အသီးလဲစားမယ် ပေါင်းလဲတင်မယ် ဒီနွေနဲ့တော့ အကိုက်ပဲ…..

Untitled design (12)

Zawgyi…….

အသီးလဲစားမယ် ပေါင်းလဲတင်မယ် ဒီနွေနဲ့တော့ အကိုက်ပဲ…..

အိမ်မှာအလွယ်တကူပေါင်းတင်နိုင်မယ့် သဘာဝနည်းစစ်စစ်လေးတွေကို ပြောပြချင်ပါတယ်. အများကြီးပြောပြထားလို့ ကိုယ်နှစ်သက်တဲ့ နည်းလမ်းအတိုင်းလိုက်လုပ်လို့ရပါတယ်…

(၁) ထောပတ်သီး

နွေရာသီမှာ  နေပူဒဏ်ကြောင့် အသားအရေ ခြောက်ခမ်းတာတွေဖြစ်နေရင် ထောပတ်သီးရယ် ပျားရည်ရယ် ရောပြီး ပေါင်းတင်လို့ရပါတယ်။ အုန်းဆီ နည်းနည်းလည်းထည့်လို့ရပါတယ်။ ဒီလို ထောပတ်သီးကို အသုံးပြုတဲ့နည်းကို ဗစ်တိုးရီးယားဘက်ခမ်းမ် တောင် အသုံးပြု တယ်လို့ဆိုပါတယ်။ အုန်းဆီက အဆိုဓာတ်ကို ထိန်းပေးတယ်၊ ပျားရည်က ကွဲအက် ကြမ်းတမ်းနေတဲ့ အသားအရေ ကို ပြန်လည်ကောင်းမွန်စေပြီး ထောပတ်သီးက အသားအရေ အတွက် လိုအပ်တဲ့ အဟာရ ၊ ချောမွေ့မှုနဲ့ အနံ့ သင်းသင်းလေးရဖို့အတွက်ပါ။

ပြုလုပ်ပုံကတော့ ထောပတ်သီးအမှည့် တစ်ခြမ်း ၊ အုန်းဆီ စားပွဲတင်ဇွန်း တစ်ဝက်ဇွန်း တစ်ဝက်နဲ့ ပျားရည်   စားပွဲတင်ဇွန်း၂ဇွန်းလိုပါတယ်။ ထောပတ်သီကို ကြေအောင်ချေ ဒါမှမဟုတ် cream အနေအထားရောက်အောင် blander နဲ့ကြိတ်ပြီး အားလုံးရောမွှေပြီး မျက်နှာမှာ ၁၅ မိနစ်လောက်လိမ်းထားပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပါ။

(၂) သင်္ဘောသီး

သင်္ဘောသီးက အသားအရေ ဆဲလ် အသစ်တွေပြန်ဖြစ်စေတဲ့နေရာမှာ အထောက်အကူပြုပါတယ်။ သံပရာရည် ကလည်း ဆဲလ် အသေတွေကိုဖယ်ရှားပေးပါတယ်။

ပြုလုပ်ပုံကတော့ သင်္ဘောသီးမှည့် တစ်ခြမ်းကို Blender နဲ့ကြိတ်ပြီး သံပရာရည် စားပွဲတင်ဇွန်း ၁ဇွန်း ၊ ပျားရည် စားပွဲတင်ဇွန်း တစ်ဝက်တို့နဲ့မွှေပြီး မျက်နှာမှာ ၁၀ မိနစ်လောက်လိမ်းတားပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပါ။

(၃) စတော်ဘယ်ရီ

အသားအရေတောက်ပဖို့နဲ့ ချွေးပေါက်တွေကျဉ်းစေဖို့ အတွက်ပါ။ စတော်ဘယ်ရီ ချေထားတာရယ်၊ လီမွန်ရည် စာပွဲတင်ဇွန်း ၂ဇွန်း၊ ဒိန်ချဉ် ၁ဇွန်း၊ပျားရည် ၁ဇွန်းတို့ကို ရောပြီးလိမ်းပါ ခြောက်သွားရင် ရေအေးအေနဲ့ မျက်နှာသစ်ပါ။

