ပိတ်ရက်မှာ မိသားစုနဲ့ အမှတ်တရအချိန်လေးတွေကိုဘယ်လိုကုန်ဆုံးမလဲ???

Untitled design (24)

Zawgyi

ဒီတစ်ပတ်မှာ သုံးရက်ဆက်တိုက်ရုံးပိတ်တယ်နော်…… အရင်က မိသားစုအတွက် အချိန်သိပ်မပေးဖြစ်ဘူးဆိုရင် အခုလိုပိတ်ရက်များတဲ့ ရက်သတ္တပတ်တွေမှာ မိသားစုနဲ့နွေးနွေးထွေးထွေးပိုနေပေးလိုက်ပါ……. အခု www.ads.com.mm ကပြောပြပေးမယ့် အချက်လေးတွေက လွယ်ကူပြီးတော့ ကိုယ်နဲ့ ကိုယ့်မိသားစုအတွက် အမှတ်တရတခုဖြစ်စေမှာပါ……..

၁. ညဘက် အိပ်ခါနီး အိမ်နေရင်း အဝတ်အစား တွေနဲ့ပဲ “ကားလျှောက်စီးမယ်ဟေ့” ဆိုပြီးတော့ မိုးလင်းပေါက်ဖွင့်တဲ့ ဆိုင်လေးတွေမှာ မုန့်သွာစားပါ…… ကြိုတင်စီစဉ်မထားဘဲ ရုတ်တရက်အသိပေးလိုက်ပါ….. ဒီပုံနဲပ ဘယ်လိုအပြင်သွားမလဲ ….. အင်္ကျီလဲလိုက်အုံးမယ်ဆိုပြီး တစ်ယောက်တစ်ပေါက်ပြောတဲ့ အသံလေးတွေက သင့်ကိုကြည်နူးစေပါတယ်။

၂. ညစာ အတူတကွချက်ပါ။ တစ်ယောက်ကို ဟင်းပွဲတစ်ပွဲ တာဝန်ယူချက်ပြုတ်ပါ။

၃. ဧည့်ခန်းထဲမှာ မိသားစု စုံနေတဲ့အချိန် စိတ်ဝင်စားဖို့ကောင်းတဲ့ ထူးဆန်းတဲ့ အကြောင်းအရာတစ်ခုခုကို အသံထွက်ပြီးဖတ်ပြပေးပါ။

၎. မိသားစုနဲ့ အတူတကွ အိမ်ရှင်းပါ။ အိမ်ရဲ့ decoration ကို မိသားစုဝင်ရဲ့ အကြံဥာဏ်ကို ယူပြီး တစ်မျိုးပြောင်ကြည့်ပါ။

၅. ကိုယ့်ရဲ့ ခင်ပွန်း၊ဇနီး ဒါမှမဟုတ် သားသမီးတွေနဲ့ တစ်နေကုန် သူတို့လုပ်ချင်တာ အတူလုပ်ပေးပါ။ ( Shopping ထွက်တာ၊ ဂိမ်းဆော့တာ၊ ကျူရှင် လိုက်ပို့ပေးတာ တွေပါ)

၆. Camp ထွက်ပါ။

၇. လွယ်ကူတဲ့မုန့်လေးတွေလုပ်စားပါ။

၈. Puzzle Game ဆော့ပါ

၉. ကျေးရွာဘက်တွေကို လေ့လာရေးသွားပါ။ မြို့ပြထက် လေကောင်းလေသန့်ရပြီး ဗဟုသုတ အသစ်တွေ တိုးပွားစေမှာပါ။

၁ဝ. ကာရာအိုကေ တူတူသွားဆိုပါ။ သူငယ်ချင်းတွေနဲ့တော့ သွားနေကျ ဖြစ်ချင်ဖြစ်မှာပါ ……. မိသားစုနဲ့ သွားကြည့်တာ့ ဘယ်သူက အဆိုကျော်လဲ ဘယ်သူက ကီးကြောင်လေးလဲဆိုတာ ကွဲကွဲပြားပြားသိသွားတာပေါ့။

၁၁. ပရဟိတ တူတူလုပ်ပါ။ အလှူအကြီးကြီးပေးနိုင်မှ အလှူမဟုတ်ပါဘူး…… မိသားစုတစ်နိုင်တစ်ပိုင် အတူတကွ အဘိုးတွေ အဘွားတွေကို ခေါင်းလျှော်ပေးတာ၊ ကိုယ့် လမ်းထဲက ကလေးတွေ မတတ်နိုင်တဲ့ သူတွေကိုကျွေးမွေးတာ၊ ကိုယ့်နေ့ထိုင်တဲ့ လမ်းလေးကို သန့်ရှင်းရေးလုပ်တာလေးတွေ ပြုလုပ်နိုင်ပါတယ်။

၁၂. ဓာတ်ပုံရိုက်ပါ။ အခုအားလပ်ရက်မှာ လုပ်ဆောင်ချက်တွေအားလုံးကို လျှပ်တပြတ်မှတ်တမ်းတင်တာဘဲဖြစ်ဖြစ် ပြုလုပ်ထားလိုက်ပါ….အဲဒီဓာတ်ပုံလေးတွေကိုပြန်ကြည့်ရင်းနဲ့ နောက်ထပ်ရုံးပိတ်ရက်ရှည်တွေမှာ မိသားစုနဲ့ အချိန်ကုန်ဆုံးချင်စိတ်တွေ တစ်ဖွားဖွားပေါ်လာပါလိမ့်မယ်

Ads.com.mm ပရိသတ်တွေလည်း သာယာပျော်ရွှင်တဲ့ မိသားစု အားလပ်ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ…….

Unicode…….


Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s