်။ “အတာရက်”မှာ သင်္ကြန်အတက်ရက် ဖြစ်၏။ နှစ်တနှစ်၏နောက်ဆုံးရက်ပင်ဖြစ်သည်။  သင်္ကြန်အတက်ရက်နှင့် မွေးနေ့တိုက်ဆိုင်သူများသည် “အတာသင့်”သူများ ဖြစ်လာသည်။

မဟာသင်္ကြန်အတက်ရက်သည် ၁၃၇၇ခုနှစ် နှောင်းတန်ခူးလဆန်း(၉)ရက်၊ခရစ်နှစ် ၂၀၁၆ခုနှစ် ဧပြီလ(၁၆)ရက်၊စနေနေ့နံနက် (၂)နာရီ၊(၄၈)မိနစ်၊(၃၄)စက္ကန့်  စနေနေ့ဖြစ်သည်။ အတာသင့်သော စနေသားသမီးတို့သည် အတာတက်မည့် အချိန်အတိအကျတွင် “အတာစား” ရပါသည်။ “အတာစား” ဟူသည် အတာတက်ချိန်မှာ ကောင်းမွန်သန့်ရှင်းစွာဝတ်စားဆင်ယင်လျှက် အရှေ့တောင်အရပ်သို့ မျက်နှာမူကာပူဇော်ရိုသေထိုက်သူများကို လှူဖွယ်ပစ္စည်းတို့ဖြင် ဆက်ကပ်ပူဇော်ခြင်းကို ဆိုလိုပါသည်။ ရတနာသုံးပါးစသည်တို့အား လှူဒါန်းပူဇော်ကြသောသူတို့သည် ကောင်းကျိုးချမ်းသာ မင်္ဂလာတရား ပြန့်ပွားတိုးတက်ပြည့်စုံကုန်ရာသည်။” ဟုဖော်ပြထားပါသည်။

မင်္ဂလသုတ်တော်နှင့်အညီ ရတနာသုံးပါး၊ မိဘဘိုးဘွားဆရာသမား၊ သူတော်ကောင်းများကို ရိုသေခြင်း၊ ပေးလှူခြင်းစသည်တို့မှာ ကုသိုလ်နှင့်တွဲနေသော မင်္ဂလာတရားတော်များ ဖြစ်သည့်အတွက် အပြစ်ကင်း၍ ပြုသင့်ပြုထိုက်သော အရာများဖြစ်ပါသည်။

သင့်အိမ်မှာ အသုံးမလိုတော့တဲ့ကုန်ပစ္စည်းများကို ads.com.mm မှာ https://www.ads.com.mm/posts/new လင့်အတိုင်းအခမဲ့ကြော်ငြာတင်ရောင်းချလို့ရပါတယ်။

 

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s