ကိုယ့်ရဲ့ Personality ကို သူတို့က ဘာတွေကြည့်ပြီး ဆုံးဖြတ်သလဲ

Untitled design (4)

Zawgyi…………..

လူတစ်ယောက်နဲ့ တစ်ယောက်တွေ့ဆုံကြတဲ့ အခါမှာ First Impression က အရေးကြီးပါတယ်။ ဟန်ကိုယ့်ဖို့ ဆိုတဲ့ စကားအတိုင်း  ဟိတ်ကြီး ဟန်ကြီးထုတ်စရာ မလိုပေမယ့် သပ်သပ်ရပ်ရပ်နဲ့ အများလေးစားတဲ့စရိုက်လက္ခဏာမျိုးရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့ ကိုယ့်ရဲ့ ဘယ်လိုအကြောင်းအရာတွေကို အကဲခပ်မှာလဲ ဘယ်လိုဟာတွေကို ဂရုစိုက်ရင် First Impression ရနိုင်မလား ဆိုတဲ့ အချက်တွေကို www.ads.com.mm  ကပြောပြပေးသွားပါမယ်….

( ၁) လက်ရေးလက်သား

လူတစ်ယောက်ရဲ့လက်ရေးကိုကြည့်ပြီး တော့ စိတ်နေစိတ်ထားကို ခန့်မှန်းတတ်ကြပါတယ်။ ပြောရမယ်ဆိုရင် အလုပ်တစ်ခု အပေါ်မှာ ဘယ်လိုတာဝန်ယူလဲ ဆိုတာမျိုးပေါ့။ ဥပမာ – စာလုံးလေးတွေကို ဖိရေးပြီး အနားသတ်ညီညာတယ်ဆိုရင် သူဟာ စိတ်ရှည်ပြီး တိကျတဲ့သူမျိုးပါ။ လက်ရေးလေးတွေက သော့နေတယ် ဖွဖွလေးနဲ့ ခပ်ကြဲကြဲ ရေးထားတယ်ဆိုရင် တော့သူဟာ စိတ်မြန်လက်မြန်ရှိတဲ့သူ ဆိုပြီးတော့ အလွယ်သတ်မှတ်တတ်ကြပါတယ်။

(၂) ကိုယ်ရွေးချယ်တဲ့ အရောင်

ကိုယ်ရွေးချယ်လေ့ရှိတဲ့အရောင်တွေ အဝတ်အစားအရောင်တွေကိုကြည့်ပြီး အကြမ်းဖျင်း သတ်မှတ်လေ့ရှိကြပါ သေးတယ်။ အဖြူရောင်များဆုံးရွေးတယ်ဆိုရင် စိတ်ကြည်နေတယ်၊ အပြာရောင်လေးဝတ်ထားရင် ဒီနေ့ပျော်နေတာလား စသဖြင့်ပေါ့။

(၃) လက်သည်းကိုက်တာ

လက်သည်းကိုက်တတ်တဲ့သူအများစုကို စိတ်ဂနာမငြိမ်တဲ့သူတွေလို့သတ်မှတ်တတ်ကြပါတယ်။ လူတွေနဲ့ စကားပြောရင် တစ်ခုခုလုပ်နေရင် ဒူးနှံ့နေတာ၊ လက်ကိုလိမ်နေတာ၊ မျက်လုံးချင်းမဆုံဘဲ ဟိုငေးဒီငေး လုပ်နေတဲ့သူ တွေကို အာရုံစူးစိုက်မှုမရှိဘူး စိတ်မတည်ငြိမ်ဘူးဆိုပြီးသတ်မှတ်တတ်ကြပါတယ်။

