Selfie လှလှ ရိုက်ရအောင်

Untitled designZawgyi……..

အခုဆိုရင် လူတိုင်းရဲ့ လက်ထဲမှာ mobile ဖုန်းလေးတွေကိုယ်စီကိုယ်စီနဲ့ အလုပ်ရှုပ်နေ ကြပြီပေါ့နော်။ mobileဖုန်းကိုင်တဲ့ သူတိုင်း အမြဲလုပ်ြဖစ်နေတဲ့ ကိစ္စတစ်ခုကတော့ Selife ရိုက်တာပါ……..

Selfie ရိုက်လေ့ရိုက်ထမရှိဘူးဆိုရင်တောင်မှ အနည်းဆုံး တစ်ပုံလောက်တော့ ရိုက်ဖူးမှာပါပဲ…..

Selfie ရိုက်ပြီး Social Network မှာ upload လုပ်တာကတော့ဒီဘက်ခေတ်ရဲ့ အလေ့အထလေးတစ်ခုဖြစ်နေပါပြီ….

Selfieကို ကိုယ့်ဘာသာကိုပျင်းလို့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ hangout ထွက်လို့ selfie ရိုက်ချင်တာ ဘဲဖြစ်ဖြစ်၊ အမှတ်တရ အနေနဲ့ဘဲရိုက်ရိုက် စတိုင်ကျနမှ ဖြစ်မှာနော့်…..

ဒါကြောင့်မို့ Selfie ကောင်းကောင်းတစ်ပုံရဖို့ သိထားရမယ့် အချက်လေးတွေကို ads.com.mm ကနေပြောပြပေးသွားမှာပါ…..

၁။ ရူ့ထောင့်ပြောင်းမယ်

လူတော်တော်များများက Selfie ရိုက်ရင် တည့်တည့်ကြီးရိုက်တာတွေ ရူ့ထောင့်တစ်မျိုးထဲစွဲရိုက် တာတွေ မလုပ်ဘဲ ထောင့်ပေါင်း စုံကနေ ပုံစံပေါင်းစုံ ပြောင်းပြီးရိုက်ပေးပါ။ ကိုယ်ယူထားတဲ့Angel နဲ့လိုက်ပြီး မေးလေးနည်းနည်း မော့ပေးတာ၊ မျက်လုံးလေးနည်းနည်းစောင်းကြည့်တာလေးတွေ လုပ်ဖို့လဲ မမေ့နဲ့နော်……

၂။ အသစ်အဆန်းလေးတွေ မျှဝေမယ်

အသစ်အဆန်းဆိုလို့ အထွေအထူးမဟုတ်ပါဘူး။ ဆံပင်ကေ အသစ်ပြောင်းလာရင် ပဲဖြစ်ဖြစ် ၊ နားကတ်အသစ်၊ ကလစ်အသစ်လေးဝယ်လာရင်ဘဲဖြစ်ဖြစ် Selfie နဲ့မှတ်တမ်းတင် ထားလိုက်ပါ။ အသစ်အဆန်းလေးတွေက လူတွေ ရဲ့အာရုံကို ပိုဆွဲဆောင်တယ်နော့်……..

၃။ မပါမဖြစ်ဆောင်ထားရမယ့်အရာ

တခြားတော့မဟုတ်ပါဘူး “အပြုံး” လေးတစ်ခုပါဘဲ ။ စိတ်ပါလက်ပါပြုံးနေတဲ့ Selfie လေးဆို ဘယ်အချိန်ကြည့် ကြည့်စိတ်ကျေနပ်စေမှာပါ…….

၎။ တစ်မျိုးထဲကို အသားပေးပါ

မိန်းကလေးတွေအနေနဲ့ selfie ရိုက်တော့မယ်ဆိုရင် နှုတ်ခမ်းနီရဲရဲလေးကိုပဲဖြစ်ဖြစ် ၊ Smokey Eyes လေး ကိုဘဲဖြစ်ဖြစ် အသားပေးရိုက်ပေးရင် ဆွဲဆောင်မှုပိုရှိစေမှာပါ…….

၅။ မပြုံးချင်ဘူးဆိုရင်

ကိုယ့်အပြုံးကို မကြိုက်ဘူးဆိုရင် ပြင်လို့ရပါတယ်။ မျက်မှောင်ကြုတ်တာ ထီမထင်          အကြည့်လေးတွေကြည့်တာ ကလဲ ဆွဲဆောင်မှုတစ်မျိုးရှိစေပါတယ်……

