Alcohol Blog
[Zawgyi]
– – – – – –  – – – – – – –  – – – – – – – – – – – – – –
– – – – – – – – – – – – – – – – – – – – – – – – – – – –
[Unicode]
အရက်ကြောင့် သင့်ဆက်ဆံရေးနယ်ပယ်ကို ဆိုးရွားစေတဲ့အချက် (၅)ချက်
– – – – – –  – – – – – – –  – – – – – – – – – – – – – –
ယနေ့ခေတ်နယ်ပယ်တွင် “ဝါးကို ဖျက်တော့ ဝါးမြက် လူကိုဖျက်တော့ အရက်” လို့ အဆိုရှိပါတယ်။ သူရာမေရိယကံကျူးလွန်လိုက်ပါက ကျန်ကံလေးပါးကိုလည်း ကျူးလွန်ရန် မခက်ခဲတော့ကြောင်း မြတ်စွာဘုရားဟောကြားတော် မူခဲ့ပါတယ်။ယခုဖော်ပြမယ့်အကြောင်းအရာကတော့ သေရည်အရက်က သင့်ဘဝလက်တွဲဖော်နှင့် လမ်းခွဲစေနိုင်တဲ့အချက် (၅)ချက်ပါ။
၁။ သင်ဟာ ကြင်ဖော်ထက် အရက်ကို ပိုဦးစားပေးလာတယ်။
ဒါကတော့ ဝါရင့်အရက်သမားတိုင်း ဖြစ်ဖူးကြမှာပါ။ အရက်သောက်နေလို့ ကလေးကျောင်းလိုက်မပို့နိုင်တာတို့၊ရည်းစားနှင့်ချိန်းထားတာ အချိန်မီမရောက်တာတို့၊အလုပ်အစည်းအဝေး မတက်နိုင်တာတို့ စသဖြင့် လူ့ပတ်ဝန်းကျင်မှာ အားနည်းချက်မျိုးစုံဖြစ်လာရပါတယ်။အရက်ကို တစိုက်မက်မက်သောက်သုံးနေတာကြောင့် ကြင်ဖော်၊ရည်းစားကိုလည်း အချိန်ပေးမှုနည်းလာခြင်း၊”သောက်သောက်စားစား လူ့ငနွား” ဖြစ်လာတာကြောင့် သင်ဟာ အရက်မျက်နှာကိုသာကြည့်ပြီး ဘာကိုမှမထောက်ထားတော့ရင် သင့်ကြင်ဖော်၊ရည်းစားက လက်ပြနှုတ်ဆက်ဖို့ ကျိန်းသေပါတယ်။
၂။ သင်ဟာ အရက်ဝင်လိုက်ရင် နဂိုစိတ်ပြောက်သွားတယ်။
အရက်သမားတွေ အရက်သောက်နေရတဲ့ အဓိကအကြောင်းရင်းကို ထောက်ပြပါဆိုရင် စိတ်လွတ်လက်လွတ် ပြောဆိုနိုင်ကြလို့ပါ။ လူတစ်ယောက်က အရက်သောက်လိုက်င်္ပြီဆိုရင် မလုပ်ရဲတာတွေလည်း လုပ်ရဲလာတယ်၊မပြောရဲတာတွေလည်း ပြောရဲလာတယ်။ ထို့ကြောင့်ပင် တစ်ချို့က အရက်ကို စိတ်ဖိစီးမှုလျော့ပါးစေအောင် သောက်ကြပါတယ်။ သင်ဟာ အရက်သောက်လိုက်လျင် သွေးဆိုးတက်သူလား၊စကားများတက်သူလား၊လိင်ပိုင်းဆိုင်ရာ အပျော်အပါးမက်သူလား စသဖြင့် သင့်ရဲ့ အကျင့်စရိုက်ပေါ်မူတည်ပြီး ဖြစ်လာမယ့်ပြဿနာတွေက ကွဲပြားပါလိမ့်မည်။ သင်ဟာ အရက်မူးလာလျင် သင့်ရည်းစား၊ကြင်ဖော်နဲ့ ရန်ဖြစ်၊စကားများတက်သူတစ်ယောက်လား။ဒါဆိုရင်တော့ အိမ်ထောင်သည်တွေ၊ရည်းစားတွေ ကွဲရတဲ့ ၈၀ရာခိုင်နှုန်းက အရက်နဲ့ပက်သက်နေတယ်ဆိုတာ သင်သတိပြုလိုက်ပါ။
၃။ သင်ဟာ အရက်မပါရင် ဘာမှမလုပ်ချင်တော့ဘူး
