စာမေးပွဲအတွက် စိတ်ဖိစီးမှု ကင်းအောင် …..

Untitled design (5)

Zawgyi

အခုဆိုရင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုတော့မယ့် ကျောင်းသားကျောင်းသူတွေ၊ တက္ကသိုလ် ကျောင်းသားကျောင်းသူတွေကို စာမေးပွဲဆိုတဲ့ မိတ်ဆွေကြီးက တံခါး ခေါက်နေပါပြီ။စာတွေဘယ်လောက်ပိုင်နေပြီပြောပြော စိတ်ဖိစီးမှုကတော့ အနည်းနဲ့အများ ရှိနေကြ မှာပါ….

စာမေးပွဲနဲ့ ပတ်သက်ပြီး စိတ်ဖိစီးရတဲ့ အဓိက အကြောင်းအရင်းတွေဟာ စာသင်ချိန်မှာ တက်တက်ကြွကြွနဲ့ စိတ်ပါဝင်စားမှုမရှိခြင်း၊ စာမေးပွဲနဲ့ ပတ်သတ်ပြီးကြိုတင်ပြင်ဆင်ထားမှုမရှိခြင်း၊ မိဘ၊ဆရာသမားတွေရဲ့ဖိအားပေးခြင်းနဲ့ ပြိုင်ဘက်တွေရဲ့ဖိအားတွေကြောင့်ပဲဖြစ်ပါတယ်……

ဒါကြောင့် ပွဲမ၀င်ခင် အပြင်ကကျင်းပဆိုသလို စာမေးပွဲကို စိတ်ဖိစီးမှုကင်းကင်းနဲ့ အကောင်းဆုံး ကျော်လွှား နိုင်မယ့်နည်းလမ်းကောင်းတွေကို ads.com.mm  က ဖော်ပြပေးလိုက်ပါတယ်….

၁. သီချင်းနားထောင်ပါ

သီချင်းနားထောင်တာဟာ စိတ်ဖိစီးမှုလျော့ချဖို့အတွက် အကောင်းဆုံးနည်းလမ်းပါ၊ သီချင်းအမျိုးအစား အများကြီးထဲကမှ Classical Music အမျိုးအစား ကိုပိုနားထောင်ဖို့ အကြံပေးခြင်ပါတယ်။

၂. လမ်းလျှောက်ပါ

ကျောင်းသားလူငယ်အများစုဟာ စာမေးပွဲနီးပြီဆိုတာနဲ့ စာအုပ်ထဲခေါင်းစိုက်နေတတ်ပါတယ်။ စာတစ်ချိန်လုံး လုပ်နေမယ့်မစား စိတ်ပြေလက်ပျောက် လမ်းလျှောက်ပေးပါ။ လမ်းလျှောက်တာက လေ့ကျင့်ခန်းလုပ်တာက ဦးနှောက်မှတ်ဥာဏ်စွမ်းရည်ကို တိုးတက်စေပါတယ်.

၃. စာလုပ်ဖို့အတွက် အစီအစဉ်ချပေးပါ

အိပ်ယာထချိန်၊ စာလုပ်ချိန် ၊ အနားယူချိန် ၊ ရက်အလိုက် လေ့လာမယ့် ဘာသာရပ် ဆိုပြီး အချိန်ဇယားလေးဆွဲပြီး လုပ်ဆောင်ပါ၊ ကိုယ်သတ်မှတ်ထားတဲ့ ဇယားအတိုင်းဝင်အောင် လုပ်ဖို့ကိုယ့်ကိုကိုယ် ကတိပေးပါ။

၎. ပါပီလေးတွေနဲ့ ကစားပါ

ပါပီလေးတွေနဲ့မှ မဟုတ်ပါဘူး ကိုယ့်အချစ်တော် ကြောင်လေးတွေ ၊ ယုန်လေးတွေ စတဲ့ အိမ်မွေး အချစ်တော်လေးတွေနဲ့ ခဏလောက် အချိန်ဖြုန်းပေးပါ။ ပြီးမှ စာပြန်လုပ်ပါ။ စိတ်ရွှင်လန်းပြီ စာလုပ်လို့ပိုကောင်းပါလိမ့်မယ်။