၆။ တစ်ကိုယ်လုံးအပြည့်ပုံလေးတွေလည်း ရိုက်လို့ရပါတယ်

ဝတ်စုံအသစ်လေးတွေ ၀တ်ထားတာ ဒါမှမဟုတ် ၀ိတ်ချထား တဲ့ ကိုယ့်ခန္ဓာကိုယ်လှလှ   လေးကို ကြွားချင်တယ်ဆိုရင် ကိုယ်လုံးအပြည့်ပုံလေးတွေကို မှန်ရှေ့မှာရိုက်တာ တနည်းပြော  မယ်ဆိုရင် Mirror Selfie ကပိုသင့်တော်ပါတယ်။ နောက် ကိုယ်က အရမ်းဝနေတယ်လို့ရင် ကိုယ်လေးကိုနည်းနည်းစောင်းရိုက်လိုက်ပါ။ဒါဆို သူငယ်ချင်းတွေက “ဟယ် ပိန်သွားတယ်နော်” ဆိုပြီးတော့တောင်ဝိုင်းပြီးချီးမွမ်းကြမလားပဲ……

၇။ သဘာဝအလှကို တန်ဘိုးထားပါ

ဒါကတော့ မိန်းကလေးတွေကိုအထူးမှာချင်တာပါ။ မိတ်ကပ်ထူထူလိမ်းထားတဲ့ မျက်နှာနဲ့ ယှဉ်ရင် သဘာဝကျကျမျက်နှာလေးက ပိုပြီးဆွဲဆောင်မှုရှိတာကို သတိပြုစေချင်ပါတယ်။ နောက်ပြီး Filter တွေကိုလည်း သိပ်မသုံးပါနဲ့။ Filter တွေကော မိတ်ကပ်တွေပါ ရှုတ်ရှက်ခတ်နေပြီး ရုပ်ပြောင်းသွားမယ်ဆိုရင် ကိုယ့်နဂိုမျက်နှာကို သိနေတဲ့ ကိုယ့်သူငယ်ချင်းတွေက ဝေဖန်ကြပါလိမ့် မယ်…..

၈။ ခေတ်စားတာလေးတွေကိုသတိပြုပါ

ကိုယ့်ရဲ့ Social Network မှာဘယ်လို Pose လေးတွေက ခေတ်စားနေသလဲ ဆိုတာလေ့လာပါ။ တခါတလေတော့ Old Fashioned Pose လေးတွေကို ပြန်သုံးတာကလဲ စိတ်ဝင်စားမှုရစေပါတယ်။

၉။ နောက်ခံကောင်းကောင်းလေးရှာပါ

Selfie ပဲဖြစ်ဖြစ် ၊ ဓာတ်ပုံရိုက်ရင်ပဲဖြစ်ဖြစ် နောက်ခံ (Background ) ကလည်း အရေး ကြီးပါတယ်။ အရမ်းရှုတ်ပွနေတဲ့နေရာ၊ အလင်းရောင်ကောင်းကောင်း မရတဲ့နေရာတွေကို   ရှောင်သင့်ပါတယ်။ သဘာဝအလင်း ရောင်ကတော့ ဓာတ်ပုံပညာရပ်အတွက် အကောင်းဆုံးပါ။ သတိထားရမှာက ဘယ်တော့မှ အလင်း( Lighting Source) ကိုကျောပေးမရိုက်ပါနဲ့။ မလို အပ်ဘဲ Flash မသုံးပါနဲ့။ မလိုအပ်ဘဲ Flash သုံးလိုက်ရင် နှဖူး၊ပါး၊နှာခေါင်း စတဲ့နေရာတွေမှာ အလင်းကျရောက်မှု များသွားနိုင်တဲ့ အပြင် redeye effect လည်းဖြစ်စေပါတယ်။

၁၀။ ဖုန်းကင်မရာရွေးချယ်ပါ……

များသောအားဖြင့် Selfie ဆိုရင် Front Camera နဲ့ပဲရိုက်ကြတာများတယ်နော်။ တကယ်တမ်းကျတော့ Back Camera က resolution ပိုကောင်းတာပါ။ ဒါကြောင့် Back Camera ကိုပိုသုံးပေးပါ။ Back Camera ကိုသုံရင် ကိုယ့်ပုံကိုယ်မမြင်ရတော့တာကြောင့် ကိုယ့် သူငယ်ချင်တွေက အနောက်ကနေ၀င်ရှုတ်မှာကိုတော့ ကိုယ့်ဘာသာကိုယ် ကြည့်ရှာင်နော့်

ကဲကဲ………ဒီလောက်ဆိုရင်တော့ မနက်ဖြန်ရုံးပိတ်ရက်မှာ Selfie လှလှလေးတွေရိုက်ပြီး ပျော်ရွင်စရာရုံး ပိတ်ရက်လေး ကိုဖန်တီးလိုက် ကြရအောင်!

Selfie ကောင်းကောင်းလေးတွေရိုက်ဖို့နဲ့ ယနေ့ခေတ်ရဲ့ မရှိမဖြစ်တွေထဲကတစ်ခုဖြစ်တဲ့ စမတ်ဖုန်းနဲ့ မိုဘိုင်းလ် ဖုန်းအမျိုးပေါင်း (၂၀၀၀) ကျော်ကို ads.com.mm ရဲ့ https://www.ads.com.mm/mobile-phones-tablets မှာရွေးချယ်နိုင်ပါတယ်။

Unicode………..




























 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s