မျက်လုံးလေးတွေကိုဘယ်လို အချိန်တိုအတွင်း ဘယ်လိုအနားပေးမလဲ

Untitled design (38)

Zawgyi……

ဒီနေ့ခေတ် အချိန်အခါမှာ ရုံးလုပ်ငန်းတော်တော်များများဟာ ကွန်ပျူတာနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေဟာ များလာပါတယ်။ ဒါကြောင့် တစ်နေကုန် ကွန်ပျူတာနဲ့မခွာတမ်း အလုပ်လုပ်ရတဲ့သူတွေကော ဖုန်းကို တချိန်လုံး အသုံးပြုနေတဲ့ သူတွေပါ အသုံးဝင်စေမယ့် မျက်လုံးလေ့ကျင့်ခန်းနဲ့ အနားယူမှုလေးတွေကို ads.com.mm ကပြောပြ ပေးချင်ပါတယ်။

(၁) မျက်တောင်ခဏ ခဏ ခတ်ပေးပါ။ မျက်တောင်ခတ်တာဟာ မျက်လုံးလေ့ကျင့်ခန်းတစ်မျိုးဖြစ်ပြီး မျက်လုံး ခြောက်သွေ့ခြင်းကို ကင်းဝေးနိုင်ပါတယ်။

(၂) မျက်လုံးမှိတ်ထား ပြီး မျက်ဆံကိုကစားပေးပါ။ အသက်ပြင်းပြင်းရှူပေးပါ။

(၃) မနက်အိပ်ယာထချိန် ၊ ည အိပ်ယာဝင်ချိန် အပြင် ရုံးတွင်းအလုပ်နားချိန်မှာပါ မျက်လုံးကို ရေအေးအေးလေး နဲ့ဆေးပေးပါ။

(၄) နှစ်မိနစ်ခြားတစ်ခါ မျက်လုံးကို ကွန်ပျူတာ Screen ရဲ့ ခပ်ဝေးဝေးနေရာကို ၄၊၅ စက္ကန့်လောက်ကြည့်ပေးပါ။ မျက်လုံးညောင်းတာကို သက်သာစေပါတယ်။

(၅) တစ်နာရီခြားတစ်ခါ ငါးမိနစ်လောက် အလုပ်စားပွဲကနေ အနားယူပါ။ လမ်းလျှောက်တာ၊ အကြောဆန့်တာ ၊ ရေထ သောက်တာ စတာတွေဟာ မျက်လုံး အတွက်ကော ခန္ဓာကိုယ်အတွက်ပါကောင်းပါတယ်။

(၆) ရေခဲစိမ်သခွာသီးကွင်းလေးတွေကို ကပ်ပေးပါ။ ရုံးမှာမို့ ကရိကထ များတယ်လို့ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် တစ်ပတ်လောက် စမ်းလုပ်ကြည့်လိုက်ပါ။ မျက်လုံး လေးအေးမြကြည်လင်ပြီး အလုပ်ကောင်းကောင်း ဆက်လုပ်နိုင် ပါလိမ့် မယ်။

(၇)မျက်လုံးတွေ အရမ်းပူပြီးညောင်းနေပြီဆိုရင် လက်ဖဝါးနှစ်ဘက်ကို ဖွဖွလေးတင်ပြီးအုပ်ထားပါ။ နောက်ပြီးလက်ချောင်း လေးတွေကို မျက်လုံးပုံစံ အခွက်လေးအတိုင်း တင်ထားပြီး အညောင်းဖြေနိုင်ပါတယ်။

(၈) ကွန်ပျူတာကို ကိုယ့် eye – level အောက်  ၄လက်မ မှ ၈ အတွင်း နှိမ့်ထားပေးပါ။

(၉)ကွန်ပျူတာ မျက်နှာပြင်မှာ မျက်လုံးမထိခိုက်အောင်အကာအကွယ် (anti-glare screen) တပ်ဆင်ထားနိုင်ပါတယ်။

(၁၀) ၂၀-၂၀-၂၀ နည်းလမ်းအတိုင်းလုပ်ဆောင်ပေးပါ။ ကွန်ပျူတာရဲ့ ပေ ၂၀ အကွာကို မိနစ် ၂၀ခြားတစ်ခါ စက္ကန် ၂၀ ခန့် ကြည့်ပေးပါ…

Unicode……………..


 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s