တစ်လအတွင်း ကိုယ့်ကိုကိုယ် အသစ်ဖြစ်အောင်ဘယ်လိုနေထိုင်မလဲ……

 

Untitled design

Zawgyi…………………..

ရက်တစ်ရက်၊ လတစ်လ၊ နှစ်တစ်နှစ် ကုန်သွားတာနဲ့အမျှ လူတော်တော်များများဟာ စိတ်သစ်လူသစ်နဲ့ နေမယ်ဆိုပြီးဆုံးဖြတ်ချက်ချတတ်ကြပါတယ်……

ဒီလိုမျိုး စိတ်သစ်လူသစ်နဲ့ ဘဝ ကိုလျှောက်လမ်းနိုင်မယ့်နည်းလမ်းတွေဆိုရင် ads.com.mm ရဲ့ပရိသတ်တွေအနေနဲ့ စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်….

အခုဆိုရင် ၂၀၁၆ ခုနှစ်ရဲ့ ဇန်နဝါရီလကလည်းကုန်တော့မယ်ဆိုတော့ ရှေ့လမှာ စိတ်သစ်လူသစ်နဲ့ နေထိုင်နိုင်မယ့်နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်……

ပထမဆုံးအပတ် (First Week) ကနေစတင်ပြီး……………ကိုယ့်ရဲ့စိတ်နဲ့ ခန္ဓာကို အကြည်စင်ဆုံးဖြစ်အောင်နေထိုင် ရပါမယ်….. ဒီလိုနေထိုင်ဖို့အတွက်ဆိုရင်…….

(၁) မနက်စောစောထပါ။

အနည်းဆုံးမနက် (၆) နာရီဝန်းကျင်လောက်ထပါ။ မနက်စောစောထတဲ့အတွက် ကိုယ်ပိုင် သီးသန့်အချိန် ပိုထွက်လာပါမယ်။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ၊ အလုပ်ကိစ္စတွေအတွက်ပြင်ဆင်တဲ့အခါမှာ ကိုယ်ရဲ့ အိမ်သားတွေဟာ အိပ်စက်နေတုန်းအချိန်ဖြစ်မယ်ဆိုရင် အနှောက်အယှက် ကင်းကင်းနဲ့တစ်ယောက်ထဲအေးအေး ဆေးဆေး လုပ်နိုင်ပါလိမ့်မယ်။ မနက်စောစောထထားတဲ့အတွက်ကြောင့် တစ်နေ့တာလုပ်ငန်းဆောင်တာအတွက် အတွေး တွေဟာလန်းဆန်း နေပါလိမ့်မယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ဖို့ အချိန်လဲပိုရပါတယ်။ ဒါပေမယ့်အိပ်ယာ စောစောထ ဖို့ဆိုရင် တော်တော်များများက မထနိုင်ဘူး ပင်ပန်တယ်လို့ ပြောကြပါလိမ့်မယ်။ ဒီလိုဖြစ်တာဟာာ တကယ်တမ်းကျတော့ ပင်ပန်းလို့ ပျင်းလို့မဟုတ်ပါဘူး။ မသိစိတ်ထဲကနေ အိပ်ယထလိုက်ပြီဆိုတာနဲ့ ကြုံတွေ့ရမယ့် Stress ၊ နေ့စဉ် လှုပ်ရှားမှုတာဝန်တွေ ( ကားပိတ်တာ၊ အလုပ်သွားရမှာ၊ ရာသီဥတုအခြေအနေ) စတဲ့ အကြောင်းအရာ တွေကို ရင်မဆိုင်ချင်တာကြောင့်ပါ။ ဒါကြောင့်မို့ ကိုယ့်ရဲ့ အတွေးကိုပြောင်းလိုက်ပါ။ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်နေတဲ့ နေ့တစ်နေ့စတင်ပြီလို့တွေးပြီး အိပ်ယာထဲကနေမြန်မြန်ထွက်လိုက်ပါ……

