Valentine Day မှာ ကိုယ့်ချစ်သူကို ဘာလို့ Chocolateလေးတွေ လက်ဆောင်ပေးကြတာလဲ ?

Untitled design (22)

Zawgyi…….

ချစ်သူများနေ့ နီးလာပြီဆိုတာနဲ့ ကိုယ့်ချစ်သူတွေကို လက်ဆောင်ပေးဖို့ Surprise လုပ်ဖို့ အကြံထုတ်နေကြတဲ့သူတွေများပါတယ်။ ဒါပေမယ့် Valentine Day နေ့တွေရဲ့ မပါမဖြစ် ဇာတ်လိုက် မင်းသား ကတော့ ချော့ကလက်ပါဘဲ……

ဘာလို့ ချောကလက်ကို Valentine Day မှာ ပေးကြတာလဲ? စိတ်ကျေနပ်ပျော်ရွှင်မှု အတွက်လား၊ တစ်ခြားဘာ အကြောင်းပြချက်များရှိမလဲ ? Valentine Day မှာ ချောကလက်ပေးဖြစ်တဲ့ အကြောင်းလေးကို www.ads.com.mm ကပြောပြပေးမှာပါ။ သေချာတာကတော့ ဒီလိုမျိုး ချောကလက်ပေးကြတာဟာ အစဉ်အလာတစ်ခုလိုဖြစ်နေပါပြီ….

ချောကလက်ကို ဘုရားက ပေးတဲ့ နတ်သုဒ္ဓာ ဆိုပြီးတော့ အက်(ဇ်)တက် အင်ဒီးယန်း (Aztec Indians) လူမျိုးတွေရှိစဉ်ကတည်းက သတ်မှတ်ခဲ့ကြတာပါ။ အက်(ဇ်)တက် အင်ဒီးယန်းဆိုတာ လွန်ခဲ့တဲ့၁၄ရာစုကနေ ၁၆ရာစုအထိ မီဆိုအမေရိကား ဒေသတွေမှာ ကြီးစိုးခဲ့တဲ့ လူမျိုးတွေဖြစ်ပါတယ်။ အက်(ဇ်)တက် အင်ဒီးယန်း တွေရဲ့ ခေါင်းဆောင် မွန်တီဇူးမားက ချောကလက်ကို ကာမစိတ်အာရုံကိုနိုးကြားစေတဲ့ အစားအစာလို့တောင် သတ်မှတ်ခဲ့ပါတယ်။ အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ ခရစ်စတိုဖာ ကိုလံဘတ်စ် (Christopher Columbus)  ဟာ ဆိုရင် ချောကလက်ကို အခြားတန်ဖိုးကြီးရတနာတွေနဲ့အတူ စပိန် ဘုရင်မကြီး အစ်စဘဲလား ( Queen Isbella )ထံကို ဆက်သခဲ့ရတဲ့ သမိုင်းတွင်တဲ့ အစားအစာတစ်မျိုးပါ……နောက်ပိုင်းမှာ ချောကလက်ဟာ ဇိမ်ခံ စားစရာ တစ်ခုအဖြစ် ဥရောပ တစ်ခွင်မှာကျော်ကြားလာပြီး အခြားနိုင်ငံ ဒေသ တွေကိုလည်းပျံ့နှံ့လာခဲ့ပါတော့တယ်။

၁၈၀၀ ပြည့်နှစ်လောက်မှာ ကတ်ဘရီ ညီအကိုဟာ အင်္ဂလန် နိုင်ငံမှာ လူတိုင်းစားသုံးနိုင် တဲ့ဈေးနှုန်းနဲ့ရောင်းချပေးတဲ့ ချောကလက်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ခဲ့ပြီး ၁၈၆၁ ခုနှစ်မှာတော့ ရစ်ချက် ကတ်ဘရီ ဟာ အသဲပုံဗူးနဲ့ အလှဆင်ထားတဲ့ ချောကလက်လေးတွေကို Valentine Day အမှတ်တရ အဖြစ် ပထမဆုံးစတင်ရောင်းချခဲ့တာပါ…..ဒါကြောင့်မို့ Valentine Day မှာ ချောကလက်ပေးတဲ့ အစဉ်အလာဟာ အဲ့ဒီအချိန်က စတင်ခဲ့တယ်လို့ ယူဆ နိုင်ပါတယ်။

Valentine Day နေ့မှာ ချစ်သူကို ချောကလက်ကျွေးတာက ချစ်ခြင်းရဲ့သင်္ကေတတစ်ခုအပြင် ကိုယ့်ရဲ့ချစ်သူကို ကျန်းမာရေးကောင်းမွန်စေချင်တဲ့ ရည်ရွယ်ချက်လို့လဲ ယူဆနိုင်ပါတယ်။ ချောကလက်ကို စာသုံးပေးမယ်ဆိုရင်

  • နှလုံးသွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်
  • လေသင်တုန်းဖြတ်ခြင်းကို လျော့ကျစေတယ်
  • ချောကလက်မှာ ကိုယ်ခန္ဓာကိုယ် အကျိုးပြုတဲ့ ပိုတက်ဆီယမ် ၊ ဇင့် စတဲ့ အဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင် ပါတယ်
  • ကိုလက်စထရော ကိုလည်းလျော့ချပေးတယ်
  • ချောကလက် အမဲ ( Dark Chocolate ) ဟာ ဦးနှောက်မှတ်ဥာဏ်ကို တိုးတက်ကောင်းမွန်စေပါတယ်

စိတ်ညစ်နေတဲ့အချိန် ၊ တစ်ယောက်ထဲ အားငယ်နေတဲ့ အချိန်မှာ ချောကလက်လေးများစား လိုက်ရမယ်ဆိုရင် စိတ်ကျေနပ်မှု တစ်စုံတစ်ရာရရှိသွားမှာပါ။ ဒါကြောင့် ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတနဲ့ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ ချောကလက်လေးတွေဟာ နောင်နှစ်ပေါင်းများစွာအထိ Valentine Day ရဲ့ အဓိက ဇာတ်ကောင်အဖြစ် တည်ရှိနေမှာပဲဖြစ်ပါတယ်….

Unicode…..







 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s