ပျိုမေတို့ ကြောက်တဲ့ နွေရာသီမှာ …..

 

Untitled design (32)

Zawgyi…………………

“နွေရောက်တော့မယ်ဟေ့ “လို့ အသံကြားတာနဲ့ ပျိုမေ အများစု အလုပ်စရှုပ်ပါပြီ…….. ရာသီဥတုနဲ့လိုက်လျော ညီထွေဖြစ်မယ့်အဝတ်အစားတွေဝယ်ရတာ….. မိတ်ကပ်၊လိုးရှင်းဝယ်ရတာ စတဲ့ ကိစ္စတွေနဲ့ နွေရာသီကို စတင်ဖွင့် လှစ်ကြပါပြီ….. နောက်ပြီး နွေရာသီမှာ မြန်မာတို့ အမြတ်တနိုးတန်ဖိုးထားရတဲ့ သင်္ကြန်ပွဲတော်ကြီး ကလည်းရှိနေတော့ ကဲကလည်းကဲချင်တယ် ရွှေလိုဥထားတဲ့ အသားအရည်လေးတွေ ထိခိုက်မှာကိုလည်းစိုးရိမ်တဲ့ ပျိုပျိုမေတွေအတွက် နွေရာသီ အသားအရည်ထိန်းသိမ်းဖို့ နည်းလေးတွေကို  ads.com.mm ကနေ ပြောပြပေးချင်ပါတယ်…. တစ်ချို့ အချက်တွေက ပျိုမေတွေ သိပြီးသားဖြစ်ကောင်းဖြစ်နေမှာပါ…. ဒါပေမယ့်လည်း နှစ်ထပ်ရှိတော့ မှတ်မိတာပေါ့နော်…….

(၁) ရေများများသောက်ပါ

(၂) နေရောင်ခြည် ကာကွယ်တဲ့ ခရင်မ် ( Sun cream ) ကို  အပြင်မထွက်ခင် နာရီဝက်လောက်ကြိုလိမ်းပါ….. အိပ်ထဲမှာလဲ ဆောင်ထားပါ။

(၃) နေကာမျက်မှန်တပ်ပါ….. အသားရည်ကိုထိန်းသိမ်းသလို ကိုယ့်ရဲ့မျက်လုံးလေးတွေကို လည်းနေရောင်ခြည် ဒဏ်ကနေ ကာကွယ်သင့်ပါတယ်…… နေကာမျက်မှန်လေးကြောင့် ကိုယ့်မျက်လုံးလေးတွေအေးနေမယ့်အပြင် စတိုင် လည်း ကျစေမှာပါ။

(၄) လုံလုံခြုံခြုံဝတ်ပါ…… ပူတယ်အိုက်တယ်ဆိုပြီး အတိုအပြတ်တွေ သိပ်မဝတ်ပါနဲ့….. နေလောင်ဒဏ်ကို ကာကွယ် နိုင်မယ့် ပွပွအိအိ လေးတွေ ဝတ်ပေးပါ…… အခုဆိုရင် ခပ်ပွပွ ဒီဇိုင်းလေးတွေ ……လွင့်လွင့် ဝဲဝဲ ဂါဝန်လေးတွေ ပြန်ပြီး ခေတ်စားလားတော့ အတော်ပဲပေါ့…..

(၅) Toner သုံးပါ……ချွေးပေါက်လေးတွေကျဉ်းပြီး အသားအရည်အေးမြနေစေဖို့ Toner ကောင်းကောင်းသုံးပေးပါ….

(၆) ရေဓာတ်များများပါတဲ့ Moisturizer သုံးပါ……..နွေရာသီမှာဆိုရင် အဆီပြန်တာ ပိုဖြစ်တတ်ပါတယ်…. ဒါကြောင့် ကိုသုံးနေကျ Moisturizer ဟာ Oily ဖြစ်တယ်ဆိုရင် ရေဓာတ်ပါတာလေးပြောင်းသုံးကြည့်ပါ။

(၇) အသီးဖျော်ရည်များများသောက်ပါ……ရေဓာတ်ဖြည့်တင်းပေးတဲ့အပြင် အသားအရည်လည်းလှ အဆီလည်းကျ လန်းဆန်းမှုလည်းရ ဘယ်လောက်ကောင်းလဲ….. ဘယ်သွားသွား အသီးဖျော်ရည်လေးကို ဗူးလေးနဲ့ ထည့်သယ် သွားပါနော်….

