အမျိုးသမီးတွေက အမျိုးသားတွေထက်ပိုအားသာတဲ့ အချက်လေးတွေ…….

Untitled design (16)

Zawgyi…….

လူသားတိုင်းမှာ ကိုယ့်အစွမ်းအစ ကိုယ်ပိုင်အရည်အချင်းကိုယ်စီကြပါတယ်…… လူသားတိုင်းလို့ သုံးနှုန်းရတဲ့အကြောင်းက ယောင်္ကျား မိန်းမခွဲခြားခြင်းမရှိတာကို အဓိကာထားရည်ရွယ်ပါတယ်… ဒီဘက်ခေတ်မှာဆိုရင် လူတွေဟာ အသိဥာဏ် နဲ့ ပညာအရည်အချင်းတွေဟာ ယခင်ကထက်တိုးတက်လာတာကြောင့် အမျိုးသမီးများကို အမျိုးသားများနည်းတူ တန်းတူအခွင့်အရေးတွေပေးလာကြသလို…. အမျိုးသမီးထုကလဲ ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို အကောင်းဆုံးအသုံးချပြီး သူတို့ရဲ့ မိသားစု၊ ပတ်ဝန်းကျင် နဲ့ နိုင်ငံကို တစ်ဘက်တစ်လမ်းကနေ အထောက် အကူပြုနေကြပါတယ်…..ဒါပေမယ့် နည်းပညာတွေ ခေတ်ကာလတွေ ဘယ်လိုပဲ တိုးတက်ပြောင်းလဲလာပါစေ အချို့သော နိုင်ငံနဲ့ ဒေသ အသီးသီးမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေလောက် တန်းတူ အခွင့်အရေးမရတာတွေ ရှိနေဆဲပါ….ဒါကြောင့်မို့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဘယ်လိုနေရာတွေမှာ အားသာလဲဆိုတာကို ads.com.mm ကနေ ဝေ မျှပေးသွားမှာပဲဖြစ်ပါတယ်

  • ကမ္ဘာလောကကြီးကို အကျိုးပြုမယ့် လူသားတစ်ယောက်ကို မွေးဖွားပေးတဲ့သူတွေ…..မိခင်တွေဖြစ်ပါတယ်… အခုလိုပြောလိုက်လို့ ဖခင်တွေရဲ့ အခန်းကဏ္ဍ ဟာ အရေးမကြီဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး… မိခင်လောင်းဖြစ်တဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ ရင်သွေးတွေကို ကိုးလလွယ် ဆယ်လဖွား… အပင်ပန်းခံ ပြုစုစောင့်ရှောက်ရသူတွေပါ။
  • အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အလုပ်နှစ်ခု သုံးခုကို တစ်ပြိုင်နက်လုပ်နိုင်ပါတယ်…. ဥပမာ ကလေးထိန်းတာ၊ ဟင်းချက်တာ ၊ ဖုန်းပြောတာ၊ အဝတ်လျှော်တာ ၊ TV က သတင်းကိုလှမ်းနားထောင်တာ စတာတွေကို တစ်ပြိုင်နက်လုပ်နိုင်တဲ့သူတွေပါ…..
  • အင်မတန်တော်တဲ့ ဆက်သွယ်ရေးအရာရှိတွေလဲဖြစ်ပါတယ်….ဘယ်နေရာ ဘယ်အချိန်မှာပဲဖြစ်ဖြစ် အဆင်ပြေပြေနဲ့စကားလက်ဆုံကြနိုင်ပါတယ်။
  • အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အလုပ်ကို လက်စပိုသတ်နိုင်ကြပါယ်…. အမျိုးသားအများစုဟာ သူတို့စိတ်ပါဝင်စားမှုမရှိတာ၊ ပထမ အကြိမ်စမ်းလုပ်ကြည့်တဲ့အချိန်မှာ အသိအမှတ်ပြုမခံရဘူးဆိုရင် လက်ရှောင်သွားတတ်ကြပါတယ်….. ဒါပေမယ့် အမျိုးသမီးတွေကတော့ သူတို့ အဆုံးသတ်ရမယ့်အလုပ်တွေကို ဆုံးခန်းတိုင်အောင်လုပ်တတ်ကြပါတယ်…..
  • အမျိုးသမီးတွေဟာ အသေးစိတ်ကအစ မှတ်ထားတတ်၊ မှတ်မိနေတတ်တဲ့ သူတွေပါ….. သူတို့ရဲ့ မှတ်ဥာဏ်ထဲမှာ to-do-list သေးသေးလေးတွေ ၊ Calendar သေးသေးလေးတွေအများကြီးရှိပါတယ်… ဈေးစာရင်းတွေ၊ မွေးနေ့တွေ ၊Anniversary နေ့တွေ အားလုံးကို အများဆုံးမှတ်မိနေတတ်တာ အမျိုးသမီးတွေပါ။
  • အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုအသက်ရှည်တတ်ပါတယ် ဘာလို့လဲဆိုတော့ သူတို့ဟာ ကျန်းမာရေကို အမျိုးသားတွေထက် ပိုလိုက်စားတဲ့သူတွေပါ…သူတို့ရဲ့ ကျန်းမာရေးအတွက် မသင့်တော်တဲ့ ကိစ္စတွေကို ရပ်ပစ်ဖိုပ ဝန်မလေးတတ်ပါဘူး…
  • သူတို့ဟာ အကြားအမြင်ဆရာမလေးတွေပါ….သူတို့ရဲ့ ကလေးငယ်လေးတွေ ဘာလို့ ငိုလဲ ဆိုတာ သူတို့ပဲသိပါတယ်…နောက် သူတို့ရဲ့ ချစ်သူ အမျိုးသားတွေ ခြေလှမ်းမမှန်တော့ဘူးဆိုရင်…. သူတို့ရဲ့ သူငယ်ချင်းဝမ်းနည်းနေရင်….အရင်သိတဲ့ သတိထားမိတာ အမျိုးသမီးတွေပါ……

နောက်တစ်ပတ်မှာလဲ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ထူးဆန်းတဲ့ အချက်တွေကို ဖော်ပြပေးသွားပါအုံးမယ်…..

Unicode…….


Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s