အရက်လောကမှာ အဆင့်(၃) ဆင့်ရှိပါတယ်။ ပထမ-လူက အရက်ကို သောက်တယ်၊ဒုတိယ-အရက်က လူကိုသောက်တယ်၊တတိယ-အရက်က အရက်ကိုသောက်တယ် စသဖြင့် အဆင့်ဆင့်ရှိကြပါတယ်။သင်ဟာ မင်္ဂလာနံနက်ခင်းနေ့သစ်ကို အရက်ကိုအဖော်ပြုရင်း ဖွင့်နေပြီဆိုလျင် တတိယအဆင့်ကို ရောက်နေပါပြီ။ လုပ်ငန်းခွင်မှာလည်း သင်ဟာ အရက်လေး တစ်ခွက်တစ်ဖလားသောက်လိုက်ရမှ အလုပ်လုပ်ချင်စိတ် (Motivation) ကို ဖြစ်စေတယ်ဆိုလျင် သင်မကြာခင်မှာပဲ လုပ်ဖော်ကိုင်ဖက်များနှင့် ပြဿနာဖြစ်ပြီး အလုပ်ထုတ်ခံရဖို့ သေချာပါပြီ။ အရက်သမားနာဠာဂီရိ သင့်ကို အပေါင်းအသင်း၊ရည်စား၊ကြင်ဖော်တွေက လက်ပြနှုတ်ဆက်ပြီး နောက်ဆုံးတွင် အရက်သမားအဖြစ်ပဲ စုတ်စုတ်ပြတ်ပြတ်နဲ့ ဇာတ်သိမ်းသွားဖို့ပဲ ရှိပါတယ်။
၄။ လိင်ကိစ္စမှာ စွမ်းဆောင်မှု အားနည်းသွားတယ်
အရက်ပုံမှန်သောက်နေတဲ့သူဟာ လိင်ကိစ္စမှာ စွမ်းဆောင်မှုသိသိသာသာ ကျဆင်းသွားပါတယ်။ အိမ်ထောင်ရေးလောကမှာ တစ်ချို့တွေအတွက် လိင်ဆက်ဆံရေးဟာ အရေးမကြီးဘူးလို့ သက်မှတ်ထားပေမယ့် တစ်ချို့အတွက် လွန်စွာအရေးကြီးပါတယ်။ ဒါကတော့ သင့်ဇနီးမယားရဲ့ စိတ်ဆန္ဒအပေါ်မူတည်သွားပါတယ်။ တကယ်လို့ သင်ဟာ ဇနီးငယ်ငယ်လေးကို လက်ထပ်ထားပြီး သောက်စားမူးရူးနေပြီး အလုပ်မှာလည်း စွမ်းဆောင်ရည်ကျဆင်း၊ဇနီးကိုလည်း အချိန်မပေးနိုင်၊ဝင်ငွေကိုလည်း လုံလောက်အောင်ရှာမပေးနိုင်၊လိင်မှုကိစ္စကိုလည်း ဇနီးစိတ်ကျေနပ်အောင် မစွမ်းဆောင်နိုင်တော့ဘူးဆိုပါက သင့်ဇနီးဟာ နောက်မီးလင်းဖို့ သေချာသွားပါပြီ။
၅။ သင့်ရဲ့အဖော်ဟာ သူငယ်ချင်းတွေမဟုတ်တော့ဘဲ အရက်ပဲဖြစ်လာပါတယ်။
သူငယ်ချင်းတွေအကြားအဓိကဆက်ဆံရေးဟာ တစ်ဦးကိုတစ်ဦး အပြန်အလှန်အကြံဉာဏ်တွေ ပေးဖို့ပါပဲ။သင်ဟာ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး အရက်ကိုသာ အဖော်ပြုနေမယ်ဆိုလျင် သူငယ်ချင်းကောင်းတွေကို ဆုံးရှူံးလိုက်ရပြီး ဘဝတစ်လျောက်မှာ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ကာ အခက်အခဲမျိုးစုံကြုံတွေ့ရမှာ သေချာပါတယ်လို့ ဆိုချင်ပါတယ်။
Ads.com.mm ပရိသတ်ကြီးရေ ကျန်းမာရေးဆေးဝါးများကိုတော့ https://www.ads.com.mm/fashion-beauty လင့်ခ်အတိုင်း ဝင်ရောက်ရောင်းဝယ်လို့ရပါတယ်။
Advertisements
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s