၅. ညဘက်အိပ်ရေး၀၀ အိပ်ပါ

စာမေးပွဲ နီးလာတာနဲ့ အိပ်ချိန်လျှော့ပစ်တာမျိုးကို မလုပ်မိပါစေနဲ့။ ပုံမှန်အိပ်ယာဝင်ပါ။ ညဘက်နောက်ကျတဲ့အထိ စာလုပ်ပြီး နေ့ဘက်ပြန်ထတာဟာ မှတ်ဥာဏ်စွမ်းအားကိုလျော့ကျစေပါတယ်။ စာမေးပွဲရှိတဲ့နေ့တွေမှာ ညဘက်ကိုခပ်စောစောလေး အိပ်ယာဝင်မယ်ဆို မနက်စာမေးပွဲခန်းထဲမှာ ကိုကျက်ထားတဲ့စာတွေကို အလွယ်တကူပြန်မှတ်မိစေပါတယ်။ ပုံမှန်လေးစာကျက်ထားဖို့လဲလိုတာပေါ့….

၆. အကျိုးရှိမယ့် Mobile Application တွေသုံးပါ

အခုခေတ်မှာရေစီးကြောင်းအရ Mobile တွေကို ကျောင်းသားလူငယ်တွေအသုံးပြုနေကြပြီဆိုတော့ အချိန်ပြည့် ဂိမ်းဆော့တာတွေ၊ Facebook ကြည့်တာတွေလုပ်နေမယ့်အစား ကိုယ့်အတွက် အကျိုးရှိမယ့် Mobile Apps တွေသုံးပေးပါ။

၇. စိတ်ကို သက်တောင့်သက်သာ ဖြစ်အောင်ထားပါ

ပုံမှန်တရားမှတ်ပေးတာဟာ စိတ်ငြိမ်းချမ်းစေတဲ့အပြင် မှတ်ဥာဏ်စွမ်းအားကိုတိုးတက်စေပြီး အာရုံစူး စိုက်မှုပို ကောင်းစေတဲ့အတွက် စာသင်ကြားမှုအတွက်ကော စာမေးပွဲအတွက်ပါကောင်းမွန်စေပါတယ်။

၈. Dark Chocolate စားသုံးပေးပါ

ချောကလက်စားသုံးပေးခြင်းက စိတ်ဖိစီးမှုကို ၇၀% လျော့ကျစေပါတယ်။

၉. ရင်ဖွင့်ပါ

စိတ်ထဲမှာမွန်းကျပ် နေတာတွေကို မိသားစုဝင်တွေ ၊ သူငယ်ချင်းတွေကိုရင်ဖွင့်လိုက်ပါ။ မိဘတွေကို ကိုယ့်ရဲ့ စာမေးပွဲ၊ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီးရင်ဖွင့်တာက ကိုယ့်အတွက်အကောင်းဆုံး အကြံဥာဏ်နဲ့ တွန်းအားတွေရစေပါတယ်။ ဘယ်သူ့ကိုမှ ရင်မဖွင့်ချင်ဘူးဆိုရင် သီချင်းအကျယ်ကြီး အော်ဆိုပြီးလည်း ထွက်ပေါက်ရှာနိုင်ပါတယ်။

၁၀. အာရုံစူးစိုက်မှုအတွက် အနှောက်အယှက်ဖြစ်စေမယ့် အရာတွေကို ဝေးဝေးရှောင်ပါ

အဓိကပြောချင်တာ Social Network နဲ့ ဂိမ်းတွေပါ။ တစ်နေ့တစ်နေ့ Facebook , Instagram သုံးတာ၊ တယ်လီဖုန်းပြောတာ၊ ဂိမ်းဆော့တာတွေကို လျော့ပါ။ ခဏလေးသုံးတာဆိုပေမယ့် အဲ့ဒီခဏလေးတွေကိုပေါင်းလိုက်ရင် ကုန်သွားတဲ့ အချိန်တော်တော်များပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်စိတ်ကိုယ် အတတ်နိုင်ဆုံးထိန်းစေချင်ပါတယ်။

အခုပြောပြထားတဲ့ နည်းလမ်းလေးတွေကို လိုက်နာမယ်ဆိုရင် စာမေးပွဲကို အကောင်းဆုံးကျော်လွှားနိုင်ဖို့အတွက် အထောက်အကူဖြစ်စေမှာပါ…..

Unicode…….

























Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s