သူငယ်ချင်းတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဘယ်လိုတည်ဆောက်မလဲ?

Untitled design (27)

Zawgyi…………………..

သူငယ်ချင်းဆိုတာ လူတိုင်းအတွက် အကောင်းဆုံးအဖော်အမွန်ပါ……သူငယ်ချင်းတွေဟာ ဘဝရဲ့ ပျော်ရွှင်မှုတွေမှာ အများကြီး လွှမ်းမိုးနေပါတယ်…ကိုယ့်အတွက် ပျော်ရွှင်မှုတွေဖန်တီး ပေးနိုင်သလို ၊ စိတ်ဖိစီးမှု၊ အထီးကျန်မှုတွေကိုလဲ ဖြေဖျောက် ပေးပါတယ်…..ငယ်ငယ်ကတည်းက လည်ပင်းဖက်ပေါင်းခဲ့ရတဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေအပြင် အသက် အရွယ်ရင့်ကျက် တည်ငြိမ်လာတဲ့အရွယ်မှာ ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေတွေကလည်း အရေးကြီးပါတယ်။ ဒါပေမယ့် လူတော်တော်များများဟာ အသစ်အသစ်တွေနဲ့ ခင်မင်ရင်းနှီး အောင်ပြုလုပ်တဲ့နေရာမှာ စိုးရိမ်စိတ် တွေရှိနေတတ်ပါတယ်။ ဘဝမှာ အတွင်းသိ အဆင်းသိ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ် ခင်မင်နေသင့်သလို သူငယ်ချင်းအသစ် မိတ်ဆွေအသစ်တွေတိုးပွားအောင် လုပ်ဖို့ကလည်း အရေးကြီးပါတယ်…….

အခုခေတ်မှာဆိုရင် နည်းပညာတွေတိုးတက်လာတဲ့အတွက်ကြောင့် အွန်လိုင်းနဲ့ Social Media တွေမှာ သူငယ်ချင်းအသစ်ဖွဲ့ရတာ မိတ်ဆွေ အသစ်ရှာရတာဟာ အင်မတန်လွယ်ကူလာပါတယ်။ အွန်လိုင်းကနေ တစ်ဆင့်ရင်ဖွင့်လို့ ရကောင်းရနိုင်ပေမယ့် ကိုယ်ဝမ်းနည်းနေတဲ့အချိန်မှာ ပခုံးတစ်ဘက်ငှားဖို့၊ ကိုယ်ပျော်ရွှင်တဲ့အချိန်မှာ အတူတူ ရယ်မောပေးဖို့အတွက်တော့ မစွမ်းဆောင်နိုင်ပါဘူး။ စစ်မှန်တဲ့ ခင်မင်မှုအများစုဟာ တွေ့ဆုံခြင်း (Face to Face)  ကနေစတင်တာဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေ သူငယ်ချင်းအသစ်ရှာတဲ့ နေရာမှာ အွန်လိုင်းကိုချည်းအားမကိုးဘဲ အပြင်လက်တွေ့ဘဝမှာပါ ခင်မင်မှု ကိုရှာဖွေသင့်ပါတယ်။

ကောင်းမွန်ခိုင်မြဲတဲ့ ခင်မင်မှု တစ်ခုကို ပိုင်ဆိုင်ထားမယ်ဆိုရင် –

(၁) စိတ်ခံစားချက်တွေ ပိုမိုကောင်းမွန်လာမယ် …..သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးအချိန်ကုန်ဆုံးတဲ့အတွက် စိတ်နဲ့ကိုယ်ဟာ လန်းဆန်းတက်ကြွနေပါလိမ့်မယ်

(၂) ရည်မှန်းချက်ပန်းတိုင်ရောက်စေတဲ့ တွန်းအားတစ်ခုလည်းဖြစ်တယ်……သူငယ်ချင်းကောင်းတွေရဲ့ အားပေးမှုနဲ့ အကြံဥာဏ်ကောင်းတွေကြောင့် ရည်မှန်းချက်ပန်းတိုင်ကို မြန်မြန်ရောက်စေပါတယ်။

(၃) စိတ်ဖိစီးမှုတွေ စိတ်ဓာတ်ကျတာတွေကို ဖယ်ရှားပေးနိုင်တယ်

(၄) ခက်ခဲတဲ့အချိန်တွေကို အကောင်းဆုံးကျော်ဖြတ်နိုင်ဖို့ အားဆေးပါ…… ဥပမာ – အသဲကွဲနေတဲ့အချိန်၊ အပြင်းဖျားနေတဲ့အချိန်

(၅) ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်စေပါတယ်….. ခင်မင်မှု ဆိုတာ တကယ်တော့ အပြန်အလှန်သဘော သက်ရောက်ပါတယ်။ ကိုယ့်အခက်အခဲဖြစ်နေတဲ့အချိန်မှာ ကိုယ့်သူငယ်ချင်က ကိုယ့်ကိုယ်ကူညီပေးထားသလို သူအခက်အခဲ ဖြစ်ရင်ကူညီနိုင်အောင် ကိုယ့်ဘက်က ပြင်ဆင်ထားပါ။ အဲ့လို ကူညီလိုက်တဲ့အတွက် သူငယ်ချင်တွေကြားထဲမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိစေပါတယ်။

ကိုယ်နဲ့ ကိုယ့်သူငယ်ချင်း တွေကြားထဲမှာ သက်တောင့်သက်သာဖြစ်စေတဲ့ ရင်နှီးခင်မှုရှိဖို့လဲ လိုပါတယ်။ သက်တောင့်သက်သာဖြစ်တဲ့ ခင်မင်ရင်နှီးမှု ဟုတ်မဟုတ်ဆိုတာ အခုပြောပြတဲ့ အချက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်ပါ။

