အိမ်ငှားတော့မယ်ဆိုရင်……

house rent for bee talke

Zawgyi………

နှစ်သစ်မှာ ဇနီးမောင်နှံနှစ်ဦး အိမ်ငှားတာဘဲဖြစ်ဖြစ် ၊ ကျောင်းသားကျောင်းသူ အဆောင်သူလေးတွေ စုပြီးပဲငှားငှား၊ မိသားစုနဲ့ပဲနေနေ၊ အိမ်ခန်းတစ်ခန်းငှားတော့မယ်ဆိုရင် သိရှိထားရမယ့် အချက်ကလေးတွေကို ads.com.mm ကနေ ပြောပြပေးပါမယ်…….

(၁) သုံးမယ့်ငွေ ပမာဏကို သတ်မှတ်ပါ…..

ကိုယ့်ဝင်ငွေရဲ့ လစဉ် ၃၀% ကိုအိမ်ငှားဖို့အတွက် ပုံမှန်စုဆောင်းထားပါ။ ကိုယ်စုထားတဲ့ ငွေပမာဏ နဲ့ ကိုက်ညီမယ့် အိမ်မျိုးကိုရွေးချယ်ပါ။ အိမ်ခန်းကျယ်လို့ ပိုက်ဆံပိုပေးရယ်ဆိုရင် ကိုယ်အတွက် တန်မတန်၊ နေရာ အကျယ်လိုမလို ပြန်လည်တွက်ချက်ပါ။

(၂) နေရာရွေးပါ

အိမ်ငှားတော့မယ်ဆိုရင် Free Classified website တွေ၊ ဂျာနယ်တွေက အခမဲ့ကြော်ငြာကဏ္ဍတွေ မှာရှာကြည့်ပါ။ အိမ်ရှင်အိမ်ငှား တိုက်ရိုက်ချိတ်ဆက်တဲ့နေရာတွေ ဖြစ်တဲ့အတွက် အပိုဝန်ဆောင်ခ ပေးရတာ သက်သာ စေပါတယ်။ အိမ်ရဲ့ တည်နေရာ ၊ သွားရေးလာရေး ၊ ဈေးဆိုင် ၊ ကျောင်း ၊ ဆေးရုံ ဆေးခန်း စတဲ့ အရာတွေဟာလည်း အိမ်ငှား တော့မယ်ဆိုရင်ထည့်သွင်းစဉ်းစားရမယ့်အရာတွေဖြစ်ပါတယ်။ ကိုယ်ငှားနေမယ့် အိမ်ပတ်ဝန်းကျင် ကိုလည်း သေချာ လေ့လာရပါမယ်။

(၃) အချက်အလက်များစုဆောင်းပါ

ကိုယ်ငှားနေမယ့်အိမ်ရဲ့ အိမ်ရှင်လိပ်စာ၊ ဖုန်းနံပါတ်၊ အလုပ်အကိုင်တွေကိုသေချာမှတ်ထားရပါမယ်။ ဒါ့အပြင်ကိုယ့်ရဲ့ဖုန်းနံပါတ် ၊ ရုံးလိပ်စာ စတာတွေကိုလည်း အိမ်ရှင်ကို ယုံကြည်မှုတစ်ခုရှိစေဖို့ ပေးထားသင့်ပါတယ်။ နောက်ပြီး အိမ်ရှင်နဲ့ မြေရှင်ဟာ တစ်ယောက်ထဲ မဟုတ်ခဲ့ဘူးဆိုရင် မြေရှင်ရဲ့ ဖုန်းပဲဖြစ်ဖြစ် သိထားသင့်ပါတယ်။

(၄) အိပ်ငှားရာမှာ ပါဝင်မယ့်အရာတွေကို ရှင်းလင်းအောင်လုပ်ထားပါ

ရေ၊ မီး ၊ လေအေးပေးစက် ၊ အပူပေးစက်၊ TV Channel ၊ Internet Connection စတဲ့ အရာတွေကို ပါမပါ စစ်ပြီး စာချုပ်ချုပ်တော့မယ်ဆိုရင် ယင်းအချက်တွေကိုပါ ထည့်ရေးပါ။ အိပ်ငှားခအပြင် အပိုဝန်ဆောင်မှု ပေးချေတဲ့နေရာမှာ တိတိကျကျ ကွဲကွဲပြားပြားသိသာစေပါတယ်။

(၅) အိမ်ကိုသွားစစ်ဆေးပါ

အိမ်ငှားခ၊ တည်နေရာ စတဲ့နေရာတွေ စိတ်ကြိုက်ဖြစ်ပြီဆိုရင် ကိုယ့်ငှားနေမယ့်အခန်း၊ အိမ်ကို တစ်ခါ လောက်တော့သွားရောက်စစ်ဆေးသင့်ပါတယ်။

  • ဂတ်စ်ပိုက်၊ရေပိုက် တွေကောင်းမကောင်း
  • ရေပိုက်ခေါင်း၊ဘုံဘိုင်၊ဘေစင်တွေကောင်းမကောင်း
  • လျှပ်စစ်မီးကြိုးတွေ၊ ဝါယာကြိုးတွေ ပေါက်နေတာ၊ ပျက်ဆီးနေတာရှိမရှိ
  • ပြတင်းပေါက် ၊တံခါး၊နံရံတွေ ကောင်းမကောင်း၊ လုံခြုံမှုရှိမရှိ
  • ပြင်ပဆူညံသံ (ကျောင်းသားလူငယ်တွေပါနေမယ်ဆိုရင် ပြင်ပဆူညံသံများတဲ့နေရာဟုတ်မဟုတ် ဆိုတာလဲ အဓိကထားစစ်ဆေးသင့်ပါတယ်)

(၆) စာချုပ်မချုပ်ခင် သေချာဖတ်ပါ

  • အိမ်စငှားတဲ့ရက်နှင့် စာချုပ်ပြည့်တဲ့ရက်
  • အိမ်ငှားခနဲ့ စပေါ်ငွေ
  • အိမ်ငှားနေတဲ့ အတောအတွင်း ကိုယ့်ဘက်က တာဝန်ယူရမယ့်အပိုင်းတွေ ( ဥပမာ- အိမ်မှာ တခုခု ချို့ယွင်းလို့ကုန်ကျမယ့်ပြင်ဆင်စရိတ်ကိုတာဝန်ယူရန်လိုမလို)
  • လွဲပြောင်းငှားရမ်းခွင့်ပြုမပြု
  • ညအိပ် ဧည့်သည်လက်ခံခွင့်ပြုမပြု စတဲ့ အချက်တွေကို သေချာစစ်ဆေးဖတ်ရှု့ရပါမယ်။

(၇) ဆုံးဖြတ်ချက်ချပါ

ကိုယ့်စိတ်ကျေနပ်တဲ့အထိ အားလုံးစစ်ဆေးပြီးသွားပြီဆိုရင် အိမ်ရှင်နဲ့အတူ တာဝန်ခွဲဝေယူရမယ့်အပိုင်းတွေ၊ နောက်ပိုင်းစာချုပ်ချုပ်ဆက်ချုပ်ရင် ဈေးအပြောင်းအလဲ ရှိမရှိ၊ စတာတွေကိုသေချာရှင်းလင်းအောင်လုပ်ပြီး ငှားရမ်းရမှာပဲဖြစ်ပါတယ်။

Unicode……..

















Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s