(၂) ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသောက်ပါ

ကိုယ်စားသုံးလိုက်တဲ့ အစားအစာတွေရဲ့အဟာရတန်ဖိုးဟာ ကိုယ်ရဲ့ မကောင်းတဲ့အကျင့်တွေဖြစ်တဲ့ အရက်၊ ဆေးလိပ်၊ သရေစာ၊ ဆီကြော်စတာတွေကို စားသုံးတဲ့အတွက် ပျက်စီးသွားတဲ့ ခန္ဓာကိုယ်ရဲ့ အားအင်တွေကို ပြန်လည် ဖြည့်တင်းပေးလိုက်ရပါတယ်။ ဒါကြောင့်မို့ ဆေးလိပ် ၊ အရက် နဲ့ Junk Food တွေကို တတ်နိုင်သမျှရှောင်ပါ။ အိပ်ယာ မဝင်ခင် အစားတွေအများကြီးစားတာလျှော့ပါ။ ကိုယ့်ရဲ့ ခန္ဓာကိုယ်က ပြောတဲ့စကားကိုနားထောင်ပါ။ အဆီတွေတက်လာပြီလား၊ ကိုယ်အလေးချိန်တက်လာပြီလား၊ ဗိုက်မှာအဆီတွေစုနေပြီလား…. အဲ့လိုပြောတဲ့စကားလေး တွေကို နားထောင်ပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်စားသောက်ပါ။

(၃) အားကစားလုပ်ပါ

လေ့ကျင့်ခန်းလုပ်ဖို့ မပျင်းပါနဲ့။  လေ့ကျင့်ခန်းလုပ်ဖို့ သီးသန့် အချိန်မပေးနိုင်ရင် ရရင်ရသလို ကိုယ်လက်လှုပ်

ရှားမှု လုပ်ပေးပါ။ အပြင်သွားခါနီ အားလုံးပြင်ဆင်ပြီးတဲ့အချိန်မှာ မှန်ရှေ့မှာကပေးတာမျိုး၊ ဓာတ်လှေကားမသုံးဘဲ လှေကားကိုသုံးတာ၊ လမ်းလျှောက်ပေးတာတွေလုပ်လို့ရပါတယ်။

ဒုတိယအပတ် ကနေစတင်လုပ်ဆောင်ရမှာက……………ကိုယ့်ရဲ့ သီးသန့်ဘ၀ ကို တည်ဆောက်ပါ

(၁) ကိုယ့်အိပ်ခန်း ကိုယ့်နေရာကို ရှင်းလင်းလိုက်ပါ

ကိုယ့်အိပ်ခန်း၊ ဘီဒို ၊ စားပွဲ စတဲ့နေရာတွေမှာ မလိုတဲ့ပစ္စည်းတွေ အမှိုက်တွေနဲ့ပြည့်နေရင် သေးသေးလေးကအစ ရှင်းထုတ်လိုက်ပါ။ ကိုယ်အတွက် အသုံးလိုတဲ့အရာဟုတ်မဟုတ်ဆိုတာသေချာဆုံးဖြတ်ပါ။ ဥပမာ- ရည်းစားဟောင်းက ပေးထားတဲ့ အရုပ် ၊ Post card စတာတွေကို လွှတ်ပစ်လိုက်ပါ။ ကိုယ့်အခန်းတစ်ခုလုံးကို အသစ်ဖြစ်အောင်ထားပါ။ အတိတ်ဟောင်းတွေ အမှတ်တရဟောင်းတွေကို ဖယ်ထုတ်လိုက်ပါ။

(၂) ကိုယ့်နဲ့ ကိုယ့်မိသားစု အတွက် လုပ်ရမယ့် ကိစ္စတွေကိုတန်းစီချရေးပါ

ငါဟာ အင်္ဂလိပ်စာကို ဘယ်လောက်လေ့လာပြီးပြီလဲ? အဖိုးအဖွားတွေဆီ ဒီလမှာ ဘယ်နှစ်ခါသွားပြီးပြီလဲ? မိသားစုအတွက် အချိန်ဘယ်လောက်ပေးမလဲ၊ ပိုက်ဆံဘယ်လောက်စုမလဲ စတဲ့ အကြောင်းအရာတွေကို ချရေးပါ။ ပြီးရင် အရင်ဆုံးလုပ်ရမယ့်အလုပ် တွေကို အမြန်ဆုံးဆောင်ရွက်ပါ၊

(၃) အပျော်အပါးတွေကို လျော့ချပါ

ကိုယ့်ကိုစိတ်အနှောက်အယှက်ပေးတဲ့သူ စိတ်ကသိကအောက်ဖြစ်စေပြီး အကျိုးမရှိတဲ့ အပေါင်းအသင်းမျိုးဆိုရင် ချက်ချင်းအဆက်အသွယ်ဖြစ်လိုက်ပါ။ ကိုယ့်ကို တိုက်ခိုက်နေတာ ၊ မကောင်းပြောဆိုနေတာ ၊ ကိုယ်အတွက် အကျိုးမရှိဘူးလို့ ထင်တဲ့သူ တစ်ယောက်အတွက်နဲ့ သင့်ရဲ့ စိတ်နဲ့ အချိန်တွေကို အကုန်မခံပါနဲ့။

