ဆောင်းရာသီအတွက် အသားအရည်ထိန်းသိမ်းမယ်…..

Untitled design (3)

Zawgyi…………………….

အခုဆိုရင် ရာသီဥတုကလည်း အေးသထက်အေးနေပါပြီ လူတိုင်းလူတိုင်း  အနွေးထည်လေးတွေဝတ်ပြီး Style ထုတ်နေတဲ့ အချိန်ပါ

ရန်ကုန်မှာအအေးဓာတ်က သိပ်မသိသာပေမယ့် တောင်ပေါ်ဒေသတွေမှာတော့ စိမ့်စိမ့်လေးအေးနေမှာ အသေအချာပါဘဲ……

ဆောင်းရာသီရောက်ပြီဆိုတာနဲ့ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ရမယ့်အပြင် နောက်ထပ်အရေးကြီးတာတစ်ခုက ကိုယ့်ရဲ့ မျက်နှာနဲ့ ကိုယ်ခန္ဓာ အသားအရေကို ထိန်းသိမ်းဖို့ပါပဲ……

ဒါကြောင့်မို့ လူတိုင်းအလွယ်တကူ လိုက်နာနိုင်မယ့် အသားအရေထိန်းသိမ်းမှု နည်းလမ်းလေးတွေကို ads.com.mm က ဖော်ပြပေးလိုက်ပါတယ်…..

၁. တတ်နိုင်သမျှ လုံလုံခြုံခြုံ ၀တ်ဆင်ပါ…..

အနွေးထည် အထူထူ ၀တ်စရာမလိုရင် မ၀တ်ချင်ရင်တောင် သင့်တော်မယ့် အပေါ်ထပ်လေးတွေ ၀တ်ပေးပါ။ ဆောင်းရာသီမှာ လေတိုက်တာများတဲ့အတွက် အသားအရည်ကို ခြောက်သွေ့ပျက်ဆီးစေပါတယ်။ နောက်ပြီး ဆံသားမပျက်စီးအောင်ဦးထုတ်ဆောင်းပေးပါ။ ရာသီဥတုအေးလွန်းလျှင်လည်း ဆံသားပျက်စီး တတ် ပါတယ်။ လည်ပင်းအသားအရေပျက်စီးမှုနဲ ဆောင်းရာသီမှာ အဖြစ်များတဲ့လည်ချောင်းနာခြင်း ဝေဒနာကနေ ကာကွယ်ဖို့အတွက် မာဖလာပတ်ပေးခြင်းကလည်း အထောက်အကူပြူစေပါတယ်။

၂. နွေးနွေးထွေးထွေးရှိပါစေ…..

ဆောင်းတွင်မှာဆို အိမ်အတွင်းနဲ့ အိမ်အပြင် အပူအအေးမညီတာကြောင့် အိမ်ထဲမှာနေလို့ပူတယ်ဆိုပြီး အနွေးထည်ချွတ်မထားပါနဲ့။အမြဲတမ်းနွေးနွေးထွေးထွေးရှိအောင်နေပါ။ အပူအအေးမညီတဲ့အခါ အရေပြား သွေးကြောလေးတွေပျက်စီးတတ်ပါတယ်။ ဒါကလည်း ဆောင်းတွင်မှာ အသားအရည်ပျက်စီးစေတဲ့ နောက် ထပ်အကြောင်းအရာတစ်ခုပါ။ ရေချိုးရင်တောင်ကြက်သီးနွေးရေလေးနဲ့ ရေချိုးပါ အိမ်တွင်းစီးဖိနပ်ကိုလည်း သတိထားပြီးစီးပေးပါ။ ခြေထောက်အဆစ်ရောင်ခြင်းကနေကာကွယ်ပေးပါလိမ့်မယ်။

၃. ဆံသားအတွက် သင့်တော်ရာရွေးချယ်ပါ…..

ဆောင်းရာသီမှာ ဆံသားတွေဟာ အားနည်းပြီး ခြောက်သွေ့ ကျိုးပြတ်လွယ်ပါတယ်။ ဒါကြောင့်မို့လို့ ခေါင်းလျှော်ရည်ကို  အမျိုးအစားမှန်ကန်စွာရွေးချယ်တတ်ဖို့လိုပါတယ်။ ကိုယ့်ဆံသားရဲ့ အခြေအနေကို လိုက်ပြီး သင့်တော်မယ့် ခေါင်းလျှော်ရည် အမျိုးအစားကိုရွေးချယ်ပါ။ အထူးသဖြင့် အဆိုဓာတ်ထိန်း ပေးနိုင်မယ့် ရှန်ပူမျိုးကိုရွေးပါ။

၎.အသာအရည်ထိန်းသိမ်းမှု အတွက်ဆိုရင်……..

