ချစ်သူလေးကို ချစ်ခွင့်ပန်တော့မယ်ဆိုရင်…..

Untitled design (15)

Zawgyi……

အခုဆိုရင် Valentine Day ကလဲ နီးကပ်လာပြီး ချစ်တတ်တဲ့ လူငယ်စုံတွဲလေးတွေကလဲ အမှတ်တရလက်ဆောင်လေး တွေပေးဖို့၊ လျှောက်လည်ဖို့ အစီအစဉ်တွေ စဆွဲနေပြီဖြစ်သလို နှစ်ယောက်တစ်ဘဝ ထူထောင်ကြတော့မယ် ချစ်သူစုံတွဲတွေကလည် ဝါမဝင်မီ မင်္ဂလာပွဲစီစဉ်ဖို့အတွက် အလုပ်တွေများနေကြမှာပါ…..

သူတို့တွေကိုကြည့်ပြီး ကိုယ်ချစ်တဲ့ကောင်မလေးကို ချစ်တယ်ဆိုလို့ဖွင့်မပြောရဲ၊ လက်ထပ်ခွင့်မတောင်းရဲတဲ့ ကိုကိုတွေ မောင်မောင်တွေအတွက်တော့ အားငယ်စရာပေါ့……

ချစ်ခွင့်ပန်တော့မယ် ဒါမှမဟုတ် လက်ထပ်ခွင့်တောင်းတော့မယ်ဆိုရင် အရေးအကြီးဆုံးတစ်ချက်က သေချာမှုပါ…. ဒီမိန်းကလေးကို ကိုတစ်ကယ်ချစ်ပြီလား….. သူဟာ ကိုယ့်ဘဝတစ်လျှောက်လုံး အကောင်းအဆိုး ကိုအတူရင်ဆိုင်သွားမယ့် လက်တွဲဖော်လား…. သူနဲ့သာဆိုရင် ဘာမဆိုရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်ပြီလား…. စတဲ့မေးခွန်းတွေနဲ့ ကိုယ့်ကိုကိုယ် သေချာအောင်ဆန်းစစ်ပါ….. မသေမချာမရေမရာနဲ့ ခဏတာ စိတ်ပျော်ရွှင်မှု အတွက်ပဲဆိုရင်တော့ တစ်ဘက်မိန်းကလေးအတွက် နစ်နာစေသလို ကိုယ်ကိုတိုင်အတွက်လဲ ကောင်းကျိုးမရှိ ပါဘူး…..ဒါကြောင့်ကိုယ့်စိတ်ကို ပိုင်နိုင်စွာ ဆုံးဖြတ်ပါ…. ဆုံးဖြတ်ချက်ခိုင်မာပါစေ…..

ကိုယ့်ဆုံးဖြတ်ချက်လည်း သေချာနေပြီဆိုရင်တော့ နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်က အရှိကိုအရှိအတိုင်း မြင်ခွင့်ပေးပါ။ ကိုယ့်ရဲ့ ဘဝနဲ့ပတ်သက်ပြီး ဟန်ဆောင်ထားမယ် လိမ်ညာထားမယ်ဆိုရင် ပထမပိုင်းမှာ အဆင်ပြေ ကောင်းပြေနိုင်ပေမယ့် နောက်ပိုင်းကြာလာတဲ့ အခါမှာ ချစ်သူနှစ်ဦးစလုံးကိုထိခိုက်စေပါတယ်… ဒါကြောင့်မို့ ချစ်တဲ့နေရာမှာ ….ဟန်မဆောင်ပါနဲ့

ချစ်ခွင့်ပန်တော့မယ်ဆိုရင် ကြိုတင်ပြင်ဆင်မှုကလည်း အရေးကြီး ပါတယ်…..ကိုယ်ဘယ်တော့လောက် ဖွင့်ပြောမှာလဲ…. ချစ်သက်တမ်းဘယ်လောက်အကြာမှာ လက်ထပ်ခွင့် တောင်းမှာလဲ ဆိုပြီး ကြိုတင်သတ်မှတ်ထားပါ…

ကိုယ့်ချစ်သူဟာ ဘယ်လိုပုံစံမျိုးဆိုတာကိုလည်းသိရှိထားရပါမယ်…. အနေအေးတဲ့ချစ်သူလား၊ သွက်သွက် လက်လက်လေးလား၊ စိတ်ကူးယဉ်ဆန်တဲ့ ချစ်သူလား၊ ဘယ်လိုအရာတွေကိုကြိုက်တတ်လဲ စတဲ့ အချက်တွေက လက်ထပ်ခွင့်၊ ချစ်ခွင့်ပန်တဲ့နေရာမှာ အများကြီးအထောက်အကူဖြစ်စေပါတယ်

ချစ်ခွင့်ပန်တဲ့ အခါမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဖြစ်အောင်ဖန်တီးပေးတာလဲ ကိုယ့်ရဲ့ချစ်သူအတွက် တစ်သက်တာ အမှတ်တရဖြစ်စေမှာပါ။  ချစ်ခွင့်ပန်တဲ့ ပုံစံတွေက ကိုယ်စိတ်ကူးရှိရင်ရှိသလိုဖန်တီးနိုင်ပါတယ်။ ဒါပေမယ့် စဉ်းစားရတာ idea မထွက်ဘူးဖြစ်နေတဲ့ သူတွေအတွက် ကိုယ့်ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့၊ ချစ်ခွင့်ပန်ဖို့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေကို ads.com.mm ကနေ ဝေမျှပေးသွားမှာပါ……..

