အောင်မြင်တဲ့သူတွေရဲ့ တနင်္လာ ……

Untitled design (14)

Zawgyi……..

စနေ၊ တနင်္ဂနွေပြီးလို့ တနင်္လာနေ့ရောက်ပြီဆိုရင် လူအများစုက အလုပ်သွားရမှာ လေးလံနေကြပါတယ်…. ရုံးပိတ်ရက်က အပျော်လေးတွေ အရှိန်မသေသေးတာလဲပါမှာပေါ့နော်….

ဒါပေမယ့် အောင်မြင်ဖို့ ကြိုးစားနေတဲ့သူတွေဟာ တနင်္လာနေ့ကို တွေးကြောက်နေမှာမဟုတ်ပါဘူး…..

ဒါကြောင့် အောင်မြင်ချင်သူတွေ… ကြိုးစားလိုသူတွေအတွက် တနင်္လာနေ့မှာ တက်ကြွစွာ လုပ်ငန်းခွင်ဝင်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို ads.com.mm က ဝေမျှပေးချင်ပါတယ်

(၁) စောစောထပါ….. တနင်္လလာနေ့ မနက်မှာ အားအင်အပြည့်နဲု့လုပ်ငန်းခွင်ဝင်နိုင်အောင် တနင်္ဂနွေနေ့ည ကို အပျော်လေးတွေ လက်စသတ်ပြီး စောစောအိပ်လိုက်ပါ။

(၂) လေ့ကျင့်ခန်းလုပ်ပါ…. တစ်ပတ်လုံးအတွက် လန်းဆန်းနေအောင် တနင်္လာနေ့ကစပြီး လေ့ကျင့်ခန်းလုပ် လိုက်ပါ။

(၃) မနက်စာ ဝဝ စားပါ….. ပြီးခဲ့တဲ့ ပိတ်ရက်မှာပုံနေတဲ့အလုပ်တွေ၊ အခုအပတ်မှာစလုပ်ရမယ့်အလုပ်တွေ ကြောင့် မနက်စာ ဝဝ စားပြီးဗိုက်ပြည့်နေမှ အလုပ်ထဲအာရုံစိုက်နိုင်မှာပါ။

(၄) ရုံးကိုစောစောသွားမှာ….. ရက်သတ္တပတ် တစ်ပတ်ရဲ့ အစမှာ အလုပ်နောက်ကျတာမကောင်းပါဘူး။ ကိုယ်ပြင်ဆင်ရမယ့်အလုပ်တွေကို အကောင်းဆုံးကြိုတင်ပြင်ဆင်နိုင်အောင် ရုံးကို စောစောသွားလိုက်ပါ။

(၅) ကိုယ့်ရဲ့နေရာနဲ့ အလုပ်စားပွဲကို ရှင်းလင်းပါ…. တစ်ပတ်လုံးကို စိတ်ကြည်ကြည်လင်လင်နဲ့ အလုပ် လုပ်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

(၆) မျှော်လင့်မထားတဲ့ လုပ်ငန်းဆောင်တာတွေအတွက် အသင့်ဖြစ်နေပါစေ…… ဘယ်အလုပ်မဆို ကိုယ့်ကိုကိုယ် လုပ်နိုင်မယ်လို့ ယုံကြည်ထားပါ။

(၇) နှုတ်ဆက်ပါ….. ကိုယ့်ရဲ့ အလုပ်ရှင် ၊ အထက်အရာရှိ ၊ လုပ်ဖော်ကိုင်ဘက်တွေကို ရုံးရောက်တာနဲ့ နှုတ်ဆက်လိုက်ပါ။

(၈)  To – do list ကို update လုပ်ပါ…… တစ်ပတ်အတွင်း လုပ်ဆောင်ရမယ့် လုပ်ငန်းတွေ ၊ ပြီးမြောက်အောင်ဆောင်ရွက်ရမယ့် အရာတွေ၊ Target တွေကို update လုပ်ပါ။

(၉) ပြီးခဲ့တဲ့ အပတ်က လုပ်ငန်းတွေရဲ့ အောင်မြင်မှု ၊ ပြီးမြောက်မှုကို သုံးသပ်ပါ။

(၁၀) Email စစ်ပါ….. ပိတ်ရက်မှာ ကိုယ့်ဆီ ဝင်လာတဲ့ email တွေကို စစ်ဆေးပါ။ အရေးကြီးတဲ့ Email တွေကို ချက်ချင်း ပြန်စာပို့ပါ။

(၁၁) ခက်ခဲတဲ့ အလုပ်ကို အရင်ပြီးအောင်လုပ်ပါ။

(၁၂) တတ်နိုင်သမျှ မငြင်းပါနဲ့….. တနင်္လနေ့မျိုးမှာ အလုပ်တွေပုံနေတတ်ပါတယ်… အလားတူပဲ ကိုယ့်ရဲ့ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဘက်တွေမှာလဲ အလုပ်တွေမနိုင်လို့ ကိုယ့်ကို အကူအညီတောင်းလာရင် တတ်နိုင်သမျှ ကူညီလိုက်ပါ။ ကိုယ်အရေးကြုံရင် သူတို့က ပြန်ကူညီပေးကြပါလိမ့်မယ်။

(၁၃) အာရုံစိုက်ပါ….. တနင်္လာနေ့ဖြစ်တာကြောင့် အာရုံလွင့်ပါးနေတတ်ပါတယ်။ အလုပ်ကို အမှားကင်းအောင် အာရုံစိုက်ပြီးလုပ်ပေးပါ။

(၁၄) မျှော်လင့်ချက်တွေနဲ့ အင်္ဂါနေ့ …… ကိုယ်မပြီးနိုင်တဲ့ အလုပ်တွေအတွက် အသက်ရူပေါက်အနေနဲ့ အင်္ဂါနေ့ ကိုပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့်မို့ အလုပ်တွေကို တတ်နိုင်သမျှတော့ ပြီးအောင်လုပ်လိုက်ပါ။ ဒီနေ့အလုပ် နောက်နေ့ရွှေ့တယ်လို့ သဘောမထားပါနဲ့။ လုံးဝ အပြီးမသတ်နိုင်တဲ့အဆုံးမှာ တစ်ချို့ ကိစ္စတွေကို အင်္ဂါနေ့မှာ ဆက်လုပ်မယ်လို့ ဆုံးဖြတ်လိုက်တာက စိတ်သက်သာရာရစေပါတယ်။

အားလုံးပဲ သာယာ ပျော်ရွှင်တဲ့ တနင်္လာနေ့လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ……..

Unicode…….


 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s