ရက်ထပ်နှစ်မှာတစ်ရက်တိုး …. ဖေဖော်ဝါရီ၂၉

 

Untitled design (36)Zawgyi………………….

ဒီနှစ်ဟာ ရက်ထပ်နှစ်ဖြစ်တာကြောင့် ဖေဖော်ဝါရီလရဲ့ ရှားရှားပါးပါး ၂၉ ရက်နေ့ကိုရောက်ရှိ ဖြတ်သန်းနေကြပါတယ်… ဒါကြောင့် ရက်ထပ်နှစ်ဘယ်လိုဖြစ်လာသလဲ ဆိုတဲ့အကြောင်းကို ads.com.mm ကဝေမျှပေးချင်ပါတယ်….…

ရက်ထပ်နှစ်ဘယ်ကစသလဲ???

ဂျူးလိယက်ဆီဇာ ပြက္ခဒိန်မှာ တစ်နှစ်ကို ၁၂လ နဲ့ ရက်ပေါင်း ၃၆၅ ရက် ပါဝင်ပြီး လေးနှစ်တစ်ကြိမ် ရက်ထပ်နှစ်အနေနဲ့ ဖေဖော်ဝါရီလရဲ့ နောက်ဆုံးအပတ်မှာ တစ်ရက်ထပ်ထိုးလိုက်တဲ့အတွက် ပျမ်းမျှ ၃၆၅.၂၅ ရက်ပါဝင်ပါတယ်။ ဒါပေမယ့် နေပြက္ခဒိန်အရ တစ်နှစ်မှာ ရက်ပေါင်း ၃၆၅.၂၄၂၂၁၆ ရက်သာ ရှိတဲ့အတွက် ဂျူးလိယက်ဆီဇာ ပြက္ခဒိန်ဟာ .၀၀၇၈ ရက် ( ၁၁မိနစ်နဲ့ ၁၄ စက္ကန့် စောနေပါတယ်)။

ဂျူးလိယက်ဆီဇာ ပြက္ခဒိန် အတိုင်းတွက်ချက်ရင် ရက်ထပ်နှစ်များစွာဖြစ်ပေါ်နေပြီး နေထက်အဆမတန် စောနေတာကြောင့် ၁၅၈၂ခုနှစ်မှာ  ပုပ်ရဟန်းမင်းကြီး  ဂရီဂိုရီ ၁၃ ( Pope Gregory XIII ) က ၄၀၀ နှင့် စားလို့ပြတ်တဲ့ ရာစုနှစ်ကို သာ ရက်ထပ်နှစ် အဖြစ်ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။

အဲ့လိုပြင်လိုက်တဲ့အတွက် နှစ်တစ်နှစ်မှာ ပျမ်းမျှ ၃၆၅.၂၄၂၅ ရက်ရှိသွားပြီး နေပြက္ခဒိန်နဲ့ အနီးစပ်ဆုံးတူညီသွားပါတော့တယ်။ ယခုလို ပုပ်ရဟန်းမင်းကြီး  ဂရီဂိုရီရဲ့ နည်းစနစ်အတိုင်းတွက်ချက်မယ်ဆိုရင် နှစ်ပေါင်း ၃၀၀၀ ကျော်ကြာမှသာ နေပြက္ခဒိန်နဲ့လွဲမှားမှု တစ်ရက်သာ ပေါ်ပေါက်နိုင်ပါတယ်။

ရက်ထပ်နှစ်ကို ဘယ်လိုသတ်မှတ်တာလဲ???

အလွယ်အားဖြင့် လေးနှစ်ကိုတစ်ကြိမ် နှစ်တစ်နှစ်ရဲ့ ရက် အနည်းဆုံးလ ဖြစ်တဲ့ ဖေဖော်ဝါရီလရဲ့ နောက်ဆုံးအပတ်မှာ အပိုတစ်ရက်ပေါင်းထည့်ပေမယ့် ဂရီဂိုးရီးယန်း ပြက္ခဒိန်အရ

  • ၄နဲ့စားလို့အကြွင်း ( ၀ ) ဖြစ်ခြင်း
  • ၁၀၀ ဖြင့်စား၍ အကြွင်း (၀) ဖြစ်လျှင် ရက်ထပ်နှစ်ဟု မသတ်မှတ်ခြင်း။
  • ၄၀၀ ဖြင့်စား၍ အကြွင်း (၀) ဖြစ်လျှင် ရက်ထပ်နှစ်ဖြစ်ခြင်း စတဲ့ အချက်သုံးချက် ပေါ်မှာ မူတည်ပြီးတော့ သတ်မှတ်ပါတယ်။

ဒါကြောင့် ဂရီဂိုးရီးယန်း ပြက္ခဒိန်အရ ၂၀၀၀ ပြည့်နှစ်နဲ့ ၂၄၀၀ ပြည့်နှစ်တွေဟာရက်ထပ်နှစ်ဖြစ်ပေမယ့် ၁၈၀၀၊ ၁၉၀၀၊၂၁၀၀၊၂၂၀၀၊၂၃၀၀ နဲ့ ၂၅၀၀ ပြည့်နှစ်တွေကိုရက်ထပ်နှစ်အဖြစ် မသတ်မှတ်ပါဘူး။

ရက်ထပ်နှစ်မှာ မွေးဖွားတဲ့ သူတွေကို Leaplings ဒါမှမဟုတ် Leapers လို့ခေါ်ကြပါတယ်။ ရက်ထပ်နှစ်မှာ မွေးဖွားဖို့အတွက်က ၁၄၆၁ ယောက်မှာ ၁ယောက်နှုန်းသာ မွေးဖွားနိုင်ခြေရှိကြတာမို့လို့ ဒီနေ့မှာမွေးတဲ့ မွေးနေ့ရှင်တွေဟာ ထူးခြားအံ့သြဖွယ်ရာ မွေးနေ့ မွေးရက်ကို ပိုင်ဆိုင်ထားကြသူတွေဖြစ်ပါတယ်။

Unicode………………


Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s