ဖုန်းအဟောင်းကို ပြန်ရောင်းလိုလျင် သိထားသင့်တဲ့အချက် (၆) ချက်

 

 

Untitled design

[Zawgyi]

– – – – – – – – – – –  – – – – – – – – – – – – – – – – – – – – –

ယနေ့ခေတ်တွင် နည်းပညာတိုးတက်လာသည်နှင့်အမျှ အရောင်းအဝယ်ကိစ္စများကို အွန်လိုင်းမှာပင် ပြုလုပ်လာကြသည်။ သို့သော်လည်း မိမိကုန်ပစ္စည်းကို ဈေးကောင်းရအောင် မည်သို့ရောင်းချရမည်၊အမြန်ဆုံးရောင်းထွက်အောင် မည်သို့လုပ်ရမည်ဆိုတာကို လူတိုင်းမသိကြပါဟု ထင်မြင်မိပါသည်။ 

ထို့ကြောင့် ယခုတစ်ပတ်မှာတော့ သင့်ကုန်ပစ္စည်းကို အွန်လိုင်းပေါ်တွင် မြန်မြန်ရောင်းချနည်းဗျူဟာကို ဖော်ပြလိုက်ပါသည်။

 

၁။သင့်ကုန်ပစ္စည်းကို အကောင်းဆုံးအနေအထားတွင် ရှိပါစေ။

ရောင်းချလိုသော ကုန်ပစ္စည်းကို အကောင်းဆုံးအနေအထားမှာ ထိန်းသိမ်းထားသင့်ပါတယ်။

 ဥပမာ။ ။ မိုဘိုင်းဖုန်းဆိုလျင်လည်း မရောင်းချခင် ပေါ့ပါးသွက်လက်နေစေရန် အချက်အလက်များကို Reset ချထားခြင်း၊အခြားကုန်ပစ္စည်းဆိုလျင်လည်း ဝယ်ယူသူစိတ်ဝင်စားစေရန် ပြင်ဆင်ထားခြင်း စသဖြင့် ပြုလုပ်သင့်သည်။

 

၂။ မူရင်းဆက်စပ်ပစ္စည်းများကို ထိန်းသိမ်းထားပါ။

မူလဝယ်ယူစဉ်ကတည်းက ပါရှိသော ဆက်စပ်ပစ္စည်းများအားလုံးပါရှိလျင် ရောင်းချပါက ပိုမိုဈေးကောင်းရနိုင်သည်။ 

မိမိကုန်ပစ္စည်းသည် တစ်ပတ်ရစ်ဖြစ်သော်ငြားလည်း မူလဆက်စပ်ပစ္စည်းများ အကောင်းတိုင်းပါဝင်လျင် ဝယ်ယူသူ၏ စိတ်နှလုံးကို ဆွဲဆောင်နိုင်သည်။

 

၃။ မိမိကုန်ပစ္စည်း၏ အားသာချက်၊အားနည်းချက်များကို ပြည့်စုံစွာဖော်ပြပါ။

မိမိရောင်းချလိုသော ပစ္စည်း၏ အားနည်းချက်၊အားသာချက်များကို ပြည့်စုံအောင် ဖော်ပြလျင် ဝယ်လိုသူတို့ ပိုမိုစိတ်ဝင်စားနိုင်သည်။

 မိမိကုန်ပစ္စည်းသည် တစ်ပတ်ရစ်ဖြစ်ပေသော်ငှား အကောင်းတိုင်း၊မပျတ်မစီးရှိနေသေးလျင် မိမိကုန်ပစ္စည်း၏ အားသာချက်များကို ဖော်ပြပါ။

 

၅။ မူရင်းဓာတ်ပုံကို ရှူ့ထောင်မျိုးစုံကနေ ရိုက်ပြီးတင်ပါ။

အွန်လိုင်းပေါ်တွင် ကုန်ပစ္စည်းရောင်းချရာတွင် မိမိဖော်ပြလိုက်သော ဓာတ်ပုံသည် လွန်စွာအရေးပါသည်။ 

ရှူ့ထောင့်အမျိုးမျိုးမှ ရိုက်ကူးထားပြီး ကြည်လင်ပြတ်သားသောပုံရိပ်များကို အသုံးပြုလျင် မြန်ဆန်စွာရောင်းထွက်နိုင်သည်။

 

၆။ နောက်ဆုံးမော်ဒယ်မထွက်ခင် မြန်မြန်ရောင်းထုတ်ပါ။

မော်ဒယ်အသစ်ထွက်လာသည်နှင့်အမျှ မော်ဒယ်အဟောင်းများသည် ဈေးကျစမြဲပင်ဖြစ်သည်။

လက်ရှိဈေးကွက်ကို လေ့လာပြီး နောက်ဆုံးမော်ဒယ်မထွက်ခင် ရောင်းချလျင် ပိုမိုဈေးကောင်းရနိုင်ပါသည်။

 

မြန်မာနိုင်ငံ၏နိုင်ငံ၏နံပါတ် (၁) အခမဲ့ကြော်ငြာဝက်ဘ်ဆိုဒ် ads.com.mm တွင် မိမိကုန်ပစ္စည်းကို ရောင်းချလိုလျင် https://www.ads.com.mm/posts/new လင့်အတိုင်းသွားပြီး ရောင်းချနိုင်သလို ပိုမိုထိရောက်စွာရောင်းချနိုင်ဖို့ “ရောင်းချနည်းဗျူဟာသင်တန်း” ကို အခမဲ့တက်ရောက်လိုလျင်  http://goo.gl/forms/5ByoQsdFM6 လင့်အတိုင်းသွားပြီး မှတ်ပုံတင်နိုင်ပါသည်။

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

[Unicode]




 




 




 



 



 



 


Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s