(၈) Body scrub လုပ်ပါ……. နေလောင်လို့ ပျက်စီးသွားတဲ့ ဆဲလ် အသေတွေဟာ Body Scrub လုပ်လိုက်တဲ့အတွက် ဆဲလ် အသစ်တစ်ဖန်ပြန်ဖြစ်စေပြီး အသားအရည်ဆိုပြေစေပါတယ်….

(၉) လေ့ကျင့်ခန်းဆက်လုပ်ပါ…… အပူဒဏ်ကြောင့် လေ့ကျင့်ခန်းမလုပ်နိုင်ဘူး ဆိုတဲ့ အယူအဆဟာ မှားယွင်းတဲ့ ဆင်ခြေပါ…. အိမ်ပြင်မှာနေပူရင် အိမ်ထဲမှာ လုပ်ပါ… Gym သွားတယ်ဆိုရင် ချွေးထွက်တာတွေ ပြန်လည်ဖြည့်တင်းဖို့ ရေများများသောက်ပါ…. ဓာတ်ဆားရေသောက်ပြီး ဆက်လုပ်ပါ….. ရာသီဥတုပူလို့ဆိုပြီး အဆီနဲ့ weight တက်တာက ရပ်သွားမှာ မဟုတ်ပါဘူး…….ဒါကြောင့် ခန္ဓာကိုယ်ကို ထိန်းဖို့အတွက် လေ့ကျင့်ခန်းကတော့ ပုံမှန်လုပ်ပါ။

အခုဆိုရင် online မှာကော Social Media မှာပါ  ကိုယ့်အိမ်မှာ အလွယ်တကူ အသာအရည်ထိန်းသိမ်းဖို့ Mask လုပ်နည်းလေးတွေ Share လုပ်ထားတာတွေ့တော့ ads.com.mm လည်း Mask လုပ်နည်းလေး(၃) ခုကို လက်ဆောင်ပေးလိုက်ချင်ပါသေးတယ်…..

(၁) နေလောင်တာတွေ အမြန်ပျောက်ဖို့ဆိုရင်……..ဒိန်ချဉ်ရယ် သံပရာရည်အနည်းငယ် (စားပွဲတင်ဇွန်း တစ်ဝက်လောက် ) ရောပြီး လိမ်းပါ…… ခြောက်သွားပြီဆို ရေဆေးလိုက်ပါ….. သံပုရာရည်မှာပါတယ် စစ်ထရစ်ဓာတ်ဟာ နေလောင်တာကို အမြန်ဖယ်ရှားဖို့အတွက် အကောင်းဆုံးနည်းပါ။

(၂) အသားလေးဝင်းနေဖို့ အတွက်ကတော့ ….. သင်္ဘောသီး တစ်စိတ်၊ ပျားရည် စားပွဲတင်ဇွန်း (၁)ဇွန်း၊ ကြက်ဥ အကာ တို့ကို ရောမွှေပြီး မျက်နှာ ၊ လက်တို့ပေါ်မှာ (၁၅)မိနစ်ခန့် လိမ်းထားပေးပါ….. ပြီးရင်ရေဆေးချလိုက်ပါ…. ဝင်းမွတ်တဲ့ အသားအရည်လေးကို ရရှိပါလိမ့်မယ်။

(၃ ) နေပူကနေပြန်လာပြီး အသားတွေ ပူစပ်စပ်ဖြစ်နေတယ်ဆိုရင်…… သခွားသီး တစ်ဝက်ရယ် ဒိန်ချဉ်ရယ်ကို blender နဲ့သမအောင်ချေပြီး (၁၅)မိနစ်ခန့် လိမ်ထားလိုက်ပါ …..ရေဆေးချပြီးတဲ့အခါမှာ ထူးခြားတဲ့ ခံစားချက်နဲ့ ချောမွေ့တဲ့ အသားအရည်လေးကို ရရှိနိုင်ပါပြီ။

ပျိုမေတို့အတွက် နွေရာသီနဲ့လိုက်ဖက်မယ့် အင်္ကျီ အဝတ်အစားနဲ့ အလှအပဆိုင်ရာ အသုံးအဆောင်ပစ္စည်း တွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ www.ads.com.mm အခမဲ့ ကြော်ငြာ website မှာရှာဖွေ ဝယ်ယူနိုင် တယ်ဆိုတဲအကြောင်းကိုလည်း သတင်းပေးလိုက်ပါတယ်နော်….

အားလုံးပဲ ပူပြင်းတဲ့နွေရာသီမှာ အလှပဆုံးနေ့ရက်တွေ ပိုင်ဆိုင်နိုင်ကြပါစေ….

 

Unicode



 

 

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s