(၄) ကော်ဖီ

ကော်ဖီဟာ မျက်နှာပေါ်ရှိ အဆိပ်အတောက်တွေကို ဖယ်ရှာပေးပါတယ်။ ညက်နေအောင်ကြိတ်ထားတဲ့ ကော်ဖီမှုန့် စားပွဲတင်ဇွန်း၂ဇွန်း ၊ ကိုကိုးမှုန့်၂ဇွန်း၊ ပျားရည် ၁ဇွန်း ၊ဒိန်ချဉ် ၂ဇွန်းတို့ကို မျက်နှာပေါ်လိမ်းလို့ရတဲ့အနေထိရောက်အောင် မွှေပေးပါ။ ၁၀ မိနစ်လောက်မျက်နှာပေါ်လိမ်းထာပြီး ပွတ်တိုက်ပေးပါ။ ရေနဲ့မျက်နှာသစ်ပြီးရင်တော့ နူးညံ့ပြီး ချောမွေ့တဲ့မျက်နှာလေးကို ရရှိနိုင်ပါတယ်။

 

 

(၅) ဒိန်ချဉ်အနှစ်

ဒိန်ချဉ်ကို အဝတ်ပါးပါးလေးနဲ့ ရေစစ်ထားလိုက်ရင် အဝတ်ထဲမှာ ကျန်ခဲ့တဲ့ ဒိန်နှစ်ရယ်၊ ကြိတ်ထားတဲ့  အဲလ်မွန်စေ့ရယ်၊ ဖရဲသီး ဖျော်ရည်ရယ်ကို ရောမွှေပါ ၊ ခပ်ပျစ်ပျစ်လေးဖြစ်သွားရင် မျက်နှာမှာ လိမ်းပြီး ခြောက်သွားရင်ရေးဆေးချလိုက်ပါ။ သူ့ရဲ့ အဓိက အာနိသင်က နေပူထဲကို ထွက်ရင်ဖြစ်တတ်တဲ့ နေလောင်ကွက်တွေအတွက် သက်သာစေပါတယ်။

(၆) ကွေကာ

ကွေကာအမှုန့်နဲ့ ပေါင်းတင်တဲ့သူနည်းပါတယ်။ တကယ်တော့ ကွေကာနဲ့ပေါင်းတင်တာဟာ တနေကုန်နေပူထဲကနေပြန်လာတဲ့သူတွေအတွက် အင်မတန်ကောင်းတဲ့ ပေါင်းတင်နည်းတစ်ခုပါ။ နေလောင်ကွက်တွေ၊ အရေးအကြောင်းတွေကိုလည်းလျော့နည်းစေပါတယ်။ ဘယ်လိုပြုလုပ်ရမလဲ ဆိုတော့ ကော်ဖီခွက် ရဲ့ သုံးပုံတစ်ပုံစာ ကွေကာအမှုန့်၊ ရေနွေးတစ်ဝက် ၊ ဒိန်ချဉ် ၁ဇွန်း (သို့မဟုန်)၂ဇွန်း ၊ပျားရည်စားပွဲတင်ဇွန်း ၁ဇွန်းကို  ကွေကာမှုန့် ပွလာတဲ့အထိ ရောမွှေပြီးရင်တော့ ပေါင်းတင်လို့ရပါပြီ။ သူကတော့ မျက်နှာတင်သာမကပဲ လည်ပင်း ၊ ဂျိုင်းသားတွေကိုပါ ပေါင်းတင်လို့ကောင်းပါတယ်။

(၇) သခွားသီး

ပေါင်းတင်ပြီဆိုရင် သခွားသီးကတော့ အစဉ်အလာမပြတ် လူတိုင်သိကြတဲ့ အရာပါ။ သခွားသီးကိုအကွင်း လေးတွေ လှီးပြီး မျက်နှာပေါ်ကပ်တာများပါတယ်။ အခုပြောပြမယ့် နည်းကတော့ သခွားသီးကို အခွံချွတ်ပြီး နုတ်နုတ်လေး ဖြစ်အောင်လုပ်မယ် ( အရည်တွေ အများကြီး ရွှဲနေအောင်တော့ လုပ်ဖို့ မလိုပါဘူး)။ သကြားနည်းနည်း လေး ထည့်မယ် ပြီးတာနဲ့ မျက်နှာပေါ်မှာ scrub လုပ်သလို ပွတ်ပေးပါ။ ခြောက်သွားပြီဆိုရင် မျက်နှာသစ်ပြီး Moisturizer တစ်ခုခုလိမ်း ထားပါ။

