အခမဲ့ကြော်ငြာ Website မှာ ဝယ်သူကိုဆွဲဆောင်ဖို့ အဓိက အချက်က ဘာဖြစ်မလဲ

Untitled design (2)

Zawgyi……..

အခုခေတ်စားနေတဲ့ Online Shopping တွေ၊ Free Classified website တွေမှာ ကိုယ်ရောင်းတဲ့ ကုန်ပစ္စည်းတွေကို ဝယ်သူတွေစိတ်ဝင်စားအောင် လုပ်ဖို့အတွက် အရေးအကြီးဆုံးက ကိုယ့်ရောင်းမယ့် ပစ္စည်းရဲ့ အကြောင်းကို ပြည့်ပြည့်စုံစုံဖော်ပြပေးနိုင်ဖို့ပါဘဲ။ Online ပေါ်ကနေ အရောင်းအဝယ်ပြုလုပ်ရတဲ့အတွက် ဝယ်သူတွေဟ မျက်လုံးနဲ့ကိုယ်တိုင် သေချာစစ်ဆေးဝယ်ယူလို့မရတာကြောင့် ပစ္စည်းအညွှန်းနဲ့ ဓာတ်ပုံတွေကိုဘဲ အားထား ပြီးဆုံး ဖြတ်ရပါတယ်။ ဒါကြောင့် အကြောင်းအရာကို စုံစုံလင်လင်ရေးသားထားမယ် ဓာတ်ပုံ ကောင်းကောင်း လေးနဲ့ ဖော်ပြထားမယ်ဆိုရင် ဝယ်သူရဲ့စိတ်အစုံကို ဖမ်းယူနိုင်မှာပါ။

မြန်မာ့ နံပါတ်တစ် အခမဲ့ ကြော်ငြာ website တစ်ခုဖြစ်တဲ့ ads.com.mm မှာဆိုရင် ကဏ္ဍအလိုက် ကြော်ငြာ အမျိုးအစား များစွာကိုမြင်တွေ့နိုင်ပါတယ်။ တစ်ချို့ကြော်ငြာတွေဟာ အချက်အလက်ပြည့်စုံတဲ့အတွက် ဝယ်သူတွေရဲ့ စိတ်ဝင်စားမှုနဲ့ ဝင်ရောက်ကြည့်ရှူ့မှုနှုန်းဟာလည်း မြင့်မားတာကြောင့် အချိန်တိုတိုအတွင်းမှာ အရောင်းအဝယ်ဖြစ်သွားတာကို တွေ့မြင် ရပါတယ်။ ဥပမာ – ကိုယ့်ရဲ့ mobile ကိုကြော်ငြာတင်တော့မယ်ဆိုရင် Function တွေအပြင်  new ၊ nearly new ၊ one month used ၊ စတဲ့ အကြောင်းအရာတွေကိုပါ ဖော်ပြပေးရင်ပိုကောင်းတယ်လို့အကြံပေးပါရစေ။ ဈေးနှုန်းဖော်ပြတဲ့ နေရာမှာလဲ ပုံမှန်ထက် ဈေးဘယ်လောက်လျော့ထားကြောင်း ဘာကြောင့်လျော့ထားကြောင်းကိုလည်း ဖော်ပြပေးမယ် နောက်ပြီး ဓာတ်ပုံကို အလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာ Composition မှန်မှန်နဲ့ ရိုက်ကူး ဖော်ပြ ပေးမယ် ဆိုရင်ကိုယ့် ပစ္စည်းရဲ့ ကြော်ငြာလေးဟာ ဝယ်သူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနိုင်မှာပါ။ နောက်ပြီး ကိုယ်ရောင်းချင်တဲ့ ကားကို ဆိုရင်လည်း  Model, Engine Power, Used Miles အရာင်အမျိုးအစား စုံစုံလင်လင်နဲ့ဖော်ပြပေးသင့်ပါတယ်။ အလားတူပါဘဲ အိမ် တိုက်ခန်း အရောင်းတွေကို ဖော်ပြပေးတဲ့ နေရာမှာလဲ ကိုယ့်တိုက်ခန်းအိမ်ရဲ့ အားသာချက် ( ကားဂိတ်နဲ့နီးတာ၊ မုန့်ဆိုင်ကောင်းကောင်းရှိတာ၊ ဆေးခန်း၊ ကျောင်းနဲ့ နီးတာမျိုး၊ နောက်ပြီး အိမ်မှာ ပရိဘောက အစုံအလင်ပြင်ဆင်ပေးထားတာမျိုး စတဲ့ အားသာချက်လေးတွေထည့်ပေးရင်ပိုကောင်းပါတယ်။ Fashion ကဏ္ဍအတွက်ဆိုရင်တော့ အဝတ်အစားလေးတွေကို ကိုယ်တိုင်ဝတ်ပြတာ ၊ နောက်ပြီး ဘယ်လိုမျိုးပွဲ နဲ့သင့်တော်တယ်၊ ဘာလေးနဲ့တွဲဝတ်ရင်တော့ ပိုလှတယ်၊ အရောင်ရွေးပုံလေးတွေကအစ အသေးစိတ်တင်ပေးမယ်ဆိုရင်တော့ ကိုယ့်ပစ္စည်းလေးတွေ မြန်မြန်ရောင်းထွက်သွားမှာ အသေအချာပါဘဲ။

Unicode……


 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s