ဟင်းသီးဟင်းရွက်၏ အကျိုးကျေးဇူး (၄) မျိုး

[Zawgyi]

 

ဟင်းသီးဟင်းရွက်၏ အကျိုးကျေးဇူး (၄) မျိုး

– – – – – – – – – – – – – – – – – – – – – – – – – – –

လောကတွင် ကျန်းမာခြင်းသည် အနှိုင်းမဲ့လာဘ်ကြီးတစ်ပါး ဖြစ်ပေသည်။ ကျွန်ုပ်တို့သည် ကျန်းမာခြင်း၏တန်ဖိုးကို မကျန်းမာသောအခါမှသာလျင် သိသည်။ ကျန်းမာခြင်းသည် အရေးကြီးသော်လည်း လူတိုင်းတန်ဖိုးမထားရခြင်း၏ အဓိကအကြောင်းမှာ ကျန်းမားခြင်းကို ငွေပေး၍၀ယ်စရာမလိုဘဲ အလကားရနိုင်သောကြောင့် ဖြစ်သည်။ “အစာလည်းဆေး၊ ဆေးလည်းအစာ” ဟူသောဆိုရိုးစကားနှင့်အညီ ကျွန်ုပ်တို့သည် အစားအသောက်ကို ကျန်းမာရေးနှင့် လျော်ညီစွာ စားသုံးပါက ဆေ၀ါးကို မှီဝဲပုံနှင့် တူညီပါသည်။ အသားငါးကို စားသုံးခြင်းထက် ဟင်းသီးဟင်းရွက်ကို စားသုံးခြင်းကို ကျန်းမာရေးအတွက် ပိုမိုအထောက်အကူပြုသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းသည် အံ့သြဖွယ်လေ့လာတွေ့ရှိရပါသည်။ဟင်းသီးဟင်းရွက်ကို စားသုံးခြင်းဖြင့် ရရှိနိုင်သော အားသာချက် (၄) ခုကို ဖော်ပြပါမည်။

၁။ နှလုံးနှင့်ပက်သက်သော ရောဂါများကို ကာကွယ်ပေးပါတယ်။
ဟင်းသီးဟင်းရွက်သည် နှလုံးရောဂါ၊နှလုံးနှင့်ပက်သက်သောဝေဒနာများကို ကာကွယ်ပေးပါသည်။ ဟင်းသီးဟင်းရွက်ထဲတွင် ကိုလက်စထရောဓာတ် (Cholesterol) လွန်စွာနည်းပါး (သို့) မပါဝင်တာကြောင့် ခန္ဒာကိုယ်ကို ကျန်းမာပေါ့ပါကျန်းမာစေပါသည်။ ထို့အပြင် ဟင်းသီးဟင်းရွက်ထဲတွင် အမျှင်ဓာတ်၊အာဟာရမျိုးစုံပါဝင်တာကြောင့် အဆီနှင့်ပတ်သက်သောရောဂါမျိုးစုံကို ကာကွယ်သည့်အပြင် ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးပါသည်။

Vegetable Blog

 

၂။ အကုန်အကျ သက်သာတယ်။
အသားဟင်းတစ်ပိဿာ ၈၀၀၀ကျပ် ပေးရသော ယနေ့ခေတ်တွင် ကန်စွန်းရွက်တစ်စည်းမှာ ၂၀၀ကျပ်ပင် ကျသင့်ပါသည်။ အသားငါးကဲ့သို့ပင် အသီးအရွက်သည်လည်းပဲ အသားဓာတ်၊သံဓာတ်ပေါကြွယ်ဝသောကြောင့် ကုန်ဆုံးသွားသော ခွန်အားများကို ပြန်လည်ဖြည့်တင်းပေးပါသည်။

ဟင်းသီးဟင်းရွက်သည် ကျန်းမာရေးအတွက် ကောင်းမွန်ရုံမကဘဲ ဈေးနှုန်းလည်း သက်သာပါတယ်။သင်ကိုယ်တိုင် လက်ဆတ်သောအသီးအရွက်ကို စားသုံးချင်ရင်တော့ သင့်အိမ်နောက်ဘေးရဲ့ မြေနေရာလွတ်လေးမှာ ကိုယ်တိုင်ဟင်းသီးဟင်းရွက်ပင်များကို စိုက်ပျိုးခြင်းပါပဲ။ “အိမ်နောက်ဖေး ဈေးဆိုင်တည်” ဟူသော ဆိုရိုးစကားနှင့်အညီ လက်ဆက်သောအသီးအနှံများကို ကိုယ်တိုင်စားသုံးနိုင်သည့်အပြင် အပိုဝင်ငွေကိုတောင် ရရှိမှာသေချာမည်ဖြစ်သည်။

 

၃။ဟင်းသီးဟင်းရွက်သည် အမျှင်ဓာတ်ကြွယ်ဝတယ်။
အမျှင်ဓာတ်သည် အစာခြေအဖွဲ့အစည်းကို ကူညီပေးပါတယ်။ လူ့ခန္ဒာကိုယ်မှာ အစာခြေစနစ်ကောင်းမွန်လေလေ အဟာရကို သင်ရရှိလေလေပါပဲ။ အမျှင်ဓာတ်သည် သင့်ကို ၀မ်းသွားချင်စိတ်ကို ဖြစ်ပေါ်စေပြီး အဆိပ်အတောက်များကို ဖယ်ထုတ်ပါသည်။အမျှင်ဓာတ်ဆိုသည်မှာ ခန္ဒာကိုယ်တွင်းမှ အဆိပ်အတောက်များကို သံလိုက်သဖွယ် ဆွဲငင်ပြီး အညစ်အကြေးအဖြစ် စွန့်ထုတ်စေပါသည်။

၎။ ဟင်းသီးဟင်းရွက်သည် အရွယ်တင်နုပျိုစေတယ်။

ဟင်းသီးဟင်းရွက်သည် အသားငါးထက် ပိုမိုအရွယ်တင်စေပါသည်။ သင် ခန္ဒာကိုယ်မှ အဆိပ်အတောက်အညစ်အကြေးများကို စွန့်ထုတ်ချင်ရင်တော့ အသားငါးကို စွန့်ခွာပြီး ဟင်းသီးဟင်းရွက်ကို စားသုံးသင့်ပါတယ်ဟု ကျန်းမာရေးပညာရှင်များ အကြံပြုထားပါသည်။

ဟင်းသီးဟင်းရွက်သည် အရေပြား၊သွေးကြော၊အာရုံကြောများထဲမှာ အဆိပ်အတောက်များကို ဖယ်ရှားပေးတာကြောင့် ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်တက်သော အရေပြားနေလောင်ခြင်း၊အရေပြားကင်ဆာစသည့် ရောဂါမျိုးစုံကိုလည်း ကာကွယ်ပေးသည့်အပြင် အသက်ရှည်နုပျိုစေပါသည်။

Ads.com.mm ပရိသတ်ကြီးရေ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ စိုက်ပျိုးရေးနှင့်စားသောက်ကုန်ပစ္စည်းများကို ဝယ်ယူချင်ရင်တော့ စီးပွားရေးလုပ်ငန်းဆိုင်ရာများကဏ္ဍမှာ https://www.ads.com.mm/business အတိုင်း ဝင်ရောက်ရောင်းဝယ်နိုင်ပါတယ်။

– – – – – – – – – – – – – – – – – – – – – – – – – – – –

[Unicode]

 


– – – – – – – – – – – – – – – – – – – – – – – –




 




 



 





 

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s