တတိယ အပတ်ရောက်ရင်တော့  အစီအစဉ်ချမှတ်မယ်၊ အောင်မြင်အောင်လုပ်မယ်၊ ရည်းမှန်းချက်ထားမယ်

(၁) တစ်ပတ်စာ လုပ်ရမယ့်အစီအစဉ်တွေကိုချရေးပါ၊ ဘယ်အလုပ်ကို အရင်လုပ်ရမလဲဆိုတာပါ အစီအစဉ်ချပါ။ ပြီးရင်စာရင်းထဲကနေ ခြစ်ထုတ်ပါ။ ကိုယ်ပြီးထားတဲ့ အလုပ်လေးတွေကို မြင်ရတဲ့အခါမှာ နောက်အလုပ်တွေကို လုပ်ဖို့ပိုပြီးစိတ်ဓာတ်တက်ကြွပါလိမ့်မယ်။ အနာဂါတ်အတွက် ရည်မှန်းချက်တွေကိုလည်း ချရေး ထားပါ။ ရည်မှန်းချက်တွေပြည့်ဖို့အတွက် နေ့စဉ်လုပ်ဆောင်မှုတွေဟာ အရေးကြီးတဲ့ အခြေခံ အချက်တွေပါ။ ဒါ ကြောင့်နေ့စဉ် လုပ်ဆောင်မှုတွေကိုပါ ချရေးပြီး Plan ချထားပါ။

နောက်ဆုံးအပတ်မှာတော့ ကိုယ့် Social Life ကိုကျယ်ပြန့်အောင်ဆောင်ရွက်ရပါမယ်

(၁) သမရိုးကျ ပုံစံကနေခွဲထွက်ပါ

ပုံမှန်ထိုင်နေကျ ကော်ဖီဆိုင် ၊ မုန့်ဆိုင်တွေ ၊ စာအုပါအငှားဆိုင် အပြင် တခြားဆိုင်တွေကို သွားပါ။ မိတ်ဆွေသစ် တွေထပ်တိုးလာပါ လိမ့်မယ်။ အသစ်အဆန်းတွေလုပ်ရတဲ့အတွက် အမြင်သစ် အတွေးသစ်လည်းဖြစ်ပေါ်စေပါတယ်။

(၂ ) သက်တောင့်သက်သာ ဖြစ်စေတဲ့ အရာတွေကိုရှောင်ပါ

ဆိုလိုတာကတော့ ကိုယ့်ရဲ့ အထက်လူကြီးနဲ့ စကားပြောနေကျ မဟုတ်ဘူးဆိုရင် အလုပ်ကိစ္စ၊ Project Proposal တစ်ခုခုအကြောင်း အစရှိတဲ့အရာတွေကို သွားရောက်တင်ပြပါ၊ အလုပ်နဲ့ ပတ်သက်ပြီး ပြင်ပမှာ သွားရောက်ဆက်သွယ် ပြောဆိုရမယ့် ကိစ္စတွေရှိရင် သွားရောက်တွေ့ဆုံပါ။ အခုလိုပြုလုပ်ပေမယ်ဆိုရင် ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုရှိပြီး မိမိရဲ့ ပေါင်းသင်းဆက်ဆံမှု အရည်အသွေးတွေတိုးတက်လာပါလိမ့်မယ်။

(၃) အနားယူပါ

အလုပ်တွေကြိုးစားနေရုံနဲ့ အောင်မြင်မှာ မဟုတ်ပါဘူး။  Wifi တွေ၊ Mobile၊ TV တွေ နဲ့ဝေးရာ ပတ်ဝန်းကျင်ကောင်းကောင်းလေးတစ်ခုမှာ တစ်လ တစ်ခါလောက်အားလုံးကိုမေ့ပြီးအနားယူလိုက်ပါ။ အနားယူလိုက်တာဟာ ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ဖို့ အချိန်ပေးရာရောက်ပြီး ရှေ့ဆက်ရမယ့် ဘဝ ခရီးအတွက် အတွးသစ် အမြင်သစ်တွေကို ရရှိစေပါတယ်။

အခုပြောပြထားတဲ့ နည်းလမ်းလေးတွေအတိုင်း ဖေဖော်ဝါရီလကနေ စတင်ပြီး အသစ်အသစ်တွေဖန်တီးလိုက်ရအောင်

Unicode……………………..















(၂) ကိုယျ့နဲ့ ကိုယျ့မိသားစု အတှကျ လုပျရမယျ့ ကိစ်စတှကေိုတနျးစီခရြေးပါ













Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s