(၄) ဖိနပ်

ကြုံဖူးကြမှာပါ။ လူတစ်ယောက်နဲ့တွေ့ရင် အရင်ဆုံးဖိနပ်ကိုလှမ်းကြည့်လိုက်တဲ့သူမျိုးတွေကိုပေါ့။ တစ်ကိုယ်လုံး ကြော့နေအောင်ပြင်ဆင်ထားပြီး ဖိနပ်က သပ်သပ်ရပ်ရပ် မရှိဘူးဆိုရင် အပေါ်ယံကိုလဲ ဂရုစိုက် တတ်တဲ့သူလို့ မြင်တတ်ကြပါတယ်။ နောက်ပြီး စီးထားတဲ့ ဖိနပ်ရဲ့ တံဆိပ်၊ ဈေးနှုန်ကို ကြည့်ပြီး သူဟာ ဝင်ငွေကောင်းတဲ့သူလား အကောင်းကြိုက်တဲ့သူလား အသေးစိတ်က အစဂရုစိုက်တတ်တဲ့သူလားဆိုပြီးတော့လဲ စူးစမ်းတတ်ကြပါတယ်။

(၅) သင့်ရဲ့မျက်လုံးတွေ

မျက်လုံးတွေဟာ စိတ်ရဲ့ ပြတင်းပေါက်ဆိုတာ လူတိုင်းလက်ခံထားကြတဲ့ အရာပါ။ ပျော်ရွင်ကျေနပ်နေရင် မျက်လုံးအရောင်က တလက်လက်တောက်နေပါတယ်။ စိတ်မကောင်းဖြစ်နေတယ် ဝမ်းနည်းနေတယ် ဆိုရင်လဲ ကိုယ်ဘယ်လောက်ပဲ ပြုံးထားထား မျက်လုံးအရောင်လေးတွေက မှိန်နေတတ်ပါတယ်။

(၆)  အချိန်လေးစားမှု

အချိန်တိကျမှုကတော့ လူတစ်ယောက်မှာ အရေးကြီးတဲ့အချက်ပါ။ အရေးကြီးတဲ့ ကိစ္စတွေ meeting တွေမှာ သတ်မှတ်ထားတဲ့ အချိန်ထက်နောက်ကျပြီးမှာ ရောက်တယ်ဆိုတဲ့ကိစ္စဟာ ကိုယ့်ကို တစ်ဘက်လူက အထင် အမြင်သေးစေပါတယ်။ တစ်ဘက်သားကို လေးစားမှုမရှိဘူး အလေးပေးမှုမရှိဘူးဆိုတဲ့ အဓိပ္ပါယ်သက် ရောက်စေပါတယ်။ ဒါကြောင့် ကိုယ့်ထက် ရာထူး အသက်အားဖြင့် ငယ်တဲ့သူတွေနဲ့ တွေ့ဆုံရမယ်ဆိုရင်တောင် ကိုယ်ဘက်က တစ်ဘက်လူကို အသိအမှတ်ပြုတဲ့အနေနဲ့ အချိန်မီရောက်အောင်သွားပေးပါ။

(၇) လက်ဆွဲနှုတ်ဆက်တာ

တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံလို့ လက်ဆွဲနှုတ်ဆက်ကြတဲ့ အခါ တင်းတင်းကြပ်ကြပ်နဲ့ဖက်လှဲတကင်းနှုတ်ဆက်တတ်တဲ့သူတွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိတဲ့သူ စိတ်ဓာတ်ခိုင်မာတဲ့သူတွေလို့တတ်မှတ်ခြင်းခံရတတ်ပါတယ်။ နောက်ပြီး သူတို့တွေဟာ တတ်ကြွတဲ့သူတွေ အပေါင်းအသင်းများတဲ့သူတွေလည်းဖြစ်နေတတ်ပါတယ်။ ခပ်ဖွဖွလေးပဲ လက်ဆွဲနှုတ်ဆက်တတ်တဲ့သူတွေကိုတော့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိတဲ့သူ၊ ရှက်ကြောက်တတ်တဲ့သူတွေ အပေါင်းအသင်း မဝင်ဆံ့တဲ့သူတွေ လို့ ထင်မြင်ယူဆကြပြန်ပါတယ်။

Unicode……
















 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s