ဆောင်းရာသီမှာ အသားအရည်ခြောက်သွေ့ရတဲ့ အဓိကအကြောင်းအရင်းက လေတိုက်တာ များတဲ့အတွက် ကိုယ့်အသားအရည်ရဲ့ အစိုဓာတ်ဟာ အလွယ်တကူ ရေငွေ့ပြန်ပြီး ခြောက်သွေ့ပျက်စီး တာဖြစ်ပါတယ်။ ဒါကြောင့်မို့ အစိုဓာတ်များများပါတဲ့ ခရင်မ်ကို မနက်တိုင်းပုံမှန်း လိမ်းပေးပါ။ အပြင်ထွက်တိုင်း လဲလိမ်းဖို့ သတိရပါ။ညအိပ်ယာဝင်ယာခါနီးအချိန်တွေမှာဆိုရင် မိတ်ကပ်နဲ့ မျက်နှာက အညစ်အကြေးတွေကို သေချာဖျက်၊ ခရင်မ်တစ်ခုခုလိမ်းပြီးမှ အိပ်ယာဝင်ပါ။ နှစ်ပတ်တစ်ကြိမ်လောက်ဖြစ်ဖြစ် မျက်နှာကို Scrub လုပ်ပေးပါ။ မျက်နှာအသားအရည်လိုပဲ ကိုယ်ခန္ဓာကိုလည်း အစိုဓာတ်များများပါတဲ့ လိုးရှင်းမှန်မှန်လိမ်းပေးပါ။ လိုးရှင်းပုံမှန်လိမ်းတာက ရာသီတိုင်းအတွက်ကောင်းမွန်တဲ့ အလေ့အထ တစ်ခုဖြစ်ပါတယ်။

၅. နှုတ်ခမ်းသား လေးတွေကိုလဲ ဂရုစိုက်ဖို့မမေ့ပါနဲ့

နှုတ်ခမ်းသားလေးတွေ ကွဲခြောက်တာဟာလဲ ဆောင်ရာသီရဲ့ အမှတ်အသားတစ်ခုလိုဖြစ်နေပါတယ်။ ဒါကြောင့်မို့ နှုတ်ခမ်းကို Lip Balm ဖြစ်စေ ၊ အဆီတစ်ခုခုလိမ်းပေးပါ။ နှုတ်ခမ်းသားလေးတွေကိုလဲ scrub လုပ်ပေးနိုင်ပါတယ်။ အမွေးနုလေးတွေပါတဲ့ မျက်နှာသုတ်ပုဝါ ဒါမှမဟုတ် ဗစ်ဆင်လင်း ထူထူလေးလိမ်းပြီး သကြားလေးနဲ့ သာသာလေးပွတ်ပေးတာမျိုးလေးတွေလုပ်ဆောင်နိုင်ပါတယ်။

၆. လက်လိမ်း ခရင်မ် သုံးပေးပါ

လက်မကွဲဘဲ လက်ကလေးတွေနူးညံ့နေအောင် ခရင်မ်း လိမ်းပေးပါ။ အပြင်မထွက်ခင် လက်ဆေးလျှင်လဲ ရေကိုသေချာစင်အောင်သုတ်ပြီးမှ အပြင်ထွက်ပါ။ လက်မှာကျန်နေတဲ့ ရေတွေက် လေနဲ့ အမြန်ခြောက်သွေ့ပြီး လက်ကို ပိုမိုကြမ်းတမ်းစေပါတယ်။

၇. ကျန်းမာရေးနဲ့အညီ စားသောက်ပါ

ကျန်းမာရေးနဲ့ ညီညွတ်အောင်နေထိုင်စားသောက်တာဟာ ဆောင်းရာသီမှာ သာမကရာသီတိုင်းအ တွက်သင့်တော်တဲ့ အလေ့အကျင့်ပါ။ ဗီတာမင် ကြွယ်ဝတဲ့ အသီးအနှံတွေကို များများစားပေးပါ။ ရေများများသောက်ပေးတာ ဟာ အသားအရည်ခြောက်သွေ့ခြင်းကနေကာကွယ်ပေးပြီး ကိုယ်တွင်း အပူကိုငြိမ်းစေပါတယ်။

အခုပြောပြတဲ့ အချက်တွေအတိုင်းလုပ်ကြည့်မယ်ဆိုရင် ငွေကုန်ကြေးကျ သက်သက်သာသာနဲ့ ဆောင်းရာသီ အအေးဒါဏ်ကြောင့် အသားအရည်ပျက်စီးမှုကို အကောင်းဆုံးကျော်လွှားနိုင်မှာပါ….

Unicode………………..



Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s