(၈) သရက်သီး

သရက်သီးကိုတော့လူတိုင်းနှစ်သက်မယ်ထင်ပါတယ် ။  သရက်သီးနဲ့ပေါင်းတင်မယ်ဆိုရင်တော့ နေလောင်တာ ကိုချက်ချင်း သက်သာစေပါတယ်။ သရက်သီးအနှစ်ချေထားတာက စာပွဲတင်ဇွန်းနဲ့၁ဇွန်းကို သကြားလေး နည်းနည်း ထည့်ပြီး scrub လုပ်ပေးပါ။ သရက်သီးနံ့လေးမွှေးနေလို့ မစားမိအောင်တော့ စိတ်ထိန်းနော်။

(၉) ပူတီနံ အရွက်

ပူတီနံ အရွက်ကို အရင်က ဟင်းချက်စရာ တို့စရာ အနေနဲ့သုံးပေမယ့် အခုနောက်ပိုင်းမှာ detox water လုပ်ရင် ထည့်သောက်လာကြပါတယ်။ အခုလဲ ပူတီနံ အရွက်နဲ့ပေါင်းတင်တဲ့နည်းလေးပြောပြချင်ပါတယ်။ ပူတီနာ အရွက် နည်းနည်းကို ရေနွေးလေးနဲ့ရောမယ် ဂျင်းတက်မှုန့် နည်းနည်း (ပါတယ်ဆိုရုံလေးထည့်မယ်) ပြီးရင် blendar ထည်မှာ ရောမွှေမယ်။ ရလာတဲ့ အရည်ကို မျက်နှာမှာလိမ်းထားပြီးခြောက်သွားရင်မျက်နှာသစ်လိုက်မယ်။ မျက်နှာလေး အေးပြီး လန်းဆန်းနေမယ် ခံစားချက်ကို တမဟုတ်ချင်း ခံစားရမှာနော်။

 

(၁၀) ပျားမုံလာ

ပျားလိမ္မော်တော့မဟုတ်ဘူးနော်။ မုံလာဥနီကို နုတ်နုတ်စင်း ပြီးရင် ပျားရည်နည်းနည်ထည့်ရောပြီး မျက်နှာပေါ် လိမ်းထားမယ် ခြောက်သွားလို့ရေဆေးလိုက်ရင် ပန်းရောင်ပြေးမျက်နှာလေးကို ရရှိပါလိမ့်မယ်။

(၁၁) လူကြိုက်များတဲ့ ခရမ်းချဉ်သီး

သူကလဲ Homemade Facial Mask လုပ်တော့မယ်ဆိုရင် မပါမဖြစ် ဇာတ်လိုက်တစ်ယောက်ပါပဲ။ ခရမ်းချဉ်သီးနဲ့ ပေါင်းတင်တာဟာ မျက်နှာပေါ်က အမဲစက်တွေနဲ့ အမဲကွက်တွေကိုပျောက်ကင်းစေပါတယ်။ ပြုလုပ်ပုံကတော့ ခရမ်းချဉ်သီး ချေထားတာကို ပျားရည်နဲ့ရောပါ။ ပျားရည်ပါတဲ့အတွက် စီးစီးလေးဖြစ်နေတော့ မျက်နှာမှာ လိမ်းလို့လွယ် သွားတာပေါ့။ မျက်နှာပေါ်လိမ်းထားစဉ် အတောအတွင်းမှာ ခရမ်းချဉ်သီးမှာ ပါတဲ့ စစ်ထရစ် ဓာတ်ကြောင့် နည်းနည်းတော့ ယားကျိကျိဖြစ်စေပါတယ်။ ခြောက်သွားရင် မျက်နှာသစ်လိုက်ပါ။ ထူးခြားတဲ့ပြောင်းလဲမှုကို မြင်တွေ့နိုင်ပါတယ်။