(၁) ကိုယ်သူငယ်ချင်းနဲ့ အချိန်ဖြုန်းပြီးသွားရင် စိတ်ကျေနပ်မှု တစ်ခုခုရရှိလား

(၂) သူငယ်ချင်းတွေနဲ့နေရတာ လွပ်လပ်ပေါ့ပါးတဲ့ ခံစားချက်မျိုးရလား

(၃) စိတ်လုံခြုံမှုရှိလား (ဒါမှမဟုတ်) စကားတစ်ခွန်းပြောဖို့ကို ပြောသင့်မပြောသင့်စဉ်းစားနေရလား

(၄) ကိုယ်သူငယ်ချင်းဟာ ကိုယ့်အတွက် အားတစ်ခုဖြစ်စေလား (ဒါမှမဟုတ်) ကိုယ့်ကို ပေါ့ပျက်ပျက်ဆက်ဆံလား

(၅) ကိုယ်သူငယ်ချင်းကို ယုံကြည်ရလား …… စတဲ့မေးခွန်းတွေကို ကိုယ့်ကိုကိုယ်ပြန်ပေးကြည့်ပါ။ အခြေခံအားဖြင့်တော့ သူကောင်းရင် ကိုယ်ကောင်းမယ် ဆိုပေမယ့် ကိုယ့်အပေါ်မှာ မတရားသဖြင့်လွှမ်းမိုးလာတာ၊ အနိုင်ကျင့်တာ၊ အားနည်းချက်ကို ရှုံ့ချတာ ၊ ကိုယ့်ရဲ့ ရက်ရောမှုကို အလွဲသုံးစားလုပ်တာတွေများလာပြီဆိုရင်တော့ ခင်မင်မှု အတိုင်းအတာကို ပြန်လည် ဆန်းစစ်သင့်ပါပြီ။

သင်ဟာ နည်းနည်းရှက်ကြောက်တတ်ပြီး အနေအေးတယ်ဆိုရင် သူငယ်ချင်း မိတ်ဆွေ အသစ်ရှာဖွေတဲ့နေရာမှာ အခက်အခဲ တစ်စုံတစ်ရာရှိနိုင်ပါတယ်။ ဒါပေမယ့် ရှိပြီးသားကိုယ့်ရဲ့ သူငယ်ချင်မိတ်ဆွေတွေအပေါ်မှာ အာရုံ နည်းနည်းပိုစိုက်ပေးလိုက်မယ်ဆိုရင် တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ကိုယ့်ဆီကို မိတ်ဆွေသစ်တွေ ရောက်ရှိလာမှာပါ…..ဘယ်လို ဂရုစိုက်ပေးရမလဲဆိုတော့ ….

(၁) အလေးအနက်ထားပေးပါ……ကိုယ့်သူငယ်ချင်းတွေရဲ့ အတွေးတွေ၊ စိတ်ခံစားချက်၊ ပျော်ရွှင်မှုတွေ၊ အတွေ့အကြုံ စတာတွေကို ဂရုတစိုက် နားထောင်ပေးပါ၊ အကြံပြုပေးပါ။ ကိုယ့်ကို သူများက စိတ်ဝင်စားအောင်လုပ်တာထက် သူတို့ရဲ့အကြောင်းအရာတွေကို စိတ်ဝင်စားပေးတာက ပိုကောင်းပါတယ်။

(၂) ပါးနပ်ပါ……………သူများကိစ္စတွေကို စိတ်ဝင်စားတဲ့နေရာမှာ ဟန်ဆောင်စိတ်ဝင်စားလို့မရပါဘူး။ သူတို့     ပြောတဲ့အကြောင်းအရာတွေကို စိတ်မဝင်စားတော့ဘူးဆိုရင် အခြားခေါင်းစဉ်တစ်ခုကို မသိမသာလေး ပြောင်းလိုက်ပါ။

(၃) ကိုယ့်လိုချင်တဲ့ မိတ်ဆွေ သူငယ်ချင်းပုံစံ အတိုင်း ကိုယ့်ကိုယ်တိုင်ဖြစ်အောင်နေထိုင်ပါ……… ကိုယ့်အပေါ်ကောင်းတဲ့ သူငယ်ချင်းမျိုးလိုချင်လျှင် ကိုယ်ကိုကိုယ်တိုင်က စံပြသူငယ်ချင်းကောင်းဖြစ်နေဖို့လိုပါတယ်။

(၄)  ကိုယ်ချင်းစာပေးပါ။

(၅) ကိုယ့်သူငယ်ချင်းကို ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးထားပါ။

(၆) စည်းဘောင်တွေနဲ့ အရမ်းကန့်သတ်မထားပါနဲ့။ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်မျိုးမထားပါနဲ့။

(၇) တစ်ချို့ အကြောင်းအရာလေးတွေကို ခွင့်လွှတ်ပေးလိုက်ပါ။

ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ လူတိုင်းဟာ ချဉ်းကပ်ပုံခြင်းမတူညီနိုင်ပေမယ့် အခုပြောပြထားတဲ့ အချက်လေးတွေက သူငယ်ချင်းမိတ်ဆွေတိုးပွားဖို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခုကို ဖြစ်ပေါ်စေဖို့ အထောက်အကူတစ်ရပ်ဖြစ်စေမှာပါ…. www.ads.com.mm ရဲ့စာဖတ်သူမိတ်ဆွေတို့လည်း မိတ်ဆွေ သူငယ်ချင်းသစ် တွေတိုးပွားပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဆက်ဆံရေးလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

Unicode…………
























 

 

 

 

 

 

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s