(၁) Candle Light Dinner လေးဖန်တီးပါ…. စားသောက်ဆိုင်တစ်ဆိုင်ဆိုင်မှာ ဒါမှမဟုတ် ကိုယ်တိုင်ချက်ပြီး ကျင်းပနိုင်ပါတယ်။ ပိုပြီး စိတ်ကူးယဉ်ဆန်သွားအောင် သာယာညိမ့်ညောင်းတဲ့ တယောသံ ဒါမှမဟုတ် ညိမ့်ညောင်းတဲ့ ဂီတသံလေးရယ်နဲ့ သင့်ချစ်သူကို ချစ်ခွင့်ပန်နိုင်ပါတယ်။

(၂) ပထမဆုံးတွေ့ခဲ့တဲ့ နေရာ …… love at first sight တွေရှိသလို….. ပထမဆုံးဆုံတွေ့ခဲ့တဲ့နေရာလေးကို အမှတ်ရနေတဲ့ သူတွေအဖို့ အဲ့နေရာလေးမှာ အရင်က အမှတ်တရလေးတွေကိုပြန်ပြောင်းပြောရင်နဲ့ ရ ချစ်ခွင့်ပန်တာကလဲ အရမ်းကို romantic ဖြစ်စေပါတယ်။

(၃) အထိမ်းအမှတ်နေ့လေးတွေ. . . . . ချစ်သူနှစ်ဦးရဲ့ Anniversary Day မှာမမဟုတ်ပါဘူး…… April Fool, Birthday, Halloween, New Year Eve, Christmas, Valentine Day တွေမှာ လဲ Propose လုပ်လို့ရှိရင် အမှတ်တရ ပိုရှိစေမှာပါ….

(၄) သီချင်းလေးဆိုပြရင်း…… ဒါမျိုးလေးကို လူတော်တော်များများလုပ်ဖူးမှာပါ….. သီချင်းလေးဆိုပြနေရင် ဘာမှမပြောဘဲ ခဏရပ်လိုက်မယ် သူဘာမှန်းမသိဖြစ်သွားတဲ့အချိန်မှာ ချစ်ခွင့်ပန်လိုက်မယ်…..

(၅)  T Shirt လေးကို အောင်သွယ်ခိုင်းမယ်…… အပြင်သွားမယ်ပြီး ချစ်သူကိုခေါ်ထုတ်မယ်…. Will You Marry Me?  ဒါမှမဟုတ် Do you Love Me ? လို့ တံဆိပ်နှိပ်ထားတဲ့ စာတမ်းပါတဲ့ T Shirt လေးကိုဝတ်…. ပြီးရင်အပေါ်က နွေးထည်ဖြစ်ဖြစ် ကုတ်ဖြစ်ဖြစ်ဝတ်ပြီးဖွက်ထားမယ် ……. သူသတိမထားမိတဲ့ အချိန်မှာ အပေါ် အင်္ကျီလေးကိုချတ်ပြီး  Surprise Propose လုပ်နိုင်ပါတယ်…..

(၆) ပျော်ပွဲစားထွက်ရင်း ချစ်ခွင့်ပန်နိုင်ပါသေးတယ်….. ဒါလေးကတော့ ရိုးရှင်းတဲ့နည်းလေးပါပဲ….. ချစ်သူနဲ့ အတူတူ ပျော်ပွဲစားထွက်မယ်… လက်စွပ် ဒါမှမဟုတ် ချစ်သဝဏ်လွှာလေးကို  ချစ်သူစားမယ့် အသီးတစ်ခုခု ကိတ်တစ်ခုခုထဲမှာဖွက်ထားတာမျိုးလုပ်လို့ရပါတယ်

(၇) Radio အစီအစဉ်မှာ သီချင်းတောင်းပြီး ချုစ်ခွင့်ပန်တာမျိုးလည်းပြုလုပ်နိုင်ပါသေးတယ်….. ချစ်သူ နားထောင်နေကြ FM တစ်ခုခုမှာ သူကြိုက်တဲ့ သီချင်းလေးကို ကိုယ်တိုင်ဆိုပြတာ ဒါမှမဟုတ် သီချင်းတောင်းပြီး အစီအစဉ်လွှင့်နေစဉ် ဖုန်းဆက်ပြီး Live Proposal ပြုလုပ်နိုင်ပါတယ်….

(၈) Surprise Box ကို အလှဆင်ပြီး ချစ်သူရဲ့ အိမ်ရှေ့မှာ ချတားမယ်…..ကိုယ်က Box ထဲမှာ…. လက်ထပ်လက်စွပ်လေးကိုင်ပြီး ချစ်သူက Surprise Box ကို လာဖွင့်တဲ့အချိန်ကိုစောင့်နေမယ်…. တစ်ခုရှိတာက Box ကိုချစ်သူလေးကဲ့လာဖွင့်တဲ့ အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ဖို့တော့လိုတာပေါ့နော်…..

(၉) စာတမ်းလေးတွေချိတ်ဆွဲပြီးတော့လည်း Propose လုပ်လို့ရပါတယ်…. Will you Marry Me? Do you love me? စတဲ့ စာတမ်းပါတဲ့ vinyl လေးတွေကို ကိုယ်ချစ်သူ့ရဲ့ အိမ်ရှေ့ ဒါမမဟုတ် အခန်းရှေ့မှာ ချစ်သူအံ့အားသင့်သွားအောင် အလှဆင်ချိတ်ဆွဲပြီးလဲ ချစ်ခွင့်တောင်းခံနိုင်ပါတယ်…….

အခုပြောပြထားတဲ့ အချက်လေးတွေကို နမူနာယူပြီး ကိုယ့်ချစ်သူကို အမြန်ဆုံးဖွင့်ပြောလိုက်ပါ……..

Unicode……..


Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s