(၁၂) ငှက်ပျောသီး

ငှက်ပျောသီးက နွေရာသီ ခြောက်သွေ့ အသားအရေ အတွက်ကောင်းပါတယ်။ အစိုဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပါတယ်။ ငှက်ပျောသီး ခြေထားတာကို ပျာရည်နည်းနည်းထည့်ပြီးမွှေပါ။ မျက်နှာမှာလိမ်းထားလို့ ခြောက်သွားရင် မျက်နှာသစ်ပါ။ အသားအရေ စိုစိုလေးကို ပြန်ရပါလိမ့်မယ်။

(၁၃) ပျားနွားနို့

နွားနို့ဟာ အသားအရေကို ဖြူဝင်းစေတဲ့ အစွမ်းရှိပြီး ပျားရည်က အစိုဓာတ်ထိန်းပေးတာကြောင့် အရမ်းကောင်းတဲ့ Facial Mask လုပ်နည်းလေးတစ်ခုပါ။ နွားနို့ လေးဇွန်း ၊ ပျားရည် ၁ဇွန်း ကို သံပရာရည် ၁ဇွန်း ကို ရောပြီး မျက်နှာပေါ်မှာ အထပ်ထပ်သုတ် လိမ်းပါ။ မျက်နှာသစ်ပြီးတဲ့ အခါမှာ ဖြူဝင်းတဲ့ မျက်နှာလေးကို ရရှိပိုင်ဆိုင်နိုင်ပါပြီ။

(၁၄) ကြက်ဥ

ကြက်ဥ အကာ ကို ခပ်နာနာခေါက်ပြီး သံပရာရည် နည်းနည်းရောလိုက်ပါ. အသားအရေ ကြည်ပြီး တင်းတင်း လေးဖြစ်စေပါတယ်။ အဆီပြန်တာကိုလည်း သက်သာစေပါတယ်။

(၁၅) ချောကလက်

ချောကလက်ဟာ ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိ ရှိတာကြောင့် မျက်နှာပေါ်မှာရှိတဲ့ သွေးကြောတွေရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ Mask ပြုလုပ်ပုံကတော့ နွားနို့ ၁ဇွန်း ၊ Dark Chocolate ၁ဇွန်း  ဒါမှမဟုတ် ကိုကိုး မှုန်း ၁ဇွန်း  ကို ပျားရည် အနည်းငယ်ရောပြီးပြုလုပ်နိုင်ပါတယ်။

အခုပြောပြထားတဲ့နည်းတွေနဲ့ စိတ်ကြိုက်ပေါင်းတင်ပြီးရင် သတိပြုရမယ့်အချက်တွေရှိပါတယ်။ တစ်ကြိမ်တည်း ပေါင်းတင်လိုက်နေပူထဲသွားလိုက်လုပ်နေရင်တော့ သမင်မွေးရင်းကျားစားရင်းဖြစ်နေမှာပါပဲ။ နေ့တိုင်း လုပ်နေစရာလဲ မလိုတာကြောင့် တစ်ပတ်မှာ ၃ကြိမ်လောက်ပုံမှန်လေးပေါင်းတင်ပေးပါ။ ကိုယ့် အသားအရေနဲ့ လိုက်ဖက်တဲ့ ကိုယ် နှစ်သက်တဲ့ အသီနဲ့ ပေါင်းတင်ပေးပါ။ ပေါင်းတင်ပြီးရင် Cream တစ်ခုခုလိမ်းထားပါ။ ပေါင်းတင်ထားတာ scrub လုပ်ထား တာကြောင့် မျက်နှာအသားအရေက နူးညံ့နေတဲ့အတွက် နေပြန်လောင်ဖို့ အရမ်းလွယ်ကူတာကြောင့် နေပူထဲကို ချက်ချင်းမထွက်ပါနဲ့လို့ပြောပါရစေ။

Unicode….

(၂) သငျ်ဘောသီး



Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s