Facebook စွဲလမ်းမှုကို ရပ်တန့်နိုင်ဖို့ ရိုးရှင်းတဲ့ နည်းလမ်းသုံးသွယ်

 

Untitled design (35)

Zawgyi…….

အရင်က ဘိန်းဖြူ၊ ဆေးလိပ်နဲ့ ကော်ဖီ တွေဟာ လူတွေကိုစွဲလမ်းမှု ဖြစ်စေတဲ့အရာတွေဆိုပေမယ့် ယနေ့ခေတ်အချိန်မှာ  Facebook ဆိုတဲ့ Social Network တစ်ခုပါပါဝင်လာပါပြီ…….Facebook ကို အဓိက စွဲလမ်းသွားရတဲ့ အကြောင်းအရင်ကတော့ သတင်း၊အချက်အလက် ဝေမျှနိုင်ခြင်း၊ အချိန်တိုအတွင်းမှာ အချင်းချင်းဆက်သွယ်ချိတ်ဆက်နိုင်ခြင်းတွေအပြင် အသုံးပြုသူတွေဟာ  သူတို့ရဲ့ခံစားချက်ကို အဓိက ဖော်ပြနိုင်ခြင်း၊မျှဝေနိုင်ခြင်းတွေကြောင့်ပဲဖြစ်ပါတယ်…..

Facebook က Notification တွေကို ခဏ ခဏ ကြည့်မိနေမယ် ….ရေချိုးခန်းထဲ အထိယူသွားပြီး Notification တွေကို check လုပ်နေမယ်…အပြင်လက်တွေ့ဘဝက သူငယ်ချင်းတွေထက် Facebook ထဲက သူငယ်ချင်းတွေကို အချိန်ပိုပေးနေမိမယ်…. မိသားစုနဲ့ တီဗီတူတူကြည့်နေရင်တောင့် ဖုန်းကိုယ်စီနဲ့ဘဲ အလုပ်ရှူတ်နေမယ်….ကိုယ့်ရဲ့ ဓာတ်ပုံ၊ Post မှာ like နည်းနေရင် စိတ်ထဲ မသက်မသာဖြစ်မယ် စတဲ့ အချက်တွေဖြစ်နေပြီဆိုရင် ကိုယ့်ကိုယ် Facebook ကစတင်လွှမ်းမိုးနေပါပြီ…..

Facebook စွဲလမ်းမှုဟာဖြတ်တောက်ရခက်ခဲပါတယ်…..ငါဒီနေ့ Status မတင်ဘူး၊ Facebook မသုံးဘူးလို့ ဘယ်လောက်ပဲ ဆုံးဖြတ်ထားပါစေ ….နောက်ဆုံးစိတ်မထိန်းနိုင်ဘဲ သုံးမိသွားတာများပါတယ်… ဒါကြာင့် Facebook စွဲလမ်းမှုကိုလျော့ချချင်တယ်ဆိုလျှင် ကိုယ်စိတ်ကိုယ်နိုင်ဖို့က အဓိကကျ ပါတယ်…..ဒါဆိုရင် Facebook စွဲလမ်းမှု လျော့ကျအောင်လေ့ကျင့်နိုင်ဖို့ အလွယ်ကူဆုံးနည်းလမ်း(၃)ခုကို ads.com.mm က ဝေမျှပေးလိုက်ပါတယ်…..

  • ချရေးပါ

ကိုယ်ဟာတစ်နေ့မှာ Facebook ပေါ်မှာ အချိန်ဘယ်လောက်ဖြုန်းလဲ ဆိုတာ ချရေးထားပါ။ Facebook သုံးလို့ကိုယ်မှာဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကိုပါ ရေးမှတ်ထားပါ။ Facebook log In လုပ်တော့မယ်လို့ စိတ်ကူးလိုက်တိုင်း အဲ့ဒီအချက်တွေကို ပြန်ဖတ်ပါ။

  • အစားထိုးပါ

“ဒီနေ့တစ်နေ့လောက်တော့ Facebook မသုံးဘဲနေကြည့်မယ်”ဆိုပြီး ကိုယ့်ကိုကိုယ် ကတိပေးပါ။ တခြားစိတ်ပါဝင်စားတာ တစ်ခုခုလုပ်နေပါ ( ဥပမာ – ပန်းချီဆွဲတာ၊ ရေကူးတာ၊ ရုပ်ရှင် ကြည့်တာ၊စာရေးတာ) စသဖြင့်ပေါ့….Facebook မသုံးဘဲနေတာနဲ့ Facebook သုံးတာ ရဲ့ကွာခြားချက်ကို ကိုယ့်ဘာသာပြန်ဆန်းစစ်ပါ။ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာလောက်ကနေ စလုပ်ပါ…….အချိန် အတိုင်းအတာကို တိုးတိုးပြီးလုပ်ဆောင်ပါ။

  • အဓိက အကြောင်းအရင်းကို သေချာစဉ်းစားပါ

ကိုယ့်ရဲ့ ဓာတ်ပုံကို Like ပေးတဲ့ အရေအတွက် အနည်းအများပေါ်မှာ သာယာနေတာလား? ကိုယ်မလှတာ ကိုယ့်ရဲ့ အယူအဆတွေကို မကောင်းပြောမှာတွေကိုကြောက်ရွံ့နေတာလားလား? ဆိုတာကို ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ပါ။ ကိုယ့်ရဲ့ Personal life၊ အယူအဆတွေကို လူတိုင်းကို ပေးသိစရာမလိုသလို သူများဝေဖန်မှာကိုလဲ ကြောက်နေစရာမလိုပါဘူး။ Facebook က တစ်ချို့ သော သူတွေရဲ့ ထင်မြင်ယူဆချက်တွေဟာ အမှန်အတိုင်းမဖြစ်နိုင်တဲ့အတွက် သူတို့ရဲ့ ထင်မြင်ယူဆ ချက်တွေကို ခဏမေ့ထားပါ။ Fakebook အပြင်ဘက် real life မှာ ပျော်တတ် အောင်လေ့ကျင့်ပါ။

Unicode………….



 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s