ကျွန်တော်ချစ်တဲ့သူမှာ ချစ်သူရှိတယ်…. ဆိုရင်

Untitled design (11)

Zawgyi……………….

အခုတလော Online မှာ လူငယ်တွေကြာမှာ တော်တော် ခေတ်စားလာတဲ့ စကားလုံးလေးက “Crush” ဆိုတဲ့စကားလုံး လေးပါ…..

Crush ဆိုတဲ့ အသံလေးကြားလိုက်တာနဲ့ တစ်စုံတစ်ယောက်ရဲ့ နာမည်ကို စိတ်ထဲက တိုးတိုးလေးခေါ်မိနေတတ်မှာ ပါဘဲ….

ကိုယ်စိတ်ဝင်စားနေတဲ့  Cursh လေးက ကိုယ့်ကိုပြန်စိတ်ဝင်စားမယ်ဆိုရင်လဲ အတိုင်းမသိပျော်ရွှင်တတ်ကြပါတယ်….

ဒါပေမယ့် ကံတရားနဲ့ ဖူးစာဆိုတာ အင်မတန်ဆန်းကြယ်တဲ့ အရာပါ……

ကိုယ့်ရဲ့ Crush ဆီမှာ ကိုယ်မဟုတ်တဲ့ အခြားတစ်ယောက်ရှိနေရင်……. အခြားတစ်ယောက်နဲ့တွဲနေတာကိုမြင်လိုက် ရင်…..

ကဲ ….. ဒီလိုအခြေနေကို ဘယ်လိုကျော်ဖြတ်မလဲ….. ရင်ဆိုင်မလဲ…….

(၁) စိတ်ကိုငြိမ်အောင်လုပ်ပါ….. ကိုယ့် Crush ကို တစ်ခြားသူတစ်ယောက်နဲ့ တွဲသွားတာမြင်လိုက်ရင် အနည်းနဲ့အများ တော့စိတ်ထိခိုက်ကြရမှာပါ…. ဒါကြောင့် ကိုယ့်စိတ်ကို ထိန်းပြီး တည်ငြိမ်အောင်လုပ်ပါ…..

(၂) သူတို့ကို မမြင်နိုင်တဲ့ တစ်နေရာရာကို ခဏဘဲဖြစ်ဖြစ်ထွက်သွားလိုက်ပါ… စိတ်သက်သာရာ ရစေပါတယ်….

(၃) ပုံမှန်နေရာကိုပြန်သွားပါ…. ကိုယ်ဟာ ခုနက သူတို့အတူတူရှိနေတယ်ဆိုရင် စိတ်တည်ငြိမ်သွားတဲ့အချိန်မှာ ပြန်သွားလိုက်ပါ….ဒီလိုမျိုးလုပ်တဲ့နေရာမှာဘယ်သူတစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းချက်မှမပါဘဲ ကိုယ့်ရဲ့ဆုံးဖြတ်ချက် အတိုင်းလုပ်ခြင်းသာဖြစ်ပါစေ…. အခုလိုမျိုး အံဝင်ခွင်ကျဖြစ်အောင်ပြန်သွားတာက ကိုယ့်ရဲ့imageကို ထိန်းသိမ်းရာလဲ ရောက်ပါတယ်။

(၄) ဆုံးဖြတ်ချက်ချပါ….. ကိုယ်ဆက်ကြိုးစားမှာလား….နောက်ဆုတ်မှာလား တစ်ခုခုကိုရွေးချယ်ပါ…..ဆက်ကြိုးစားမယ် ဆိုရင် ကိုယ်စိတ်ဝင်စားနေတာကို သူသိအောင်လုပ်ပါ…. သဲလွန်စပေးပါ….. ( မျက်လုံးအကြည့်ခဏခဏဆုံပေးတာ…. ဂရုစိုက်ပေးတာ စသဖြင့်ပေါ့ ) … သူငယ်ချင်းအဖြစ်ဆက်နေပါ….နောက်ဆုတ်တော့မယ်ဆိုရင်တော့ သူ့အကြောင်းကို နောက်ထပ်မတွေးမိအောင် ကိုယ့်စိတ်ကို ကိုယ်ထိန်းပါ….

(၅) ဘယ်ဆုံးဖြတ်ချက်ကိုပဲချချ ဖြစ်လာမယ့်အကျိုးဆက်နဲ့ ရလဒ်ကိုကြိုတွက်ထားပါ……

(၆) ဆက်ကြိုးစားမယ်လို့ဆုံးဖြတ်လိုက်ရင်လဲ သူ့တစ်ယောက်ထဲအတွက်နဲ့ ကိုယ့်ဘဝရဲ့ အချိန်တွေကို အဆုံးရှုံးမခံပါနဲ့။ လက်တွေ့ဆန်ပါ….ဘဝမှာ Crush ထက်အရေးကြီးတဲ့အရာတွေအများကြီးတယ်ဆိုတာမမေ့ပါနဲ့။

(၇) သတိပြုရမယ့်အချက် ကတော့  မိန်းကလေးပဲ ဖြစ်ဖြစ် ယောင်္ကျားလေးပဲဖြစ်ဖြစ် သူမဟုတ်တဲ့ အခြားသူတွေ အများကြီး ရှိပါတယ်… သူမှမဟုတ်ရင်ဒီတစ်သက် ဘယ်သူ့ကိုမှ မချစ်နိုင်တော့ဘူးလို့တောင်ခံစားသွားရနိုင်ပါတယ်…. ဒါပေမယ့် စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ပါ……

(၈) လုံးဝ မေ့မထားသင့်တဲ့ အချက်တစ်ချက်ကတော့ တစ်ဖန်ပြန်လည်ချစ်တတ်ဖို့ ပါပဲ….လူတိုင်းဟာအချစ်နဲ့ ပတ်သက်ရင်ထိခိုက်မှုလေးတွေတော့ရှိတတ်ကြပါတယ်….. ဒါကိုကြောက်ပြီး ဆက်ချစ်ဖို့ဝန်လေးနေမယ်ဆိုရင် အထီးကျန်ပိုဆန်လာပါလိမ့်မယ်… ဒါကြောင့်မို့ ကိုယ့်နှလုံးသားတံခါးကို အမြဲဖွင့်တတ်ထားပါ…..

လူတိုင်းသာယာပျော်ရွှင်တဲ့ relationship ကိုပိုင်ဆိုင်ပြီး နှလုံးသားတွေ နွေးထွေးနိုင်ပါစေလို့ ads.com.mm က ဆုတောင်းပေးလိုက်ပါတယ်…..

Unicode…………………..


Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s